• Follow Us on

Home MiG-31 ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်ကို ရုရှားနိုင်ငံက အဆင့်မြှင့်တင်သွားမည်

MiG-31 ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်ကို ရုရှားနိုင်ငံက အဆင့်မြှင့်တင်သွားမည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၃၀ (People Media)

 

ရုရှားနိုင်ငံသည် ၎င်းတို့ထုတ်လုပ်ထားသည့် MiG-31 အမြင့်ပျံ ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်ကို တိုက်စွမ်း ရည်ပိုမိုမြင့်တက်လာစေရန်အတွက် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် TASS သတင်းဌာနက ကြေညာသွားသည်။

 

MiG-31 ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်ကို fly-by-wire semi-automatic နှင့် computer-generated control system တို့ တပ်ဆင်သွားမည်ဖြစ်သည်။ လေယာဉ်တွင်ပါရှိသော radio-electronic equipment ကိုလည်း ပိုမိုခေတ်မီသောနည်းပညာများဖြင့် အစားထိုးသွားမည်ဖြစ်သည်။

 

၎င်းအပြင် onboard equipment သို့မဟုတ် circuit board equipment ကိုလည်း ဝါယာရင်း၊ ရော်ဘာပစ္စည်း များ၊ လေယာဉ်ဦးခန်းအမိုးအပါအဝင် အဆင့်မြှင့်တင်ထားသောပစ္စည်းများနှင့် အစားထိုးတပ်ဆင်သွားမည်ဖြစ် သည်။ အခြားဖြစ်လာနိုင်သောအမှားအယွင်းများထပ်မံမဖြစ်ပွားစေရန်အတွက်လည်း လေယာဉ်ကို စစ်ဆေး သွားမည်ဖြစ်ကြောင်းသိရသည်။

 

အဓိကပြင်ဆင်မှုများနှင့် အဆင့်မြှင့်တင်မှုများ ပြီးဆုံးသွားသည့်အချိန်တွင် အဆင့်မြှင့်တင်ထားသည့် MiG-31 ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သုံးဆနီးပါးမြင့်တက်သွားမည်ဖြစ်ကြောင်း Sokol Aircraft Plant မှ အရာရှိများကပြောသည်။

 

ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံအား ကျူးကျော်တိုက်ခိုက်ရန်ပြင်ဆင်နေကြောင်း သတင်းများထွက်ပေါ်နေသည့် ကြားမှ ယခု MiG-31 ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်အဆင့်မြှင့်တင်မှုမှာ ရုရှားလက်နက်ကိုင်တပ်ဖွဲ့များ စစ် ဆင်ရေးတွင် အမှားအယွင်းမရှိဘဲ အားကိုးအားထားပြုလောက်စရာလက်နက်အဖြစ် ထောက်ပံပေးခြင်းဖြစ် သည်။ ရုရှားနိုင်ငံက ယူကရိန်းအားကျူုးကျော်ရန် ပြင်ဆင်နေသည်ဆိုသည့်စွပ်စွဲချက်ကို ရုရှားအစိုးက ငြင်းပယ် ထားသည်။

 

MiG-31 ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်တွင် ကမ္ဘာ့အဆင့်မီလေယာဉ်တစ်စင်းနေရာယူနိုင်သည့် တောင့် တင်းခိုင်မာမှုများပါဝင်ကြောင်း ရုရှားတပ်မတော်မှလေယာဉ်မှူးတစ်ဦးဖြစ်သူ ဗလာဒီမာပိုပက်ဗ်က ပြောသည်။ MiG-31 လေယာဉ်တွင်ပါဝင်သည့် ခေတ်မီအဆင့်မြင့် hardware များသည် တာဝေးပျံသန်းနိုင်စွမ်းနှင့် အချိန် ကြာမြင့်စွာပျံသန်းနိုင်စွမ်းရှိရန် ထောက်ပံ့ထားကြောင်း ၎င်းကပြောသည်။

 

Ref: Russia Upgrading MiG-31 Fighter-Interceptor Aircraft

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 

Ref: Russia Upgrading MiG-31 Fighter-Interceptor Aircraft

 

#PeopleMedia


Share this post