• Follow Us on

Home MNDAA အဖွဲ့၏ လုပ်ရပ်များအား လုံးဝ(လုံးဝ) လက်မခံနိုင်ကြောင်းနှင့် ကန့်ကွက်ရှုတ်ချကြောင်း ကိုးကန့်တိုင်း ရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းထုတ်ပြန်

MNDAA အဖွဲ့၏ လုပ်ရပ်များအား လုံးဝ(လုံးဝ) လက်မခံနိုင်ကြောင်းနှင့် ကန့်ကွက်ရှုတ်ချကြောင်း ကိုးကန့်တိုင်း ရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းထုတ်ပြန်

Share this post

နေပြည်တော်၊ သြဂုတ် ၈

 

MNDAAအဖွဲ့၏ လုပ်ရပ်များအား လုံးဝ(လုံးဝ) လက်မခံနိုင်ကြောင်းနှင့် ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံ ကိုးကန့်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ထုတ်ပြန်လိုက်သည်။

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်ရှိ လူနေအိမ်များ၊ ရပ်ကွက်များနှင့် တပ်မတော်ဆေးရုံကို အကြမ်း ဖက်သောင်းကျန်သူ MNDAAအဖွဲ့မှ ရှော့တိုက်ဒုန်း လက်နက်ကြီး၊ လက်နက်ငယ်များ Drone များဖြင့် ပစ်ခတ် တိုက်ခတ်ခြင်းတို့ကြောင့် အပြစ်မဲ့ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုများ ထိခိုက်သေဆုံးရပြီး အချို့ကိုလည်း အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း ထုတ်ပြန်ထားသည်။

 

ယခုကဲ့သို့ လူနေအိမ်များအပါအဝင် ရပ်ကွက်များ၊ သာသနိက အဆောက်အဦများ၊ ဆေးရုံ အဆောက်အဦ များအပေါ် အကြောင်းမဲ့ ပစ်ခတ်ဖျက်စီးမှုများ ပြုလုပ်နေကြသည့်အတွက် ဒေသခံပြည်သူများမှ နေရပ်စွန့်ခွာ နေရပြီး အိုးအိမ်များ ဆုံးရှုံးနေရခြင်း၊ လူမှုဘဝများ ဆုံးရှုံးနေရခြင်းတို့ကြောင့် အကြမ်းဖက်သောင်းကျန်းသူ MNDAAအဖွဲ့၏ လုပ်ရပ်များအား လုံးဝ(လုံးဝ) လက်မခံနိုင်ကြောင်းနှင့် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန် ထားသည်။

 

#PeopleMedia


Share this post