• Follow Us on

Home Mask ေစ်းနႈန္းမ်ားျမင့္တက္မႈသည္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔ လူမႈေရးဝန္ႀကီး ဦးႏုိင္ငံလင္း၌ တာ၀န္ရွိ ေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဒုဥကၠ႒ ဦးေက်ာ္ေဇယ်ဆုိ

Mask ေစ်းနႈန္းမ်ားျမင့္တက္မႈသည္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔ လူမႈေရးဝန္ႀကီး ဦးႏုိင္ငံလင္း၌ တာ၀န္ရွိ ေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဒုဥကၠ႒ ဦးေက်ာ္ေဇယ်ဆုိ

Share this post

Mask ေစ်းႏႈန္းမ်ားျမင့္တက္မႈသည္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္း၌ တာ၀န္ရွိ ေၾကာင္း ျပည္သူ့ေရွ႕ေဆာင္ပါတီ ဒုဥကၠ႒ ဦးေက်ာ္ေဇယ်ဆို
……………………………………………………
 
ရန္ကုန္၊ ျသဂုတ္ – ၂၂
 
ရခိုင္ျပည္နယ္စစ္ေတြၿမိဳ႕၌ COVID-19 ကူးစက္ အတည္ျပဳလူနာမ်ား ထြက္ေပၚလာၿပီးေနာက္ ရန္ကုန္ၿမိဳ႕ရွိ အမ်ားျပည္သူမ်ားသည္ Mask ဝယ္ယူရာ၌ ေစ်းႏႈန္းျမင့္တက္မႈမ်ားႏွင့္ ႀကဳံေတြ႕ရလ်က္ရွိသည္။
 
ထိုကဲ့သို႔ Mask မ်ားကို ေစ်းႏႈန္းမ်ား အဆမတန္ ေစ်းတင္ေရာင္းခ်မႈေၾကာင့္ အမ်ားျပည္သူမ်ားသည္ ဝယ္ယူ အသုံးျပဳႏိုင္ေရး အခက္အခဲမ်ား ျဖစ္ေပၚလ်က္ရွိသည္။
 
ထိုသို႔ ေစ်းႏႈန္းမ်ား အဆမတန္ ေရာင္းခ်ေနမႈမ်ားအေပၚ ရန္ကုန္တိုင္းအစိုးရမွ တင္းတင္းၾကပ္ၾကပ္ေဆာင္ရြ က္သင့္ေၾကာင္း အမ်ားျပည္သူႏွင့္ ႏိုင္ငံေရးပါတီေခါင္းေဆာင္မ်ားက ေထာက္ျပေျပာဆိုလ်က္ရွိသည္။
 
ထိုကဲ့သို႔ COVID-19 ကာကြယ္ေရးအေထာက္အကူျပဳျဖစ္သည့္ Mask မ်ား ေစ်းႏႈန္းမ်ား ျမင့္တက္ေနျခင္းကို ရန္ကုန္တိုင္းအစိုးရမွ တိတိက်က် ထိန္းခ်ဳပ္သင့္ေၾကာင္း ျပည္သူ့ေရွ႕ေဆာင္ပါတီဒု-ဥကၠ႒ ဦးေက်ာ္ေဇယ်က ေျပာသည္။
 
“MASK ေစ်းႏႈန္းတက္တာထိန္းခ်ဳပ္ဖို႔မွာ ၀န္ႀကီးဌာနတင္မဟုတ္ဘူး။ ရန္ကုန္တိုင္းအစိုးရနဲ႔ ဆိုင္တာေပါ႔ဗ်ာ။ ကြၽန္ေတာ္တို႔ ရန္ကုန္တိုင္း COVID- 19 ကာကြယ္ကုသထိန္းခ်ဳပ္ေရးရဲ႕ ေကာ္မတီဥကၠ႒က လူမႈေရး၀န္ႀကီး ဦးႏိုင္ငံလင္းေလဗ်ာ။ ဒါေတြနဲ႔ပတ္သက္လို႔ သူတို႔မွာ တာ၀န္ရွိတာေပါ႔။ သူတို႔မွာ အာဏာအမ်ားႀကီးရွိတာပဲ။ ထိန္းခ်ဳပ္လို႔ရတာေပါ႔။ ကိုဗစ္က လခ်ီၾကာလာေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံႀကီးေတာင္ mask ခ်ဳပ္ၿပိဳင္ပြဲႀကီး လုပ္ေသးတာပဲ။ ဒါကိုေဖာေဖာသီသီျဖစ္ေအာင္ အစီအစဉ္ဆြဲရမယ္ေလ။ အခုဆို ဒီပစၥည္းကရွားပါးပစၥည္း ျဖစ္သြားၿပီ။ ကြၽန္ေတာ့္မိသားစုအတြက္လိုလို႔သြား၀ယ္တာေတာင္ ယခင္ေစ်းႏႈန္းမဟုတ္ေတာ့ဘဲ ရွားပါးပစၥည္း ျဖစ္သြားၿပီ’’ဟု ၎ကေျပာသည္။
 
Mask တစ္ခုလွ်င္ ယခင္က က်ပ္ ၅၀ ႏႈန္း လက္လီေရာင္းခ်ရာမွ ယခုျသဂုတ္လေနာက္ဆုံးပတ္အတြင္း တစ္ခုလွ်င္ (၃၀၀)က်ပ္ႏွင့္အထက္ ျပန္လည္ေရာင္းခ်မႈတို႔ ရွိလာခဲ့သည္။
 
၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၁၂ ရက္တြင္ တ႐ုတ္ႏိုင္ငံဝူဟန္ၿမိဳ႕မွ စတင္ကူးစက္ျပန္႔ပြားသည့္ ကို႐ိုနာဗိုင္းရပ္စ္ပိုး သည့္ႏိုင္ငံေပါင္းတစ္ရာေက်ာ္ကူးစက္ျပန္႔ပြားခဲ့သည္။
 
