Move Forward ပါတီကို စွန့်ခွာပြီး ဖီယူထိုင်းပါတီညွန့်ပေါင်းအဖွဲ့သစ် ဖွဲ့စည်းမည်
PUBLISHED - August 3, 2023
နိုင်ငံတကာ၊ သြဂုတ် ၃
ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီဟာ ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ဥပဒေကို ပြင်ဆင်ဖို့ တောက်လျှောက်ပြောနေတာကြောင့် မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲမှာ ဒုတိယမဲ အ များဆုံးရရှိခဲ့တဲ့ ဖီယူထိုင်းပါတီဟာ Move Forward ပါတီနဲ့ လမ်းခွဲပြီး သီးခြားညွန့်ပေါင်းအစိုးရအဖွဲ့တည်ထောင် သွားမယ်လို့ ကြေညာလိုက်ပါတယ်။
အဲဒီကြေညာချက်ကို ဖီယူထိုင်းပါတီခေါင်းဆောင် ချိုနန်ဆရီကောက သြဂုတ်လ ၂ ရက်နေ့ (ဗုဒ္ဓဟူးနေ့) မွန်းလွဲ ပိုင်းက ကြေညာခဲ့တာဖြစ်ပါတယ်။
ဒီနှစ်ပါတီဟာ အစိုးရသစ်ဖွဲ့စည်းဖို့အတွက် Move Forward ပါတီက ဦးဆောင်ဖွဲ့စည်းထားတဲ့ ရှစ်ပါတီညွန့် ပေါင်းအဖွဲ့မှာ အဓိကပါတီကြီးနှစ်ပါတီဖြစ်ပါတယ်။
Move Forward ပါတီက လွှတ်တော်အမတ် ၁၅၁ နေရာရရှိခဲ့ပြီး ဖီယူထိုင်းပါတီက ၁၄၁ နေရာရရှိခဲ့ပါတယ်။ အောက်လွှတ်တော်အမတ်နေရာ ၅၀၀ ရှိတဲ့အနက် အဲဒီညွန့်ပေါင်းအဖွဲ့က ၃၁၂ နေရာ ရရှိထားပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့က ကျင်းပခဲ့တဲ့ ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ ပါတီကတင်သွင်းခဲ့တဲ့ ဝန်ကြီးချုပ်လောင်း ပီတာ လင်းဂျားရင်းနတ်ဟာ အထက်/အောက်နှစ်ရပ်စလုံးက လွှတ်တော်အမတ်တွေဆီက လုံလောက်တဲ့မဲအရေအ တွက်မရရှိခဲ့တဲ့အတွက် Move Forward ပါတီဟာ အစိုးရသစ်ဖွဲ့စည်းနိုင်ခြင်းမရှိပါဘူး။
အဲဒီနောက် အစိုးရသစ်ဖွဲ့စည်းနိုင်ရေးအတွက် ဖီယူထိုင်းပါတီကို Move Forward ပါတီက ဦးဆောင်မှုအခန်း ကဏ္ဍ လွှဲပြောင်းပေးခဲ့ပါတယ်။
ထိုင်းဘုရင်စနစ်ကိုအကာအကွယ်ပေးထားတဲ့ ပြစ်မှုဆိုင်ရာပုဒ်မ ၁၁၂ ပြင်ဆင်ဖို့အတွက် Move Forward ပါတီ ရဲ့ ကြိုးပမ်းမှုကို ထိုင်းစစ်တပ်က ခန့်အပ်ထားတဲ့အထက်လွှတ်တော်အမတ်အများစုနဲ့ ရွေးကောက်ခံအောက် လွှတ်တော်အမတ်အများအပြားက သဘောမတူကြပါဘူး။
အစိုးရသစ်ဖွဲ့စည်းနိုင်ရေးအတွက် လုံလောက်တဲ့မဲအရေအတွက်ကို Move Forward ပါတီကမရရှိခဲ့တဲ့အတွက် တခြားပါတီတွေနဲ့ အထက်လွှတ်တော်အမတ်တွေဆီကထောက်ခံမဲတွေရရှိရေး ကြိုးပမ်းဆောင်ရွက်ဖို့ ဖီယူထိုင်း ပါတီကို ရှစ်ပါတီညွန့်ပေါင်းအဖွဲ့က တာဝန်ပေးလာခဲ့ကြောင်း ဖီယူထိုင်းပါတီခေါင်းဆောင်က သြဂုတ်လ ၂ ရက် နေ့ မွန်းလွဲပိုင်းမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“ပုဒ်မ ၁၁၂ ပြင်ဆင်ဖို့ သူတို့က လက်မခံပါဘူး။ တချို့ပါတီတွေကဆိုရင် အစိုးရအဖွဲ့ထဲမှာ Move Forward ပါ တီပါဝင်နေမယ်ဆိုရင် အဲဒီအစိုးရအဖွဲ့ထဲကို သူတို့တွေပူးပေါင်းမှာမဟုတ်ဘူးလို့တောင် ပြောဆိုခဲ့ပါတယ်။” လို့ ဒေါက်တာချိုနန်က ပြောပါတယ်။
