• Follow Us on

Home Moon Light Operation အကြမ်းဖက်အဖွဲ့မှ Star Light Operation အဖွဲ့ဝင် (၂၇) ဦးအား လက်နက်/ခဲယမ်း များနှင့်အတူ ဖမ်းဆီးရမိ

Moon Light Operation အကြမ်းဖက်အဖွဲ့မှ Star Light Operation အဖွဲ့ဝင် (၂၇) ဦးအား လက်နက်/ခဲယမ်း များနှင့်အတူ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၉ (People Media)

 

အင်းစိန်မြို့နယ်၊ လှိုင်မြို့နယ်နှင့် လှည်းကူးမြို့နယ်များအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသော Moon Light Operation အကြမ်းဖက်အဖွဲ့မှ Star Light Operation အဖွဲ့ဝင် (၂၇) ဦးအား လက်နက်/ခဲ ယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း န-စ-က မှ သတင်းထုတ်ပြန်ထားသည်။

 

Moon Light Operation အကြမ်းဖက်အဖွဲ့မှ ကျော်မင်းယု(ခ)ဂျင်မီ အနေဖြင့် အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး Star Light Operation အဖွဲ့အား တွံတေးမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၊ တွံတေးမြို့ မရဲစခန်း၊ ဘုရား ငုတ်တိုကျေးရွာရဲကင်းနှင့် ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ၁ ဦးအား လည်းကောင်း၊ လှည်းကူးမြို့နယ်ရှိ ထွေ/အုပ်ရုံး၊ မြေစာရင်းရုံး၊ EPC ရုံး၊ သမဝါယမရုံး၊ မြိုမရဲစခန်းနှင့် ၃-လမ်းဆုံ လုံခြုံ ရေးစခန်းတို့အားလည်ကောင်း၊ ဒလမြို့နယ်ရှိ မှော်စက်ရစဖရုံး၊ မြို့ဝင်ဆိပ်ကြီးနှင့် လုံခြုံရေးစခန်းတို့အား လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ထွေ/အုပ်ရုံး၊ စည်ပင်ရုံးနှင့် ကညနရုံးတို့အား လည်းကောင်း၊ မရမ်း ကုန်းမြို့နယ်ရှိ မြို့နယ်ရဲစခန်း၊ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ EPC ရုံးနှင့် လမ်းဆုံမီးပွိုင့်တို့အား လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ရန် ညွှန်ကြားစေခိုင်းထားကြောင်း ဖော်ထုတ်သိရှိရသည်။

 

ဖြစ်စဉ်တွင် တရားခံ ကျား ၂၂ ဦး၊ မ ၅ ဦး၊ ပေါင်း ၂၇ ဦး၊  လက်နက်ငယ်မျိုးစုံ ၅ လက်၊ တူမီးသေနတ် ၁ လက်၊ လက်လုပ်သေနတ် ၂ လက်၊ ကျည်အိမ်မျိုးစုံ ၄ ခု၊ ကျည်မျိုးစုံ ၁၇၅ တောင့်၊ ယမ်းမှုန့် ၁ ထုပ်၊ လက်လုပ်စိန် ပြောင်း ၆ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၇၅ လုံး၊ လက်လုပ်ဗုံးမျိုးစုံ ၁၂၆ လုံး၊ ဂျင်ကလိ ၆၇ ချောင်း၊ ဂြိုလ်တုဖုန်း ၃ လုံး၊ ဓါတ်ငွေ့ကာမျက်နှာဖုံး ၃ ခု၊ ဓါတ်ငွေ့ကာမျက်မှန် ၃ ခု၊ Laptop ၃ လုံး၊ ယမ်းကြိတ်ကိ ရိယာ ၁ ခုနှင့်အတူ အခြားဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြ ရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွား လာနေထိုင်မှု သတင်းများရရှိပါကသက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေး သူနှင့် ဖမ်းဆီးပေးသူများအားထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန် ထားသည်။

 

#PeopleMedia #လုံခြုံရေး

 

(unicode)


……………………………………………………………….

 


 


 


 


 


 



Share this post