Move Forward ပါတီဖျက်သိမ်းရေး တိုင်ကြားချက် ထိုင်းတရားရုံးလက်ခံ

PUBLISHED - April 3, 2024
နိုင်ငံတကာ၊ ဧပြီ ၃
Move Forward ပါတီကို ဖျက်သိမ်းဖို့ တိုင်ကြားချက်ကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒဆိုင်ရာတရားရုံးက လက်ခံ လိုက်ကြောင်း ဗုဒ္ဓဟူးနေ့ (ဧပြီလ ၃ ရက်နေ့) က ကြေညာလိုက်ပါတယ်။
ဘုရင်စနစ်ကိုအကာအကွယ်ပေးထားတဲ့ ဥပဒေကို ပြန်လည်ပြင်ဆင်သွားဖို့ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲ မဲ ဆွယ်ပွဲမှာ ကတိပေးခဲ့တဲ့ Move Forward ပါတီကို ဖျက်သိမ်းပေးဖို့ ရွေးကောက်ပွဲကော်မရှင်က တိုင်ကြားလာ တာကို ထိုင်းတရားရုံးက လက်ခံလိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း အဲဒီဥပဒေကြောင့် ထိုင်းပြည်သူ ၂၆၀ ထက်မနည်း တရားစွဲခံခဲ့ရပါတယ်။
အဲဒီဥပဒေကိုပြင်ဆင်မယ်ဆိုတဲ့ Move Forward ပါတီရဲ့ အစီအစဉ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘဲ ဘုရင် ကို နိုင်ငံ့အကြီးအကဲခန့်အပ်ထားတာကို ဖြုတ်ချဖို့ ကြိုးပမ်းတာဖြစ်ကြောင်း တရားရုံးက ပြောဆိုခဲ့ပြီးနောက်မှာ အခုလို ရွေးကောက်ပွဲကော်မရှင်ရဲ့ တိုင်ကြားချက်ကို လက်ခံလိုက်တာဖြစ်ပါတယ်။
Move Forward ပါတီဟာ ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပေမဲ့ ဘုရင်စနစ်ကိုထောက်ခံတဲ့လွှတ် တော်အမတ်တွေနဲ့ ထိုင်းတပ်မတော်သားလွှတ်တော်အမတ်တွေရဲ့ ကန့်ကွက်မှုကြောင့် အစိုးရဖွဲ့စည်းခွင့် လက် လွှတ်ဆုံးရှုံးခဲ့ရပါတယ်။
Move Forward ပါတီဟာ အောက်လွှတ်တော်ထဲမှာ လွှတ်တော်အမတ် ၃၀% ဝန်းကျင်ရှိပြီး အင်အားအ တောင့်တင်းဆုံး အတိုက်အခံပါတီဖြစ်ပါတယ်။ ဘုရင်စနစ်ကိုဝေဖန်ရင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ အဲဒီဥပဒေကို ပြင်ဆင်မယ့်အရေးကို ထိုင်းလူ ငယ်တွေနဲ့ မြို့ပြမဲဆန္ဒရှင်တွေက ထောက်ခံခဲ့ကြပါတယ်။
တရားရုံးက Move Forward ပါတီကို ဖျက်သိမ်းရေးကိစ္စကို ဆုံးဖြတ်ဖို့ လက်ခံလိုက်မယ်ဆိုရင် Move Forward ပါတီအနေနဲ့ ၎င်းရှေ့က Future Forward ပါတီလို ပါတီဖျက်သိမ်းခံရနိုင်သလို နိုင်ငံရေးလုပ်ကိုင်ခွင့်တွေကို လည်း တားမြစ်ပိတ်ပင်ခံရနိုင်ပါတယ်။
Move Forward ပါတီကတော့ ၎င်းတို့ရဲ့ ရွေးကောက်ပွဲမဲဆွယ်ပွဲဟာ စည်းမျဉ်းခံဘုရင်စနစ်ကို အားပေးမြှင့်တင် ဖို့ကြိုးစားတာဖြစ်ပြီး ဥပဒေကို အလွဲသုံးစားလုပ်နေတာတွေကို ကာကွယ်ဖို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောပါ တယ်။
ပါတီဖျက်သိမ်းရေး တိုင်ကြားချက်ကို တရားရုံးက လက်ခံလိုက်တာနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီ ဖြေရှင်းသွားဖို့ ပြင်ဆင်ထားကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
Ref: Thai court accepts case seeking to disband opposition Move Forward Party
#PeopleMedia