• Follow Us on

Home “ Miss Burma Organization အနေနဲ့ ဒီနှစ်ကို မြန်မာကိုယ်စားပြုအလှမယ် ရွေးချယ်စေလွှတ်နိုင်ခဲ့ခြင်းမရှိပဲ ၊ နောက်နှစ် ၂၀၂၂ ခုနှစ်မှစတင်၍ ရွေးချယ်စေလွှတ်ဖို့ ပိုလန်မှာရှိတဲ့ Miss Supranational Organization နှင့် ဆွေးနွေးညှိနှိုင်းပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်” ခွန်းဆက်ဟန်(Miss Supranational Myanmar Organization)

“ Miss Burma Organization အနေနဲ့ ဒီနှစ်ကို မြန်မာကိုယ်စားပြုအလှမယ် ရွေးချယ်စေလွှတ်နိုင်ခဲ့ခြင်းမရှိပဲ ၊ နောက်နှစ် ၂၀၂၂ ခုနှစ်မှစတင်၍ ရွေးချယ်စေလွှတ်ဖို့ ပိုလန်မှာရှိတဲ့ Miss Supranational Organization နှင့် ဆွေးနွေးညှိနှိုင်းပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်” ခွန်းဆက်ဟန်(Miss Supranational Myanmar Organization)

Share this post

အသက် ၂၄ နှစ်အရွယ် လူငယ်လုပ်ငန်းရှင် Miss Supranational Myanmar Organization ( Miss Burma ) ဥက္ကဌ ခွန်းဆက်ဟန်နှင့် တွေ့ဆုံခြင်း

မေး။ ။ ကိုခွန်းဆက်ဟန်အနေနဲ့ လူငယ် လုပ်ငန်းရှင်တစ်ဦးအနေဖြင့် ရပ်တည်လာတာ ဘယ် လောက်သက်တမ်းရှိပြီလဲ။

ဖြေ။ ။ ကျွန်တော် ကိုယ်ပိုင်လုပ်ငန်းစပါပြီဆိုကတည်းကစပြီး ယနေ့အချိန်ထိဆိုရင် ၅နှစ်ဝန်းကျင် သက်တမ်းရှိပါပြီ။ ဒီ၅နှစ်ဝန်းကျင်မှာ ကျွန်တော့ရဲ့ငယ်ရွယ်တဲ့အရွယ်ကောင်းတစ်ခုကို ပေးဆပ်ခဲ့ရပြီး Business Brand တစ်ခုကို ပေါက်မြောက်အောင် အခက်အခဲများစွာနှင့်တကွ လူပေါင်းစုံရဲ့ သင်ခန်းစ၊ စိတ်ပေါင်းစုံရဲ့ သင်ခန်းစာများနဲ့အတူ ကျားကုတ်ကျားခဲ ကြိုးစားရုန်းကန်ခဲ့ရပါတယ်။
နောက်ပြီး ကျွန်တော်စတင်တဲ့ ကိုယ်ပိုင်လုပ်ငန်းကတော့ အလှမောင်/မယ်လုပ်ငန်း ဖြစ်ပါတယ်။ အခုဆိုရင် Company အနေနဲ့က MRPP Company Limited နဲ့ အလှမောင်/မယ် Pageant Organization အနေနဲ့ကတော့ Miss Burma Organization ဆိုပြီး ရပ်တည်နေပါတယ်။ Miss Burma ကတော့ အလှမောင် / မယ် လုပ်ငန်းစုပေါ့ ။ MRPP ကတော့ ရေနံကုန်သွယ်ရေးလုပ်ငန်းနဲ့ မိဘပိုင်ဖြစ်တဲ့ သစ်မွှေးခြံလုပ်ငန်းကိုပါ လုပ်ဆောင်လျက်ရှိတဲ့ လုပ်ငန်းတရပ်ဖြစ်ပါတယ်။ Pageant လုပ်ငန်အနေနဲ့ကတော့ ကနဦးစတင်ခဲ့တာဖြစ်ပြီး ကျန်တဲ့လုပ်ငန်းစုတွေကတော့ ၂၀၂၀ ခုနှစ်မှ စတင်ခဲ့တာဖြစ်ပါတယ်။

မေး။ ။လက်ရှိကမ္ဘာ့ကပ်ရောဂါကာလမှာ ကိုခွန်းဆက်ဟန် အနေနဲ့ Pageant Organization ကို ဘယ်လိုလုပ်ငန်းလည်ပတ်လျက်ရှိသလဲ ။

