• Follow Us on

Home Move Forward ပါတီဖျက်သိမ်းခံရပြီးနောက် ပါတီသစ်ကို ဆီရိကန်ညာဆန် ဦးဆောင်သွားမည်

Move Forward ပါတီဖျက်သိမ်းခံရပြီးနောက် ပါတီသစ်ကို ဆီရိကန်ညာဆန် ဦးဆောင်သွားမည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၉

 

ဖျက်သိမ်းခံလိုက်ရတဲ့ Move Forward ပါတီက လွှတ်တော်အမတ်တွေဟာ သောကြာနေ့မှာ ပါတီသစ်တစ်ခု ကို ကူးပြောင်းသွားမှာဖြစ်ကြောင်း ပါတီကို တတိယအကြိမ်ပြင်ဆင်ဖွဲ့စည်းမယ့်ပါတီကို ဦးဆောင်သွားမယ့် ဆီ ရိကန်ညာဆန်ဆာကူလ်က ပြောကြားလိုက်ပါတယ်။

 

ထိုင်းဘုရင်စနစ်ကိုအကာအကွယ်ပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၂ ကို ပြန်လည်ပြင်ဆင်ပြီး ဘုရင် စနစ်ကို ဖြုတ်ချဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဗုဒ္ဓဟူးနေ့က ဖျက်သိမ်းလိုက်ပြီးနောက် ဆီရိကန်ညာက အခုလို ပြောကြား လိုက်တာဖြစ်ပါတယ်။

 

အသက် ၄၃ နှစ်အရွယ် စီးပွားရေးပညာရှင် ဆီရိကန်ညာဆန်ဆာကူလ်ဟာ နိုင်ငံရေးလုပ်ကိုင်ခွင့် ၁၀ နှစ် ပိတ် ပင်ကြောင်း အမိန့်ချမှတ်ခံလိုက်ရတဲ့ Move Forward ပါတီက လွှတ်တော်အမတ် ၁၁ ဦးထဲမှာ မပါဝင်ခဲ့ပါဘူး။

 

MFP ပါတီလွှတ်တော်အမတ်တွေဟာ သင်ကာခီယိုချိုဗီလိုင်ပါတီ (TKCV) ကို ပြောင်းရွှေ့သွားမှာဖြစ်ကြောင်း ပါတီရဲ့ထိပ်တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

အဓိကအတိုက်အခံပါတီဖြစ်တဲ့ Move Forward ပါတီ ဖျက်သိမ်းခံလိုက်ရပြီးနောက် ပါတီဝင်လွှတ်တော်အမတ် ၁၄၂ ဦးဟာ အိမ်သစ်တက်ဖို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

 

ပါတီရဲ့ နံပတ် ၂ ခေါင်းဆောင်အတွက် Move Forward ပါတီ ဒါရိုက်တာဟောင်း ဆာရာယွတ်ဂျိုင်လက်၊ လွှတ် တော်အမတ် ဝီရာ့လက္ခဏာဒစ်ဆွန်နဲ့ နတ်သာဖောင်း ရောင်းပန်ယာဝတ်တို့ သုံးဦးကို စဉ်းစားထားတယ်လို့ သ တင်းတွေ ထွက်ပေါ်နေပါတယ်။

 

နတ်သာဖောင်း ရောင်းပန်ယာဝတ်ဟာ ပါတီဝင်လွှတ်တော်အမတ်တွေကြားမှာ ဂုဏ်သိက္ခာရှိပြီး လူအများလေး စားတဲ့သူဖြစ်ပြီး လွှတ်တော်ထဲမှာ အဓိကအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ခဲ့သလို “Kao Geek”. လို Move Forward ပါတီရဲ့လူမှုကွန်ရက်အုပ်စုတွေကို တည်ထောင်ခဲ့သူလည်းဖြစ်တဲ့အတွက် ဒုတိယခေါင်းဆောင်ဖြစ်နိုင် ဖွယ်ရှိကြောင်း ခန့်မှန်းထားကြပါတယ်။

 

ပါတီက သတ်မှတ်အရည်အချင်းနဲ့ မပြည့်စုံဘူးဆိုရင် ပါတီအမှုဆောင်သစ်ရွေးချယ်မှုဟာ နိုင်ငံရေးအရ ပိတ်ပင် ခံရဖို့ ပစ်မှတ်တွေဖြစ်လာမှာကို လွှတ်တော်အမတ်တချို့က စိုးရိမ်နေတဲ့အတွက် ပါတီသစ်ရဲ့ အမှုဆောင် ကော်မတီကို ရွေးချယ်ဖို့ မစီစဉ်ရသေးပါဘူး။

 

အမှုဆောင်ကော်မတီထဲကို ပါဝင်ဖို့အတွက် လွှတ်တော်အမတ်တွေကို အားပေးထောက်ခံနေတာဟာ သူတို့ကို ကျိန်ဆဲနေတာနဲ့ တူနေလိမ့်မယ်လို့ လွှတ်တော်အမတ်တချို့က အရွှန်းဖောက် ပြောဆိုပါတယ်။

 

Move Forward ပါတီရဲ့ ပထမမျိုးဆက်ဖြစ်တဲ့ Future Forward ပါတီကို ၂၀၁၉ ခုနှစ်ရွေးကောက်ပွဲ ကျင်းပ ပြီးနောက် ၂၀၂၀ ပြည့်နှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဖျက်သိမ်းခဲ့ပါတယ်။

 

Ref: Sirikanya to lead new iteration of Move Forward after party dissolved

 

#PeopleMedia


Share this post