• Follow Us on

Home MNDAA အဖွဲ့ဝင်တစ်ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်


Share this post

ရန်ကုန်၊ မတ် – ၂၂




#PeopleMedia #Peace

(Unicode)
MNDAA အဖွဲ့ဝင်တစ်ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်
……………………………………………

ရန်ကုန်၊ မတ် – ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စခန်းသို့ မတ် ၂၁ ရက် နံနက် ၈ နာရီခွဲခန့်တွင် MNDAA အဖွဲ့မှ တပ်သားအဆင့်ရှိသူ မော်စင်းခိုင်(ဘ) ဦးမော် ကျင်ချန်သည် ၎င်းကိုင်ဆောင်သည့် M-20 ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ၉ မမကျည် လေးတောင့်တို့နှင့် အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ပါတယ်။

၎င်းအနေဖြင့် ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်လိုခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အား ယုံကြည်လက်ခံခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ပြီး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဆိုပါတယ်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ ကရင်ပြည်နယ်၌ စောဆန်းအောင်ဦးဆောင်သည့် လက်နက်ကိုင်အဖွဲ့ သည် တပ်မတော်ထံ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခဲ့ပြီးဖြစ်ပါတယ်။

#PeopleMedia #Peace


Share this post