ဒါ့ကြောင့် ဖီယူထိုင်းပါတီအနေနဲ့ ရှစ်ပါတီညွန့်ပေါင်းအဖွဲ့ထဲက နုတ်ထွက်ပြီး ၎င်းတို့ပါတီရဲ့ဝန်ကြီးချုပ်လောင်း ဆရက်သာသာဗီဆင်ကို အမည်စာရင်းတင်သွင်းသွားမှာဖြစ်ကြောင်း သြဂုတ်လ ၂ ရက်နေ့ မနက်ပိုင်းကကျင်းပ ခဲ့တဲ့ အစည်းအဝေးမှာ Move Forward ပါတီကို အကြောင်းကြားခဲ့ပါတယ်။
“ဖီယူထိုင်းပါတီနဲ့ မစ္စတာဆရက်သာတို့ဟာ ပုဒ်မ ၁၁၂ ကို ဒီအတိုင်းပဲဆက်လက်ထားရှိသွားမှာဖြစ်ပြီး ညွန့် ပေါင်းအစိုးရအဖွဲ့သစ်မှာလည်း Move Forward ပါတီကို ထည့်သွင်းသွားမှာ မဟုတ်ပါဘူး။” လို့ ဒေါက်တာချို နန်က ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက Move Forward ပါတီနဲ့ ဆွေးနွေးခဲ့ရာမှာ အပြုသဘောဆောင်တဲ့အခြေအနေတွေရရှိခဲ့ ကြောင်း ၎င်းက ပြောပါတယ်။
“ဖီယူထိုင်းပါတီက လွှတ်တော်ထဲမှာ လုံလောက်တဲ့မဲအရေအတွက်ရရှိအောင် ကြိုးစားသွားမှာဖြစ်သလို Move Forward ပါတီကလည်း အတိုက်အခံပါတီအဖြစ် ရပ်တည်သွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ညွန့်ပေါင်းအဖွဲ့သစ်မှာ ဘယ်ပါတီတွေပါဝင်မယ်ဆိုတာကိုတော့ ကြာသပတေးနေ့ (သြဂုတ်လ ၃ ရက်နေ့) မှာ ကြေညာသွားမယ်လို့ ၎င်းက ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အစိုးရဖွဲ့စည်းရေးအတွက် အနှောင့်အယှက်ဖြစ်နေတာကြောင့် ဖီယူထိုင်းပါတီကဦး ဆောင်တဲ့အစိုးရအဖွ့ဲဟာ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သွားမှာဖြစ်ပြီး အဲဒီလိုပြင်ဆင်ပြီးသွားရင် အစိုး ရက ပြည်သူထံ အာဏာပြန်လည်အပ်နှင်းပြီး ရွေးကောက်ပွဲအသစ်တစ်ရပ်ကျင်းပသွားမှာဖြစ်ကြောင်း ဒေါက် တာချိုနန်က ပြောပါတယ်။
Move Forward ပါတီရဲ့ အကျိုးရှိတဲ့မူဝါဒတွေကို ထောက်ခံကြောင်း ၎င်းက ပြောဆိုလိုက်ပြီး Move Forward ပါတီက မစ္စတာဆရက်သာကို မဲမပေးခဲ့ရင်လည်း ဖီယူထိုင်းပါတီအနေနဲ့ ဗွေယူမှာမဟုတ်ကြောင်း ပြောပါတယ်။ “ဖီယူထိုင်းပါတီဟာ နိုင်ငံက အကျပ်အတည်းထဲက ဆွဲထုတ်သွားမှာပါ။” လို့ ဒေါက်တာချိုနန်က ပြောပါတယ်။
Ref: Pheu Thai dumps MFP, forming new coalition: Bangkok Post
#PeopleMedia