• Follow Us on
Latest News

Home MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ ရဲစခန်းကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်း

MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ ရဲစခန်းကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်း

Share this post

နေပြည်တော်၊ ဇူလိုင် ၄

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နိမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ ရဲစခန်းကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းလိုက်ကြောင်း သိရသည်။

 

ဇူလိုင်လ (၃)ရက် ညသန်းခေါင်ကျော်က သိန္နီမြို့ပေါ် ရပ်ကွက်(၂) ရှိ ရဲစခန်း အနောက်ဘက်သို့ တပ်မတော်မှ ဂျက်လေယာဉ်ဖြင့် ဗုံး (၃)လုံး ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း သိရသည်။

 

ယင်းသို့ တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းမှုကြောင့် သိန္နိမြို့ ရဲစခန်းတွင် ရှိနေသည့် MNDAA အဖွဲ့ ဝင်များ ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 

#PeopleMedia


Share this post