ဖြေ။ ။ကျွန်တော်တို့ Pageant လုပ်ငန်းတွေအနေနဲ့ ပထမလုပ်ငန်းအကြပ်အတည်းကာလကတော့ ကိုဗစ် ၁၉ ကပ်ရောဂါကာလပေါ့ ။ ဒုတိယကတော့ နိုင်ငံရေး အကြပ်အတည်းကာလလို့ ဆိုရမှာပါ ။ ဒီကာလမှာ ကျွန်တော်တို့ရဲ့ မြန်မာ Pageant လုပ်ငန်းကတော့ အခြေအနေတရပ်ထိ ရပ်ဆိုင်းထားရတာပါ ။ Miss Burma Organization အနေနဲ့ Miss Supranational Myanmar လိုင်စင်ကို လက်ရှိကိုင်ဆောင်ထားတာ ၂၀၂၁ ခုနှစ်မှာ မြန်မာကိုယ်စားပြုအလှမယ်ကို ရွေးချယ်စေလွှတ်နိုင်ခဲ့ခြင်းမရှိပါဘူး ။ Miss Burma Organization အနေနဲ့ Miss Supranational လိုင်စင်ကို ကိုင်ဆောင်လိုက်တာဟာ မကြာမြင့်သေးတဲ့ကာလ တစ်ခုဖြစ်နေတာက တစ်ကြောင်း ၊ နောက်ပြီး ကျွန်တော်တို့က နည်းမှန်လမ်းမှန် နဲ့ စနစ်တကျ မှန်မှန်ကန်ကန် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်လို့ အခက်အခဲများစွာကြုံတွေ့ရပါတယ်။ ဒါကြောင့် Miss Burma Organization အနေနဲ့ ဒီနှစ်ကို မြန်မာကိုယ်စားပြုအလှမယ် ရွေးချယ်စေလွှတ်နိုင်ခဲ့ခြင်းမရှိပဲ ၊ နောက်နှစ် ၂၀၂၂ ခုနှစ်မှစတင်၍ ရွေးချယ်စေလွှတ်ဖို့ ပိုလန်မှာရှိတဲ့ Miss Supranational Organization နှင့် ဆွေးနွေးညှိနှိုင်းပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီး Miss Burma Organization အပြင် International Beauty Pageant တွေကိုလည်း ကျွန်တော်က မြန်မာနိုင်ငံပိုင် ၊ မြန်မာနိုင်ငံသားပိုင်အဖြစ် ပိုင်ဆိုင်ထားပါ သေးတယ်။

မေး။ ။ကိုခွန်းဆက်ဟန်ပိုင်ဆိုင်တဲ့ International Beauty Pageant အနေနဲ့ကရော ဘာတွေဖြစ်မလဲ ။ ဘယ်လိုအခြေအနေရှိပါသလဲ ။

ဖြေ။ ။ကျွန်တော့ရဲ့ကိုယ်ပိုင် ကမ္ဘာ့ International Beauty Pageant တွေကတော့ Miss Crystal Angel International ကမ္ဘာ့အလှမယ်ပြိုင်ပွဲ နဲ့ Mrs Grand International ကမ္ဘာ့အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲ တို့ဖြစ်ပါတယ် ။ ဒီကာလမှာ ပြည်တွင်းပွဲတွေနဲ့ National Director အဖြစ်တာဝန်ယူထားတဲ့ လိုင်စင်တွေက အလုပ်မဖြစ်တာများပါတယ် ။ ဒါပေမဲ့ ကမ္ဘာ့အလှမောင်/မယ်ပြိုင်ပွဲတွေကတော့ အထိုက်အလျောက်အလုပ်ဖြစ်ပါတယ် ။ ကျွန်တော်တို့ ဆီကနေ နိုင်ငံအသီးသီးက လာရောက်ဝယ်ယူတဲ့ franchise တွေကနေ Company ကို အထိုက်အလျောက် pageant အပိုင်းမှာ လည်ပတ်ပေးနေတာပါ ။ ဆိုလိုချင်တာက ပြည်တွင်းပွဲတွေမှာ အလုပ်မဖြစ်ပေမဲ့လည်း ကမ္ဘာ့ပွဲတွေကိုပိုင်ဆိုင်မှုရှိသူတွေကတော့ ဒီကာလမှာလည်း ထိုက်သင့်အားလျော်စွာ အလုပ်ဖြစ်ပါတယ် ။