လက္ရွိ ျမန္မာႏိုင္ငံတြင္ covid 19 ဓါတ္ခြဲအတည္ျပဳလူနာ ျသဂုတ္လ ၂၂ ရက္မနက္ပိုင္းအထိ ၄၃၅ ဦး၊ ေရာဂါပိုးျပန္လည္ကင္းစင္လာသူ၃၃၇ဦး၊ေသဆုံးသူ၆ ဦးရွိၿပီျဖစ္သည္။
 
#PeopleMedia #COVID #ရန္ကုန္တိုင္းအစိုးရအဖြဲ႕
 
(unicode)
Mask ဈေးနှုန်းများမြင့်တက်မှုသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၌ တာဝန်ရှိ ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဋ္ဌ ဦးကျော်ဇေယျဆို
……………………………………………………
 
ရန်ကုန်၊ သြဂုတ် – ၂၂
 
ရခိုင်ပြည်နယ်စစ်တွေမြို့၌ COVID-19 ကူးစက် အတည်ပြုလူနာများ ထွက်ပေါ်လာပြီးနောက် ရန်ကုန်မြို့ရှိ အများပြည်သူများသည် Mask ဝယ်ယူရာ၌ ဈေးနှုန်းမြင့်တက်မှုများနှင့် ကြုံတွေ့ရလျက်ရှိသည်။
 
ထိုကဲ့သို့ Mask များကို ဈေးနှုန်းများ အဆမတန် ဈေးတင်ရောင်းချမှုကြောင့် အများပြည်သူများသည် ဝယ်ယူ အသုံးပြုနိုင်ရေး အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။
 
ထိုသို့ ဈေးနှုန်းများ အဆမတန် ရောင်းချနေမှုများအပေါ် ရန်ကုန်တိုင်းအစိုးရမှ တင်းတင်းကြပ်ကြပ်ဆောင်ရွ က်သင့်ကြောင်း အများပြည်သူနှင့် နိုင်ငံရေးပါတီခေါင်းဆောင်များက ထောက်ပြပြောဆိုလျက်ရှိသည်။
 
ထိုကဲ့သို့ COVID-19 ကာကွယ်ရေးအထောက်အကူပြုဖြစ်သည့် Mask များ ဈေးနှုန်းများ မြင့်တက်နေခြင်းကို ရန်ကုန်တိုင်းအစိုးရမှ တိတိကျကျ ထိန်းချုပ်သင့်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီဒု-ဥက္ကဋ္ဌ ဦးကျော်ဇေယျက ပြောသည်။
 
“MASK ဈေးနှုန်းတက်တာထိန်းချုပ်ဖို့မှာ ဝန်ကြီးဌာနတင်မဟုတ်ဘူး။ ရန်ကုန်တိုင်းအစိုးရနဲ့ ဆိုင်တာပေါ့ဗျာ။ ကျွန်တော်တို့ ရန်ကုန်တိုင်း COVID- 19 ကာကွယ်ကုသထိန်းချုပ်ရေးရဲ့ ကော်မတီဥက္ကဋ္ဌက လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းလေဗျာ။ ဒါတွေနဲ့ပတ်သက်လို့ သူတို့မှာ တာဝန်ရှိတာပေါ့။ သူတို့မှာ အာဏာအများကြီးရှိတာပဲ။ ထိန်းချုပ်လို့ရတာပေါ့။ ကိုဗစ်က လချီကြာလာတော့ နိုင်ငံတော်အတိုင်ပင်ခံကြီးတောင် mask ချုပ်ပြိုင်ပွဲကြီး လုပ်သေးတာပဲ။ ဒါကိုဖောဖောသီသီဖြစ်အောင် အစီအစဉ်ဆွဲရမယ်လေ။ အခုဆို ဒီပစ္စည်းကရှားပါးပစ္စည်း ဖြစ်သွားပြီ။ ကျွန်တော့်မိသားစုအတွက်လိုလို့သွားဝယ်တာတောင် ယခင်ဈေးနှုန်းမဟုတ်တော့ဘဲ ရှားပါးပစ္စည်း ဖြစ်သွားပြီ’’ဟု ၎င်းကပြောသည်။
 
Mask တစ်ခုလျှင် ယခင်က ကျပ် ၅၀ နှုန်း လက်လီရောင်းချရာမှ ယခုသြဂုတ်လနောက်ဆုံးပတ်အတွင်း တစ်ခုလျှင် (၃၀၀)ကျပ်နှင့်အထက် ပြန်လည်ရောင်းချမှုတို့ ရှိလာခဲ့သည်။
 
၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် တရုတ်နိုင်ငံဝူဟန်မြို့မှ စတင်ကူးစက်ပြန့်ပွားသည့် ကိုရိုနာဗိုင်းရပ်စ်ပိုး သည့်နိုင်ငံပေါင်းတစ်ရာကျော်ကူးစက်ပြန့်ပွားခဲ့သည်။
 
လက်ရှိ မြန်မာနိုင်ငံတွင် covid 19 ဓါတ်ခွဲအတည်ပြုလူနာ သြဂုတ်လ ၂၂ ရက်မနက်ပိုင်းအထိ ၄၃၅ ဦး၊ ရောဂါပိုးပြန်လည်ကင်းစင်လာသူ၃၃၇ဦး၊သေဆုံးသူ၆ ဦးရှိပြီဖြစ်သည်။
 
#PeopleMedia #COVID #ရန်ကုန်တိုင်းအစိုးရအဖွဲ့

Share this post