• Follow Us on

Home MAI မှ ရန်ကုန်၊ မန္တလေးမြို့များနှင့် နိုဗိုစီဘရစ်ခ်မြို့တို့အကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ကို တစ်ပတ်လျှင် နှစ်ကြိမ် ပျံသန်းမည်

MAI မှ ရန်ကုန်၊ မန္တလေးမြို့များနှင့် နိုဗိုစီဘရစ်ခ်မြို့တို့အကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ကို တစ်ပတ်လျှင် နှစ်ကြိမ် ပျံသန်းမည်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၇

 

အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) မှ ရန်ကုန်၊ မန္တလေးမြို့များနှင့် နိုဗိုစီဘရစ်ခ်မြို့တို့အကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ကို တစ်ပတ်လျှင် နှစ်ကြိမ် (အင်္ဂါနေ့နှင့် စနေနေ့) ပုံမှန်ပျံသန်းသွားမည် ဖြစ် ကြောင်း သိရသည်။

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးသည် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဘရစ်ခ်မြို့၊ Tolmachevo အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကျင်းပသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ပြေးဆွဲမည့် ရန်ကုန်-မန္တလေး-နိုဗိုစီဘရစ်ခ် ခရီးစဉ် စတင်ပျံသန်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

 

ရှေးဦးစွာ MAI ၏ ရန်ကုန်-မန္တလေး-နိုဗိုစီဘရစ်ခ် ခရီးစဉ် ပထမဆုံးအကြိမ် စတင်ပြေးဆွဲမှုတွင် လိုက်ပါလာ သည့် မြန်မာနိုင်ငံဘက်မှ အစိုးရ တာဝန်ရှိသူများနှင့် ခရီးသည်များအား ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီးနောက် အထိမ်းအမှတ်အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။

 

#PeopleMedia


Share this post