MNDAA ကိုးကန့်သူပုန်အဖွဲ့ အရပ်သားတွေကို အဓမ္မဖမ်းဆီးပြီး လူသစ်စုဆောင်းနေကြောင်း HRW အဖွဲ့ပြော
PUBLISHED - December 22, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၂
မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းက မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ခေါ် MNDAA သူပုန်အုပ်စု ဟာ ရှမ်းပြည်နယ်က စစ်ဘေးရှောင်အရပ် သားတွေကို အဓမ္မဖမ်းဆီးပြီး တပ်သားသစ်စုဆောင်း နေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch-HRW) က ဒီဇင်ဘာလ ၂၁ ရက်နေ့ (ကြာသပတေး နေ့) က ပြောကြားလိုက်ပါတယ်။
မြန်မာ့တပ်မတော်ဟာ အဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ အဓမ္မတပ်သားသစ်စုဆောင်းတဲ့ မှတ်တမ်းတွေရှိပေမဲ့ လတ်တလောအချိန်မှာတော့ တပ်မတော်ထိန်းချုပ်ထားတဲ့နယ်မြေတွေအတွင်းမှာ မြန်မာ့တပ်မတော်က တရား မဝင်ဆောင်ရွက်နေတဲ့ သတင်းတွေရရှိဖို့ ခက်ခဲတယ်လို့ HRW က ပြောပါတယ်။
MNDAA ခေါ် ကိုးကန့်သူပုန်အုပ်စုဟာ အခုလို အရပ်သားတွေကို အဓမ္မဖမ်းဆီးပြီး လူသစ်စုဆောင်းနေတာတွေ ကို ချက်ချင်းရပ်တန်းကရပ်သင့်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ကာလအတွင်း အရပ်သားတွေကို အကာအကွယ်ပေးဖို့ အတွက်လည်း တတ်နိုင်မျှ ဆောင်ရွက်သင့်တယ်လို့ HRW က ပြောပါတယ်။
“မြန်မာအမျိုးသားများဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ဟာ အရပ်သားတွေကို အဓမ္မဖမ်းဆီးခြင်း၊ အဓမ္မလူ သစ်စုဆောင်းခြင်းတွေလုပ်နေပြီး စစ်ပွဲအတွင်းဥပဒေ (နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေ) ကို ချိုးဖောက်နေ ပါတယ်။ အရပ်သားတွေဟာ မြန်မာ့တပ်မတော်ကဖြစ်စေ သူပုန်အုပ်စုတွေကဖြစ်စေ အတင်းအဓမ္မတပ်သား သစ်စုဆောင်းတာကို စိုးရိမ်ကြောက်ရွံ့စရာမလိုဘဲ တိုက်ပွဲဖြစ်ပွားရာနေရာတွေကနေ ဘေးကင်းခိုလှုံရာကို ရှာ ဖွေနိုင်စွမ်းရှိရပါမယ်။” လို့ Human Rights Watch အဖါပြရဲ့ အာရှညွှန်ကြားရေးမှူးအီလိန်ဖီးယားဆန်က ပြော ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ခေါ် ကိုးကန့်သူပုန် MNDAA၊ ပလောင်သူပုန် TNLA နဲ့ ရခိုင်သူပုန် AA တို့ ပူးပေါင်းထားတဲ့ သူပုန်အုပ်စုဟာ ၁၀၂၇ စစ်ဆင်ရေးနာမည်နဲ့ ရှမ်း ပြည်နယ်အရှေ့မြောက်ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
အောက်တိုဘာလကစပြီး မြန်မာနိုင်ငံအနှံံ့အပြားဖြစ်ပွားခဲတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်က ပြည်သူ ၁၀၀,၀၀၀ အပါအဝင် မြန်မာပြည်သူ ၆၀၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
ကိုးကန့်အထူးအုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော်ဖြစ်တဲ့ လောက်ကိုင်မြို့ကို MNDAA က ဝင်ရောက်တိုက်ခိုက်မှာကို မျှော်လင့်ထားပြီး ပြည်သူအများအပြားကလည်း လောက်ကိုင်မြို့ကနေ ထွက်ပြေးနေကြပါတယ်။
MNDAA သူပုန်အဖွဲ့ဟာ ပြည်သူတွေထွက်ပြေးနိုင်ဖို့ လမ်းကြောင်းဖွင့်ထားပေမဲ့ စစ်ရှောင်ပြည်သူတွေထံက မိုဘိုင်းဖုန်းတွေကို သိမ်းယူထားသလို အရေအတွက်မသိရတဲ့ ပြည်သူတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသတွင်းမီဒီယာတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။
နိုဝင်ဘာလ ၂၄ ရက်နေ့က လောက်ကိုင်ကနေ ချင်းရွှေဟော်ကို ထွက်ခွာတဲ့လမ်းကြောင်းမှာ အရပ်သား ၇ ဦး ကို MNDAA အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အဖမ်းခံရတဲသူတွေရဲ့ ဆွေမျိုးတွေက ရှမ်းသံတော်ဆင့် မီဒီယာကို ပြော ပါတယ်။
နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြားက ပါစင်ကျော်ရွာအနီးမှာ အရပ်သားအများ အပြားကို MNDAA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာကိုမြင်လိုက်ရကြောင်း လောက်ကိုင်မြို့မှာ ကျန်ခဲ့တဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။
အောက်တိုဘာလအတွင်းက MNDAA အဖွဲ့က ဖမ်းဆီးသွားတဲ့ တခြားအရပ်သား ၇ ဦးရဲ့ မိဘတွေကလည်း ၎င်းတို့ သားသမီးတွေကို ပြန်လွှတ်ပေးဖို့ MNDAA အဖွဲ့ထံ ဒီဇင်ဘာလ ၁၂ ရက်နေ့က စာရေးသားပေးပို့ တောင်းဆိုထားပါတယ်။
MNDAA ကိုးကန့်သူပုန်အဖွဲ့ဟာ ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ မြို့ကွဲပြီးနောက်မှာ ထူထောင်ခဲ့တဲ့လက် နက်ကိုင်အဖွဲ့ပြီး မြနမာ့တပ်မတော်နဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီခဲ့ပါတယ်။
၂၀၀၉ ခုနှစ်မှာတော့ မြန်မာ့တပ်မတော်နဲ့ အပစ်အခတ်ရပ်စဲရေးကျိုးပေါက်ခဲ့ပြီးနောက် အခုအချိန်အထိ တိုက်ပွဲ တွေဖြစ်ပွားနေတာဖြစ်ပါတယ်။
Ref: Myanmar: Armed Group Abuses in Shan State: Human Rights Watch
#PeopleMedia