MNDAA အဖွဲ့ဝင် ၂၈ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်
PUBLISHED - September 30, 2023
နေပြည်တော်၊ စက်တင်ဘာ ၃၀
MNDAA အဖွဲ့ဝင် ၂၈ ဦးသည် ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်လိုခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ယုံကြည်လက်ခံခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ပြီး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်သူများအား ပြန်လည်ကြိုဆိုလက်ခံပွဲကို ယမန်နေ့ မွန်းလွဲ ပိုင်းတွင် လောက်ကိုင်မြို့ရှိ နယ်မြေခံတပ်နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ ဆိုင်ရာပုဒ်မများကို ရှင်းလင်း ဆွေးနွေး ပြောကြားကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် MNDAA အဖွဲ့ဝင် အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၈ ဦးတို့သည် ၎င်းနှင့်အတူပါလာသော လက်နက်ငယ်မျိုးစုံ ၁၂ လက်၊ ကျည်အိမ်မျိုးစုံ ၁၂ ခု၊ ခဲယမ်းမျိုးစုံ ၂၁၇ တောင့်နှင့် လက်ပစ်ဗုံး ၅ လုံးတို့အား တာဝန်ရှိသူများထံအပ်နှံ ကြသည်။ ထို့နောက် တာဝန်ရှိသူများမှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆို လက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေး ငွေများ ထိုက်ထိုက်တန်တန် ထောက်ပံ့ပေးအပ်လျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင် ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရသည်။
#PeopleMedia