• Follow Us on
Latest News

Home Move Forward ပါတီနဲ့ လမ်းခွဲမယ်လို့ ကြေညာလိုက်ပြီးနောက် လူမှုကွန်ရက်ပေါ်မှာ ဖီယူထိုင်းပါတီကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်နေ

Move Forward ပါတီနဲ့ လမ်းခွဲမယ်လို့ ကြေညာလိုက်ပြီးနောက် လူမှုကွန်ရက်ပေါ်မှာ ဖီယူထိုင်းပါတီကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်နေ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၄

 

ဖီယူထိုင်းပါတီဟာ Move Forward ပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ထဲကခွဲထွက်ပြီး အစိုးရသစ်ဖွဲ့နိုင်ရေး အ တွက် သီးခြားညွန့်ပေါင်းအဖွဲ့ထူထောင်မယ်လို့ ကြေညာလိုက်ပြီးနောက် ထိုင်းနိုင်ငံ လူမှုကွန်ရက်ပေါ်မှာ ဖီယူ ထိုင်းပါတီအကြောင်းဟာ လူပြောအများဆုံး အကြောင်းအရာဖြစ်လာပါတယ်။

 

ဖီယူထိုင်းပါတီထောက်ခံသူအများအပြားဟာ ပါတီရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်ကြောင်း ၎င်းတို့ရဲ့အမြင်တွေကို လူမှုကွန်ရက်တွေပေါ်မှာ ထုတ်ဖော်ပြောကြားလာကြပါတယ်။

 

သြဂုတ်လ ၂ ရက်နေ့ ညပိုင်းကတည်းက လူမှုကွန်ရက်ပေါ်မှာ ဖီယူထိုင်းပါတီကိုဝေဖန်တဲ့အကြောင်းအရာဟာ ထိပ်တန်းအကြောင်းအရာဖြစ်လာပြီး အဲဒီခေါင်းစဉ်နဲ့ လူမှုကွန်ရက်ပေါ်မှာ အကြိမ်တစ်သန်းထက်မနည်း တွေ့ရှိ ခဲ့ရတယ်လို့ဆိုပါတယ်။

 

တပြိုင်တည်းမှာပဲ အခုဖျက်သိမ်းပြီးဖြစ်တဲ့ Future forward ပါတီကို ပူးတွဲတည်ထောင်သူ ဖီယာဘူတေဆန် ကာနော့ကူလ်ကလည်း ၎င်းရဲ့ Facebook စာမျက်နှာမှာ “Move Forward ပါတီအနေနဲ့ ရှက်ရွံ့စရာ/ စိတ် ဓာတ်ကျစရာ ဘာအကြောင်းမှမရှိဘဲ သူတို့ (ဖီယူထိုင်းပါတီ) သာ ရှက်ရွံရမယ့်သူတွေဖြစ်ကြောင်း” ရေးသားခဲ့ ပါတယ်။

 

ဖီယူထိုင်းပါတီဟာ “ဘုရင်စနစ်နဲ့ တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ဥပဒေ ပြင်ဆင်ရေးနဲ့ပတ် သက်ပြီး” Move Forward ပါတီကို အလျှော့အတင်းအပေးအယူလုပ်ဖို့ ဘယ်တုန်းကမှ ညှိနှိုင်းခဲ့ခြင်းမရှိဘူးလို့ Future forward ပါတီ ပြောခွင့်ရပုဂ္ဂိုလ်ဟောင်း ပန်နီကာဝါနစ်က ဗီဒီယိုဖိုင်တစ်ခုမှာ ပြောကြားထားပါတယ်။

 

“ဖီယူထိုင်းပါတီက ပြောခဲ့တာက Move Forward ပါတီကို ဘယ်သူမှ အလိုမရှိတော့ဘူး။ ဒီပါတီ ဒီမှာရှိနေရင် ကျွန်တော်တို့ အစိုးရသစ်ဖွဲ့စည်းနိုင်မှာ မဟုတ်တော့ဘူး။ ဒါ့ကြောင့် Move Forward ပါတီ ထွက်သွားပေးပါလို့ သာ ပြောဆိုခဲ့တာပါ။” လို့ ၎င်းက ပြောပါတယ်။

 

“ကျွန်တော်တို့ရဲ့ရန်သူတွေဟာ အားလုံးအတူတူပဲဖြစ်ပါတယ်။ အဲဒီအထဲမှာမှ အခုဆိုရင် ဖီယူထိုင်းပါတီတစ်ခု ထပ်တိုးလာပြီဖြစ်ပါတယ်။” လို့ Move Forward ပါတီကိုထောက်ခံတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဂျတူပတ် ဘူးပတ္တရာရက္ကဆာက ပြောပါတယ်။

 

Ref: Pheu Thai in social media storm after parting ways with Move Forward

 

#PeopleMedia


Share this post