• Follow Us on

Home Mirage 2000-5 ဂျက်တိုက်လေယာဉ် အင်ဂျင်အပိုပစ္စည်းတွေ ထိုင်ဝမ်နိုင်ငံ ဝယ်ယူသွားမည်

Mirage 2000-5 ဂျက်တိုက်လေယာဉ် အင်ဂျင်အပိုပစ္စည်းတွေ ထိုင်ဝမ်နိုင်ငံ ဝယ်ယူသွားမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၉

 

ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံရဲ့ Mirage 2000-5 ဂျက်တိုက်လေယာဉ်အုပ်အတွက် လို အပ်တဲ့အင်ဂျင်အပိုပစ္စည်းအစိတ်အပိုင်းတွေ ဝယ်ယူဖို့အတွက် ဒေါ်လာ ၃၂၉ သန်း (ထိုင်ဝမ်ဒေါ်လာ ၁၀.၂ ဘီ လျံ) သုံးစွဲသွားမှာဖြစ်ပါတယ်။

 

ပြင်သစ်ထုတ် Mirage 2000-5 ဂျက်တိုက်လေယာဉ်တွေ နောင်နှစ်ပေါင်းများစွာကြာတဲ့အထိ တိုက်ပွဲဝင်နိုင်စွမ်း ရှိရေးအတွက် အခုလို အပိုပစ္စည်းတွေဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း အစိုးရသတင်းရင်းမြစ်တစ်ဦးက ဒေ သတွင်း မီဒီယာတွေကို ပြောပါတယ်။

 

Mirage 2000-5 ဂျက်တိုက်လေယာဉ်တွေဟာ ထိုင်ဝမ်လေတပ်မှာ တာဝန်ထမ်းဆောင်နေတာ အနှစ်နှစ်ဆယ် ကျော်ရှိနေပြီဖြစ်ပါတယ်။

 

ရှင်းချူလေတပ်အခြေစိုက်စခန်းမှာရှိတဲ့ Mirage 2000-5 ဂျက်တိုက်လေယာဉ်တွေအတွက် အင်ဂျင်အပိုပစ္စည်း တွေကို အခုလကစတင်ပြီး ၂၀၂၈ ခုနှစ် ဒီဇင်ဘာလမတိုင်ခင်အထိ ဝယ်ယူသွားမှာဖြစ်ကြောင်း သတင်းရင်းမြစ် က ပြောပါတယ်။

 

အမေရိကန်ထုတ် F-16 ဂျက်တိုက်လေယာဉ်တွေကို စောင့်ဆိုင်းနေစဉ်အတွင်း ထိုင်ဝမ်နိုင်ငံရဲ့ စတုတ္ထမြောက် မျိုးဆက် ဂျက်တိုက်လေယာဉ်တွေကို ၂၀၂၃ ခုနှစ်လောက်မှာ သက်တမ်းတိုးချဲ့သွားမှာဖြစ်ကြောင်း သတင်း တွေထွက်ပေါ်ခဲ့ပြီးဖြစ်ပါတယ်။

 

ပြင်သစ်နိုင်ငံ Dassault ကုမ္ပဏီက ထုတ်လုပ်တဲ့ Mirage 2000-5 ဂျက်တိုက်လေယာဉ်ဟာ အင်ဂျင်တစ်လုံး တပ်လေယာဉ်ဖြစ်ပြီး ဝေဟင်/မြေပြင် တိုက်ခိုက်ရေးအတွက် အထောက်အကူပြုနိုင်တဲ့ Magic 2 ဒုံးကျည်တွေ တပ်ဆင်ထားပါတယ်။

 

Mirage 2000-5 ဂျက်တိုက်လေယာဉ်ဟာ အမြင့်ဆုံး တစ်နာရီကို ၇၀၃ မိုင် (၂၅၃၀ ကီလိုမီတာ) ပျံသန်းနိုင်ပါ တယ်။ ၁၉၉၇ ခုနှစ်က ထိုင်ဝမ်လေတပ်ဟာ Mirage ဂျက်တိုက်လေယာဉ်အစင်းရေ ၆၀ မှာယူခဲ့ပေမဲ့ လေယာဉ်တချို့ ပျက်ကျခဲ့တဲ့အတွက် လက်ရှိအချိန်မှာ ၅၄ စင်းသာ ကျန်ရှိတယ်လို့ ဆိုပါတယ်။

 

တရုတ်နဲ့ ထိုင်ဝမ် တင်းမာမှုတွေမြင့်တက်နေတဲ့ကြားထဲက ထိုင်ဝမ်လေကြောင်းပိုင်နက် အထူးသဖြင့် နိုင်ငံ မြောက်ပိုင်းကို ကာကွယ်ဖို့အတွက် အဲဒီဂျက်တိုက်လေယာဉ်တွေကို တပ်ဖြန့်ချထားတာဖြစ်ပါတယ်။

 

လေယာဉ်အင်ဂျင်အပိုပစ္စည်းတွေအပြင် Mirage 2000-5 ဂျက်တိုက်လေယာဉ်တွေအတွက် လိုအပ်တဲ့ ဝေဟင်- ဝေဟင်ပစ်ဒုံးကျည်တွေအတွက် လိုအပ်တဲ့အစိတ်အပိုင်းတွေကိုလည်း ဝယ်ယူသွားဖို့ ထိုင်ဝမ်အစိုးရဟာ ပြင်သစ်အစိုးရနဲ့ သဘောတူစာချုပ်ချုပ်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

 

Ref: Taiwan to Spend $329M for Crucial Mirage 2000-5 Parts

 

#PeopleMedia


Share this post