• Follow Us on

Home MNDAA ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း မန္တလေးကိုးကန့်တိုင်းရင်းသား မိသားစုများထုတ်ပြန်

MNDAA ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း မန္တလေးကိုးကန့်တိုင်းရင်းသား မိသားစုများထုတ်ပြန်

Share this post

နေပြည်တော်၊ သြဂုတ် ၁၀

 

MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်မခံကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း မန္တလေးမြို့တွင် နေထိုင်လျက်ရှိသည့် ကိုးကန့်တိုင်းရင်းသား မိသားစုများက သဘောထားထုတ်ပြန်လိုက်သည်။

 

MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသည့် တပ်မတော်ဆေးရုံနှင့် ရပ်ကွက်အတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေကြသည့် ဒေသခံပြည်သူ များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကို အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် ဒေသခံပြည်သူအချို့မှာလည်း ယာယီနေရပ်စွန့်ခွာနေရသည်။

 

ထိုကဲ့သို့ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ စစ်ရာဇဝတ်မှု (War Crime) မြောက်သည့် လူ မဆန်စွာရက်စက်ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်မခံကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းကို မန္တလေးမြို့တွင် နေထိုင်လျက်ရှိသည့် ကိုးကန့်တိုင်းရင်းသားမိသားစုများက သဘောထားထုတ်ပြန်ခဲ့သည်။

 

#PeopleMedia


Share this post