• Follow Us on

Home MEC ပိုင် တန်(၄၀၀၀) ဘိလပ်မြေစက်ရုံမှ ဝန်ထမ်းတစ်ဦး COVID-19 ရောဂါ ကူးစက်ခံရပြီး ဝန်ထမ်းလိုင်း ခန်း၌ ကွယ်လွန်

MEC ပိုင် တန်(၄၀၀၀) ဘိလပ်မြေစက်ရုံမှ ဝန်ထမ်းတစ်ဦး COVID-19 ရောဂါ ကူးစက်ခံရပြီး ဝန်ထမ်းလိုင်း ခန်း၌ ကွယ်လွန်

Share this post

ဘားအံ၊ သြဂုတ် ၁၆ (People Media)

 

ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြိုင်ကလေးကျေးရွာရှိ MEC ပိုင် တန်(၄၀၀၀) ဘိလပ်မြေစက်ရုံမှ ဝန်ထမ်းတစ်ဦး သည် COVID-19 ရောဂါ ကူးစက်ခံရပြီး ဝန်ထမ်းလိုင်းခန်း၌ ကွယ်လွန်သွားတယ်လို့ မြို့ခံလူမှုကူညီရေး အသင်းတစ်ခုက People Media သို့ ပြောပါတယ်။

 

“မနေ့က MEC ဘိလပ်မြေစက်ရုံ ဆယ်တင်ပစ္စည်းထုတ်လုပ်ရေးက ဝန်ထမ်းဖြစ်တဲ့ ဦးကြည်ဌေး(အသက် ၆၂ နှစ်) သည် လိုင်းခန်းမှာ အသက်ရှုကြပ်နေတယ်လို့ အကြောင်းကြားလာတော့ သွားရောက်ခဲ့ပါတယ်။ သူ့ရဲ့ လိုင်းခန်းကိုရောက်တော့ သူက ကွယ်လွန်သွားပါပြီ။ ဒါကြောင့် အလောင်းကို COVID-19 စစ်ဆေးတဲ့အခါ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်” လို့ မြို့ခံလူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

သေဆုံးသူ ဦးကြည်ဌေးသည် ဝန်ထမ်းလိုင်းခန်း၌ တစ်ဦးထဲနေထိုင်သူတစ်ဦးဖြစ်ပြီး ၎င်း၏အလောင်းကို လှကာသုဿန်မှာ သဂြိုဟ်ပေးခဲ့ကြောင်း သိရပါတယ်။

 

#PeopleMedia #မြိုင်ကလေးကျေးရွာ #MEC #ဘိလပ်မြေစက်ရုံ

 

(unicode)


……………………………………………………………..

 


 


 


 


 



Share this post