မေး။ ။ကိုခွန်းဆက်ဟန် အနေနဲ့ အခုလုပ်နေဆဲဖြစ်တဲ့ လုပ်ငန်းစဉ်အချို့နဲ့ ရှေ့ဆက်ပြီး လုပ်မဲ့ လုပ်ငန်းစဉ်တချို့က ဘာတွေရှိနေလဲ ။

ဖြေ။ ။စီးပွားရေး အနေနဲ့ကတော့ ဒီကာလမပြီးဆုံးမချင်း ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းပဲ လုပ်ငန်း ကိုလုပ်ဆောင်သွားမှာ ဖြစ်တယ်။ ဒီကာလ မှာ အခက်အခဲတချို့ကြုံတွေ့ရတာကလွဲပြီး ကြီးကြီးမားမားအခက်အခဲ မရှိပါဘူး ။ ကျွန်တော့ လူမှုပတ်ဝန်းကျင် နဲ့ personal life မှာလည်း ပိုပြီး တိုးတတ်သွားတာတွေရှိပါတယ်။ စစ်မှန်တဲ့ ပရဟိတ နဲ့ ဘာသာရေးကိုင်းရိုင်းမှုကတော့ ဒီကာလမှာ ဆထက်တပိုးပိုလုပ်ဖြစ်နေတာ အမှန်ပါပဲ ။ လူရောစိတ်ပါ ငြိမ်းချမ်းနေတာက မှန်ကန်တဲ့ စိတ်စေတနာအကျိုးပေးကြောင့်လည်း ပါပါလိမ့်မယ် ။ လူဆိုတာ မျှတညီမျှ တဲ့စိတ် ရှိရပါမယ် ။ ဒါကို လူပုဂ္ဂိုလ်တို့မှာ ရှိသင့်ရှိထိုက်သော စစ်မှန်သော စိတ်စေတနာလို့ခေါ်ပါတယ် ။ စေတနာကောင်းလား စေတနာဆိုးလားဆိုတာကလည်း မိမိတို့အသိဉာဏ်ပညာက ဝေဖန်ပိုင်းခြားနိုင်စွမ်းရည် ရှိရပါလိမ့်မယ် ။ အတ္တာဟိ အတ္တနော နာထောဆိုသည်မှာ ကိုယ်ရဲ့လုပ်ကိုင်တဲ့အလုပ်ကိုပဲ မိမိကိုယ်ကိုသာ ကိုးကွယ်ရာ ဖြစ်လို့မရပါဘူး ။ မိမိအသိဉာဏ်ပညာ နဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းရည်ကိုလည်း သူများစိတ်၊ အပြော နဲ့ မရှင်သန်ဘဲ မိမိအသိဉာဏ်က အတ္တာဟိ အတ္တနော နာထော ဖြစ်ရန်လိုအပ်ပါသေးတယ်။ ဒါမှလည်း မိမိဘဝ မိမိစိတ် စစ်မှန်သော ဆုံးဖြတ်ချက်၊ ခံယူချက်နဲ့ ငြိမ်းချမ်းခြင်းရရှိပါလိမ့်မယ်။ နောက်ပြီး ဒီကာလတွေမှာ ကျွန်တော့ရဲ့လွတ်လပ်ပိုင်ခွင့်နဲ့ပတ်သတ်ပြီး ပုတ်ခတ်ဝေဖန်သူတချို့ရှိပေမဲ့လည်း ကျွန်တော့ အနေနဲ့ကရော၊ ကျွန်တော့ လုပ်ငန်းစု အနေနဲ့ကပါ မည်သူ့ မည်သည့်အကြောင်းတစ်ခုကိုမှ ပြန်လည်တုံ့ပြန်ခဲ့ခြင်းမျိုးမရှိပါဘူး။ တုံ့ပြန်စရာ ကျွန်တော့်အတွက်လည်း မလိုအပ်ဘူးလေ။ ကျွန်တော်က ခပ်အေးအေး နဲ့ ပေါ့ပေါ့ပါးပါးနေ တတ်အောင် ငယ်ရွယ်တဲ့ နှစ်ပေါင်းများစွာ နောက်ဆုံး ၂၀၂၀ ခုနှစ်ထိ ကျင့်ကြံအားထုတ်ခဲ့ပြီးပါပြီ။ နေသာသပ လေညာကပါပဲ ခင်ဗျာ။ အားလုံးကိုလည်း ကျွန်တော့လို ဖြစ်စေချင်ပါ တယ်။

Photo- ခွန်းဆက်ဟန်

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

#PeopleMedia #MissSupranationalMyanmarOrganization


Share this post