• Follow Us on

Home MNDAA နှင့် TNLA အဖွဲ့များထံမှ အကြမ်းဖက်သင်တန်းတက်ရောက်လိုခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်လာ သည့် တိုင်းရင်းသားလူငယ်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

MNDAA နှင့် TNLA အဖွဲ့များထံမှ အကြမ်းဖက်သင်တန်းတက်ရောက်လိုခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်လာ သည့် တိုင်းရင်းသားလူငယ်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

Share this post

နေပြည်တော်၊ မေ ၂၉

 

MNDAA နှင့် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ဒေသခံ တိုင်းရင်းသားလူငယ်များကို အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ အကြမ်းဖက် သင်တန်းများတက်ရောက်စေပြီး အဓမ္မတာဝန် ထမ်းဆောင်စေခြင်း ကြောင့် သောင်းကျန်းသူအဖွဲ့များတွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသော တိုင်းရင်းသားလူငယ်များ ထွက် ပြေးတိမ်းရှောင်လျက်ရှိပြီး နီးစပ်ရာ တပ်မတော်လုံခြုံရေးတပ်စခန်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများထံသို့ ပြန်လည်ဝင်ရောက်လျက်ရှိသည်။

 

ထိုသို့ MNDAA နှင့် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ ဖမ်းဆီးခြင်းခံရပြီး အကြမ်းဖက်သင်တန်း တက်ရောက် လိုခြင်းမရှိသဖြင့် ထွက်ပြေးလွတ်မြောက် လာသည့် ဒေသခံတိုင်းရင်းသား လူငယ်များအား ၎င်း တို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ တိုင်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံတိုင်းရင်းသားလူငယ်များနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြ သည်။

 

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံတိုင်းရင်းသားလူငယ်များအတွက် ထောက်ပံ့ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ တိုင်းရင်းသား လူငယ်များက လက်ခံရယူကြသည်။

 

#PeopleMedia


Share this post