• Follow Us on

Home MNA အနေဖြင့် မကြာမီတွင်လည်း ဒေသတွင်းနိုင်ငံများသို့ Cargo လေယာဉ်ခရီးစဉ် စတင်ပျံသန်းမည်

MNA အနေဖြင့် မကြာမီတွင်လည်း ဒေသတွင်းနိုင်ငံများသို့ Cargo လေယာဉ်ခရီးစဉ် စတင်ပျံသန်းမည်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၈

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines – MNA) ၏ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ Melia Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လေကြောင်း ပို့ဆောင်ရေးကဏ္ဍသည် အရေးပါသည့်လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ လေကြောင်းခရီးနှင့် သွား လာခြင်းသည် ငွေကြေးကုန်ကျမှုများသော်လည်း အချိန်တိုအတွင်း လိုရာခရီးသို့ရောက်နိုင်ပြီး လုပ်ငန်းတွင် ကျယ်မှုလည်းရှိစေကြောင်း၊ ထို့ကြောင့် လေကြောင်း ပို့ဆောင်ရေးကဏ္ဍကို အလေးအနက်ထားဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းကိုလည်း ပြောကြားလိုပါကြောင်း ပြောသည်။

 

မြန်မာ အမျိုးသားလေကြောင်းအနေဖြင့် ဝေးလံပြီး သွားလာမှုခက်ခဲသည့် ဒေသတွင်ရှိသည့် တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးကိစ္စရပ်များ အဆင်ပြေစွာဖြင့် အချိန်တိုအတွင်း သယ်ယူပို့ဆောင်ပေးနိုင်ရန်နှင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများအကြား ဆက်သွယ်ပျံသန်းပို့ဆောင် နေသည့် လေကြောင်း လိုင်းဖြစ်သည်နှင့်အညီ လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်ပခရီးစဉ် ပျံသန်းမှုများအနေဖြင့်လည်း ထိုင်း၊ စင်္ကာပူ၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယစသည့်နိုင်ငံများကို ပုံမှန်ခရီးစဉ် (Schedule Flight)များ ပျံသန်း နေသည့်အပြင် ဗုဒ္ဓဂါယာ ဘုရားဖူး စင်းလုံးငှား (Charter Flight) ခရီးစဉ်များကိုလည်း ပျံသန်းပြေးဆွဲလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မကြာမီတွင်လည်း ဒေသတွင်းနိုင်ငံများသို့ Cargo လေယာဉ်ခရီးစဉ် စတင်ပျံသန်းမည်ဖြစ်ကြောင်း သိရှိရသည့် အတွက် လေကြောင်းကုန်စည်ပို့ဆောင်မှုကဏ္ဍတွင် MNA အနေဖြင့် ပါဝင်ဆောင်ရွက်နိုင်တော့မည်ဖြစ်ပြီး အောင်မြင်စေရေးအတွက်လည်း ဆုမွန်ကောင်းတောင်းပါကြောင်း ပြောသည်။

 

ကိုဗစ်-၁၉ အလွန်ကာလ လေကြောင်းခရီးသွားစီးပွားရေးကဏ္ဍ ပြန်လည် ဖွံ့ဖြိုးတိုးတက်လာသည့် အချိန် ကာလကိုရောက်ရှိလာပြီဖြစ်သဖြင့် မြန်မာ အမျိုးသား လေကြောင်းအနေဖြင့် ဈေးကွက်သုတေသနကို အလေးထား ပြုလုပ်စေလိုကြောင်း၊ ပြောင်းလဲတိုးတက်လာသည့် အခြေအနေနှင့် လိုက်လျောညီထွေစွာ ခရီးသည်နှင့် ကုန်စည်ရရှိမှုအပေါ် မူတည်ပြီး လေယာဉ်စီးရေ တိုးချဲ့မှုများ၊ လက်ရှိပြေးဆွဲနေသည့် ခရီး စဉ်များကို ခေါက်ရေတိုးမြှင့်ပြေးဆွဲမှုများ၊ ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲမှုများ ဆောင်ရွက်သွားရန် ကြိုးစား သွားရမည်ဖြစ်ကြောင်း၊ ကုန်စည်ပို့ဆောင်ရေး ခရီးစဉ် များကိုလည်း တိုးချဲ့ပြေးဆွဲပျံသန်းရန် စီစဉ်ဆောင် ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏ပို့ကုန်၊ သွင်းကုန်ကို တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေးတိုးတက်မှုကို တစ်ဖက် တစ်လမ်းက ကူညီပံ့ပိုးပေးရာ ရောက်မည်လည်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post