• Follow Us on

Home MK 54 အပေါ့စားတိုပီဒိုများဝယ်ယူရန် အိန္ဒိယနိုင်ငံက အမေရိကန်နှင့် သဘောတူစာချုပ်လက်မှတ်ရေးထိုး

MK 54 အပေါ့စားတိုပီဒိုများဝယ်ယူရန် အိန္ဒိယနိုင်ငံက အမေရိကန်နှင့် သဘောတူစာချုပ်လက်မှတ်ရေးထိုး

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၅ (People Media)

 

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနသည် အိန္ဒိယရေတပ်၏ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး လေယာဉ် P-8I တွင် တပ်ဆင်အသုံးပြုနိုင်ရေးအတွက် အမေရိကန်နိုင်ငံမှ MK 54 အပေါ့စားတိုပီဒိုများဝယ်ယူရန် အမေရိကန်အစိုးရ နှင့် သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း အိန္ဒိယသတင်းစာဝက်ဆိုက်က အောက်တိုဘာလ ၂၂ ရက် နေ့က ရေးသားဖော်ပြလိုက်သည်။

 

MK 54 အပေါ့စားတိုပီဒိုသည် အမေရိကန်နိုင်ငံတွင် စစ်သင်္ဘောများ၊ တောင်ပံတပ်လေယာဉ်များနှင့် ရဟတ် ယာဉ်များတွင် တပ်ဆင်အသုံးပြုသည့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး အဓိကလက်နက်ဖြစ်သည်။ ရေတိမ်ပိုင်း တွင် လည်ပတ်လှုပ်ရှားနိုင်ရန်နှင့် ဆိုနာတန်ပြန်တိုက်ခိုက်ရေးအခြေအနေများတွင် လည်ပတ်လှုပ်ရှားနိုင်ရန်အ တွက် အမေရိကန်ရေတပ်က Mk 54 ဆိုနာကို တီထွင်ထုတ်လုပ်ခဲ့သည်။

 

လက်ရှိအသုံးပြုနေသော Mark 50 တိုပီဒိုများနှင့် Mark 46 တိုပီဒိုများ၏ လေ့လာသိရှိထားသော ပြဿနာများ ကို တုံ့ပြန်ရာတွင် အမေရိကန်ရေတပ်၏ အပေါ့စားဟိုက်ဘရစ်တိုပီဒိုစီမံကိန်းအရ ရေသီယွန်ပေါင်းစပ်ကာကွယ် ရေးစနစ်များနှင့် အမေရိကန်ရေတပ်တို့ပူးပေါင်း၍ MK 54 အပေါ့စားတိုပီဒိုကို ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

 

MK 54 အပေါ့စားတိုပီဒိုသည် အလျား ၂.၇၁ မီတာရှည်လျားပြီး အချင်း ၃၂.၃ စင်တီမီတာရှိကာ အလေးချိန် ၂၇၅.၇ ကီလိုဂရန်လေးကြောင်းသိရသည်။ တိုပီဒိုကသယ်ဆောင်နိုင်သော ထိပ်ဖူးမှာ ပေါက်ကွဲအားပြင်းထန်ပြီး အလေးချိန် ၄၃.၉ ကီလိုဂရန်ရှိသည်။

 

MK 54 အပေါ့စားတိုပီဒိုသည် Otto II လောင်စာအရည်ပေါက်ကွဲမှုဖြင့် လှုပ်ရှားသွားလာသည့် တိုပီဒိုအမျိုး အ စားဖြစ်ပြီး တစ်နာရီ ၇၄.၁ ကီလိုမီတာနှုန်းဖြင့်ပြေးလွှားပြီး ထိရောက်မှုအကွာအဝေး ၉.၁ ကီလိုမီတာရှိသည်။

 

MK 54 အပေါ့စားတိုပီဒိုကို ရေပြင်ပေါ်သွားစစ်သင်္ဘောများပေါ်ရှိ Mark 32 တိုပီဒိုပြွန်များမှလည်းကောင်း၊ ဒေါင် လိုက်ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစနစ် (vertical launch anti-submarine rocket – ASROC) ဖြင့် လည်း ကောင်း၊ ASW လေယာဉ်များပေါ်မှလည်းကောင်း ပစ်ခတ်နိုင်သည်။

 

MK 54  တိုပီဒိုသည် သေးငယ်ပေါ့ပါးပြီး P-8 Poseidon လေယာဉ်ဖြင့်ငါးလုံးအထိသယ်ဆောင်သွားနိုင်သည်။  Poseidon လေယာဉ်ပေါ်မှ တာဝန်ကျတပ်ဖွဲ့ဝင်များသည် အလွန်ခေတ်မီသည့် နည်းပညာများကို အသုံးပြုပြီး ရန်သူအားခြေရာခံခြင်း၊ ရန်သူ့တပ်တည်များရှာဖွေခြင်းပြုလုပ်နိုင်ကာ ပေါက်ကွဲမှုအားအလွန် ကောင်းသည့် MK 54  တိုပီဒိုဖြင့် ရန်သူ့ရေငုပ်သင်္ဘောကို ဖျက်ဆီးပစ်နိုင်ကြောင်းသိရသည်။

 

Ref: India has signed contract with US to procure Mk 54 Lightweight Torpedoes

 

#PeopleMedia

 

(unicode)


………………………………………………………………………….

 


 


 


 


 


 


 


 


 

Ref: India has signed contract with US to procure Mk 54 Lightweight Torpedoes

 

#PeopleMedia


Share this post