• Follow Us on
Latest News

Home MNDAA အဖွဲ့မှ သေဒဏ်ပေးခြင်းအပေါ် ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်း EU ထုတ်ပြန်

MNDAA အဖွဲ့မှ သေဒဏ်ပေးခြင်းအပေါ် ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်း EU ထုတ်ပြန်

Share this post

နေပြည်တော်၊ ဧပြီ ၂၆

 

MNDAA က လူ (၁၀) ဦးကို သေဒဏ်ချခဲ့ပြီး ၎င်းတို့အနက် (၃) ဦးမှာ ဧပြီလ ၂၄ ရက်တွင် စီရင်ခံခဲ့ရဖွယ်ရှိ သည်ဆိုသည့် စိုးရိမ်စရာသတင်းများထွက်ပေါ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂမှ ထုတ်ပြန်ထား သည်။

 

ဤ(သေဒဏ်ချသည့်) ဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂက အပြင်းထန်ဆုံး ရှုတ်ချပြီး အချိန်တိုင်း ဘယ်လို အခြေအနေမျိုးမှာဖြစ်ဖြစ် သေဒဏ်ချမှုကို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား ဆန့်ကျင်ခြင်းကို ထပ်လောင်း အတည်ပြုပါသည်။ သေဒဏ်သည် လူမဆန်သည့် ယုတ်ညံ့သောပြစ်ဒဏ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာကို အဆုံးစွန် သော ငြင်းပယ်မှုကိုကိုယ်စားပြုကြောင်း ထုတ်ပြန်ထားသည်။

 

ဖက်ဒရယ်ဒီမိုကရေစီရရှိရေး မျှော်မှန်းချက်တွင် အဓိကကျသော ကြိုးပမ်းမှုသည် မြင့်မားသောနိုင်ငံတကာ စံနှုန်းများနှင့်အညီ တရားဥပဒေစိုးမိုးရေးကိုထိန်းသိမ်းရန် ဖြစ်သင့်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post