• Follow Us on
Latest News

Home Mask နှင့် Face Shield စနစ်တကျတပ်ဆင်ထားခြင်းမရှိသော ဈေးရောင်းသူများထံမှပစ္စည်းများနှင့် အစား အသောက်များ ၀ယ်ယူခြင်းမပြုရန် ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်း

Mask နှင့် Face Shield စနစ်တကျတပ်ဆင်ထားခြင်းမရှိသော ဈေးရောင်းသူများထံမှပစ္စည်းများနှင့် အစား အသောက်များ ၀ယ်ယူခြင်းမပြုရန် ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်း

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

Mask နှင့် Face Shield စနစ်တကျတပ်ဆင်ထားခြင်းမရှိသော ဈေးရောင်းသူများထံမှပစ္စည်းများနှင့် အစား အသောက်များ ၀ယ်ယူခြင်းမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တိုက်တွန်းချက်တစ်စောင်ကို ယနေ့မွန်းလွဲပိုင်းအချိန်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါနှိုးဆော်စာတွင် ဈေးရောင်းသူအချို့သည် ပါးစပ်နှင့်နှာခေါင်းစည်း၊ မျက်နှာအကာတပ်ဆင်ခြင်း မရှိခြင်း၊ Mask ကိုစနစ်တကျ တပ်ဆင်ခြင်းမရှိဘဲ မေးသိုင်းထားခြင်းနှင့် မျက်နှာအကာ (Face Shield)ကို အပေါ်သို့ လှန်ထားခြင်းများအား တွေ့ရှိနေကြောင်းများကို ပုံနှင့်တကွဖော်ပြထားသည်။

ယင်းကဲ့သို့တပ်ဆင်ထားခြင်းမရှိသော ဈေးရောင်းသူများတွင် COVID-19 ရောဂါပိုးရှိနေပါက ဈေးဝယ် သူအများအပြားသို့ ရောဂါပိုးကူးစက်ပျံ့နှံ့စေမည်ဟုလည်း ရေးသားထားသည်။

ထို့အပြင် ဈေးဝယ်သူများအနေဖြင့်လည်း ရောဂါပိုးကူးစက်ခံရခြင်းမရှိစေရန် Mask စနစ်တကျတပ် ဆင်ရန်နှင့် Mask နှင့် Face Shield စနစ်တကျတပ်ဆင်ထားခြင်းမရှိသော ဈေးရောင်းသူများထံမှ ပစ္စည်းများနှင့် အစား အသောက်များ ၀ယ်ယူခြင်းမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိ ပေးတိုက်တွန်းထားသည်။



#PeopleMedia

(unicode)
Mask နှင့် Face Shield စနစ်တကျတပ်ဆင်ထားခြင်းမရှိသော စျေးရောင်းသူများထံမှပစ္စည်းများနှင့် အစား အသောက်များ ဝယ်ယူခြင်းမပြုရန် ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်း
………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

Mask နှင့် Face Shield စနစ်တကျတပ်ဆင်ထားခြင်းမရှိသော စျေးရောင်းသူများထံမှပစ္စည်းများနှင့် အစား အသောက်များ ဝယ်ယူခြင်းမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တိုက်တွန်းချက်တစ်စောင်ကို ယနေ့မွန်းလွဲပိုင်းအချိန်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါနှိုးဆော်စာတွင် စျေးရောင်းသူအချို့သည် ပါးစပ်နှင့်နှာခေါင်းစည်း၊ မျက်နှာအကာတပ်ဆင်ခြင်း မရှိခြင်း၊ Mask ကိုစနစ်တကျ တပ်ဆင်ခြင်းမရှိဘဲ မေးသိုင်းထားခြင်းနှင့် မျက်နှာအကာ (Face Shield)ကို အပေါ်သို့ လှန်ထားခြင်းများအား တွေ့ရှိနေကြောင်းများကို ပုံနှင့်တကွဖော်ပြထားသည်။

ယင်းကဲ့သို့တပ်ဆင်ထားခြင်းမရှိသော စျေးရောင်းသူများတွင် COVID-19 ရောဂါပိုးရှိနေပါက စျေးဝယ် သူအများအပြားသို့ ရောဂါပိုးကူးစက်ပျံ့နှံ့စေမည်ဟုလည်း ရေးသားထားသည်။

ထို့အပြင် စျေးဝယ်သူများအနေဖြင့်လည်း ရောဂါပိုးကူးစက်ခံရခြင်းမရှိစေရန် Mask စနစ်တကျတပ် ဆင်ရန်နှင့် Mask နှင့် Face Shield စနစ်တကျတပ်ဆင်ထားခြင်းမရှိသော စျေးရောင်းသူများထံမှ ပစ္စည်းများနှင့် အစား အသောက်များ ဝယ်ယူခြင်းမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိ ပေးတိုက်တွန်းထားသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID -19 ရောဂါပိုးတွေ့ရှိသူ ၁၀၄၄၈၇ ဦးရှိပြီး ထိုအထဲတွင် ပြန်လည်ကောင်းမွန်လာသူ ၈၂၈၁၃ ဦးနှင့် သေဆုံးသူ ၂၂၀၁ ဦးရှိပြီဖြစ်သည်။

Photo – ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

#PeopleMedia


Share this post