• Follow Us on
Latest News

Home Move Forward ပါတီနဲ့ ပီတာ လူထုထောက်ခံမှု အမြင့်ဆုံးရရှိနေဆဲဖြစ်

Move Forward ပါတီနဲ့ ပီတာ လူထုထောက်ခံမှု အမြင့်ဆုံးရရှိနေဆဲဖြစ်

Share this post

နိုင်ငံတကာ၊ မေ ၂၇

 

ထိုင်းလူမျိုးအများစုဟာ အစိုးရအဖွဲ့ကို ဦးဆောင်ဖို့ Move Forward ပါတီကို ဆက်လက်ထောက်ခံဆဲဖြစ်သလို ပါတီခေါင်းဆောင်ဟောင်း ပီတာလင်းဂျားရင်းနတ်ကိုလည်း ဝန်ကြီးချုပ်အဖြစ် ဆက်လက်ထောက်ခံနေဆဲဖြစ် ကြောင်း The Nation မှာ ရေးသားဖော်ပြထားပါတယ်။

 

King Prajadhipok’s Institute (ပရာဂျာဒီပေါ့မင်းအင်စတီကျု) က အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ ထိုင်းပြည်သူ ၁၀၂၀ ဦးကို မေလ ၇ ရက်နေ့ကနေ ၁၈ နေ့အထိ ဆန်းစစ်လေ့လာမှုပြုလုပ်ခဲ့ရာမှာ ထိုင်းပြည်သူအများစုက Move Forward ပါတီနဲ့ ပီတာကို ဆက်လက်ထောက်ခံနေဆဲဖြစ်ကြောင်း သိရတာဖြစ်ပါတယ်။

 

မဲဆန္ဒနယ်အလိုက် ဘယ်ပါတီကို မဲပေးမလဲလို့မေးတဲ့အချိန်မှာ ပြန်လည်ဖြေကြားသူတွေထဲက ၃၅.၇% က Move Forward ပါတီ၊ ၁၈.၁% ဖီယူထိုင်းပါတီ၊ ၁၁.၂% က ဖုန်ဂျိုင်ထိုင်းပါတီ၊ ၉.၂% က United Thai Nation ပါတီ၊ ၇.၈% က ပါလန်ပရာချာရတ်ပါတီ၊ ၅% က ဒီမိုကရက်ပါတီ၊ ၁.၆% က ချတ်ထိုင်းပတ္တနာပါတီ၊ ၁.၂% က ပရာချာချတ်ပါ တီနဲ့ ၁၀.၂% က မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။

 

ရွေးကောက်ပွဲပါတီစာရင်းအလိုက် ဘယ်ပါတီကို မဲပေးမလဲလို့ မေးတဲ့အချိန်မှာ ၄၄.၉% က Move Forward ပါတီ၊ ၂၀.၂% က ဖီယူထိုင်းပါတီ၊ ၁၀.၉% က United Thai Nation ပါတီ၊ ၃.၅% က ဖုန်ဂျိုင်ထိုင်းပါတီ၊ ၃% က ပါလန်ပရာချာရတ်ပါတီ၊ ၃% က ဒီမိုကရက်ပါတီ၊ ၁.၃% က ပရာချာချတ်ပါတီ၊ ဝ.၇% က ချတ်ထိုင်းပတ္တနာ ပါတီနဲ့ ၁၂.၅% က မဆုံးဖြတ်ရသေးကြောင်း ပြန်လည်ဖြေကြားပါတယ်။

 

လက်ရှိအချိန် ဘယ်သူ့ကို ဝန်ကြီးချုပ်ဖြစ်စေချင်သလဲလို့ မေးမြန်းတဲ့အချိန်မှာ ၄၆.၉% က ပီတာလင်းဂျားရင်း နတ်၊ ၁၇.၇% က ဗိုလ်ချုပ်ကြီးပရာယွတ်ချန်အိုချာ (ဝန်ကြီးချုပ်ဟောင်း)၊ ၁၀.၅% က ပေထောင်တန်ရှင်နာဝပ် ထရာ (ဖီယူထိုင်းပါတီခေါင်းဆောင်)၊ ၈.၇% က လက်ရှိဝန်ကြီးချုပ် ဆရက်ထာထာဗီဆင်၊ ၃.၃% က အနူတင် ချန်းဗီရာကူလ် (ဖုန်ဂျိုင်းထိုင်းပါတီခေါင်းဆောင်/ လက်ရှိကျန်းမာရေးဝန်ကြီး)၊ ၁.၇% က ဂျူရင်လက်ဆာနာဝီ ဆစ် (ဒီမိုကရက်ခေါင်းဆောင်ဟောင်း)၊ ဝ.၄% က ဗိုလ်ချုပ်ကြီးပရာဝတ်ဝေါင်ဆူဝန် (ပါလန်ပရာချာရတ်ပါတီ ခေါင်းဆောင်/ ဒုတိယဝန်ကြီးချုပ်ဟောင်း) နဲ့ ၁၀.၉% က မဆုံးဖြတ်ရသေးကြောင်း ဖြေကြားခဲ့ပါတယ်။

 

Ref: Move Forward, Pita still most popular, survey finds

 

#PeopleMedia


Share this post