• Follow Us on
Latest News

Home Micro-TAVOR (X95) ချေမှုန်းရေးရိုင်ဖယ်များ အစ္စရေးတပ်မတော် ထပ်မံဝယ်ယူသွားမည်

Micro-TAVOR (X95) ချေမှုန်းရေးရိုင်ဖယ်များ အစ္စရေးတပ်မတော် ထပ်မံဝယ်ယူသွားမည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၉ (People Media)

 

အစ္စရေးတပ်မတော်က Micro-TAVOR (X95) ချေမှုန်းရေးရိုင်ဖယ်များထပ်မံဝယ်ယူသွားမည်ဖြစ်ပြီး ယင်းလက် နက်ငယ်များကို ခြေလျင်တပ်ရင်းများတွင်တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း အစ္စရေးလက်နက်ထုတ်လုပ် ရေးလုပ်ငန်း IWI (Israel Weapon Industries) က ကြေညာလိုက်သည်။

 

ခေတ်သစ်စစ်ပွဲများတွင် တပ်ဖွဲ့ဝင်များ၏စစ်ဆင်ရေးတာဝန်များနှင့် လိုက်ဖက်အောင်ပြုပြင်ခြင်းကဲ့သို့ အရေးကြီး သော ကန့်သတ်ချက်ဘောင်များကိုထည့်သွင်းစဉ်းစားရင်း အစ္စရေးတပ်မတော်၏ တစ်နှစ်တာအစီအစဉ်များထဲ မှ အစိတ်အပိုင်းတစ်ရပ်အဖြစ် ယင်းချေမှုန်းရေးရိုင်ဖယ်များဝယ်ယူမှုကို ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။

 

တပ်မတော်သားများ၊ လုံခြံရေးတပ်ဖွဲ့ဝင်များနှင့် အထူးတပ်ဖွဲ့ဝင်များအတွက် ဒီဇိုင်းရေးဆွဲထားသည့် Micro-TAVOR (X95) ချေမှုန်းရေးရိုင်ဖယ်ကို အစ္စရေးတပ်မတော်မှလက်ရွေးစင်ပညာရှင်များနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်ပြီး ထုတ်လုပ်ထားခြင်းဖြစ်သလို အစ္စရေးတပ်မတော်၏လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်အောင် စီမံပေးထားခြင်းသည်။ ခေတ်မီနည်းပညာများထည့်သွင်းပေါင်းစပ်ထားသဖြင့် မိနစ်ပိုင်းအတွင်း သေနတ်ပြောင်း အပြောင်းအလဲလုပ်နိုင်သည့်အတွက် အထူးတပ်ဖွဲ့ဝင်များအနေဖြင့် အနာဂတ်ကာလကျယ်ပြန့်သည့် စစ်မြေပြင် အခင်းအကျင်းအမျိုးမျိုးအတွက် ချေမှုန်းရေးရိုင်ဖယ်တစ်မျိုးတည်းကို အသုံးပြုသွားနိုင်ကြောင်းသိရသည်။ (ဤ ချေမှုန်းရေးရိုင်ဖယ်မှာ ပြောင်းသုံးမျိုးနှင့် ကျည်သုံးမျိုးအသုံးပြု၍ရကြောင်းသိရသည်။)

 

ထိရောက်မှုအကွာအဝေး မီတာ ၅၀၀ ကျော်နှင့်အတူ မြို့တွင်းတိုက်ပွဲများနှင့် ခေတ်သစ်အကြမ်းဖက်ခြိမ်း ခြောက်မှုများကို ရင်ဆိုင်ရာတွင်အသုံးပြုရန် Micro-TAVOR (X95) ချေမှုန်းရေးရိုင်ဖယ်ကို ဖန်တီးထုတ်လုပ် ထားခြင်းဖြစ်သည်။ ရာသီဥတုအဆိုးရွားဆုံးအခြေအနေမှာပင် အားထားလောက်သည့်လက်နက်ငယ်ဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစံနှုန်းများအပါအဝင် နေတိုးအဖွဲ့၏ လက်နက်ငယ်စံနှုန်းများနှင့် အညီထုတ်လုပ် ထားခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ ပွဲတွေ့ထောက်ခံချက်များရ ရှိထားပြီးဖြစ်သဖြင့် စံချိန်မီသော အစ္စရေးလက်နက်ငယ်ဖြစ်ကြောင်းသိရသည်။

 

“TAVOR အုပ်စုဝင်လက်နက်ငယ်တွေကို အစ္စရေးတပ်ဖွဲ့ဝင်တွေသုံးနေတာ ၁၅ နှစ်ရှိပါပြီ။ အခု Micro-TAVOR (X95) ချေမှုန်းရေးရိုင်ဖယ်တွေ ထပ်မံဝယ်ယူမယ်လို့ အစ္စရေးတပ်မတော်ကကြေညာလိုက်တာဟာ စစ်မြေပြင် မှာ TAVOR အုပ်စုဝင်လက်နက်ငယ်တွေရဲ့ အဆင့်မြင့်မြင့်စွမ်းဆောင်နိုင်မှုနဲ့ အားကိုးအားထားပြုလောက်တဲ့ စွမ်းရည်တွေဘယ်လောက်ရှိတယ်ဆိုတာ နောက်ထပ်သက်သေပြလိုက်တာပါပဲ။” ဟု VP အဖွ့ဲ၏ ဈေးကွက်နှင့် အရောင်းအမှုဆောင်အရာရှိ ရိုနန်ဟာမူဒေါ့ကပြောသည်။

 

Micro-TAVOR (X95) ချေမှုန်းရေးရိုင်ဖယ်သည် အသုံးပြုသူစိတ်ကြိုက်အခြေခံထုတ်လုပ်ထားခြင်းဖြစ်သည်။ အစ္စရေးလက်နက်ထုတ်လုပ်ရေးလုပ်ငန်း၏ အခြားသောလက်နက်များကဲ့သို့ Micro-TAVOR (X95) ချေမှုန်း ရေးရိုင်ဖယ်ကိုလည်း စစ်မြေပြင်အတွေ့အကြုံများကိုအခြေခံပြီး ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်သည်။  အစ္စ ရေးလက်နက်ထုတ်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာများမှာလည်း အစ္စရေးတပ်မတော် (IDF) တွင် အရန်အဖြစ် တာဝန်ထမ်းဆောင်နေရဆဲဖြစ်ကြောင်း သိရသည်။

 

Ref: Israel Weapon Industries to announce additional procurement of Micro-TAVOR assault rifle by Israel Defense Forces

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 

Ref: Israel Weapon Industries to announce additional procurement of Micro-TAVOR assault rifle by Israel Defense Forces

 

#PeopleMedia


Share this post