• Follow Us on

Home MNDAA ခေါင်းဆောင်ဖုန်းကျားရှင်၏ အောက်မေ့ဘွယ်အခမ်းအနားနှင့် ဈာပနကျင်းပ၊ တြိဂံဒေသတိုင်း စစ်ဌာန ချုပ်တိုင်းမှူး တက်ရောက်

MNDAA ခေါင်းဆောင်ဖုန်းကျားရှင်၏ အောက်မေ့ဘွယ်အခမ်းအနားနှင့် ဈာပနကျင်းပ၊ တြိဂံဒေသတိုင်း စစ်ဌာန ချုပ်တိုင်းမှူး တက်ရောက်

Share this post

နေပြည်တော်၊ မတ် ၃၀

 

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ခေါင်းဆောင် ဖုန်ကျားရှင်၏ အောက်မေ့ ဘွယ်အခမ်းအနားနှင့် ဈာပနကို မတ်လ ၂၉ ရက်နေ့က မိုင်းလားမြို့၊ ငြိမ်းချမ်းရေးရင်ပြင်တွင် ကျင်းပနေရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားကို တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးအပြင်၊ ယူနန်ပြည်နယ်မှ ကွန်မြူနစ်ပါတီ ခေါင်း ဆောင်များ၊ UWSA ဒုတိယဥက္ကဋ္ဌ၊ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ TNLA ဥက္ကဋ္ဌ တာအိုက်ဘုန်း၊ အပါ အဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဖုန်ကျားရှင်သည် MNDAA ကို ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သကဲ့သို့ အထူးဒေသ(၁) ဥက္ကဋ္ဌ အဖြစ် လည်း တာဝန်ယူခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် (၉၄) နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

 

(unicode)


……………………………………………………………

 


 


 


 



Share this post