• Follow Us on

Home Move Forward ပါတီ အတိုက်အခံပါတီအဖြစ် ရပ်တည်မည်

Move Forward ပါတီ အတိုက်အခံပါတီအဖြစ် ရပ်တည်မည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၃

 

ထိုင်းအောက်လွှတ်တော်ထဲမှာ အင်အားအကောင်းဆုံးပါတီဖြစ်ပေမဲ့ ၎င်းတို့အနေနဲ့ အတိုက်အခံပါတီအဖြစ် ရပ် တည်သွားမှာဖြစ်ကြောင်း Move Forward ပါတီက ကြေညာလိုက်ပါတယ်။

 

သြဂုတ်လ ၂၂ ရက်နေ့ ညနေပိုင်းမှာ ဖီယူထိုင်းပါတီက အမည်စာရင်းတင်သွင်းလာတဲ့ ဆရက်သာသာဗီဆင်ကို ထိုင်းလွှတ်တော်က ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့ပြီးနောက်မှာ Move Forward ပါတီက အခုလိုကြေညာလိုက် တာဖြစ်ပါတယ်။

 

ဆရက်သာဟာ လွှတ်တော်ထဲမှာ ထောက်ခံမဲ ၄၈၂ မဲ၊ ကန့်ကွက်မဲ ၁၆၅ မဲနဲ့ ကြားနေမဲ ၈၁ မဲ ရရှိခဲ့တာဖြစ်ပါ တယ်။

 

ညွန့်ပေါင်းအစိုးရသစ်ဖွဲ့စည်းဖို့အတွက် ဖီယူထိုင်းပါတီက အာဏာသိမ်းစစ်အစိုးရနဲ့ဆက်နွယ်တဲ့ပါတီတွေ၊ တ ခြားပါတီတွေနဲ့ မိတ်ဖက်ပါတီအဖြစ်ဖွဲ့စည်းလိုက်တာဟာ ရှပ်နီအုပ်စုနဲ့ ရှပ်ဝါအုပ်စုတွေကြားထဲက နိုင်ငံရေးသ ဘောထားကွဲလွဲမှုကို အဆုံးသတ်နိုင်မှာမဟုတ်ဘဲ အာဏာသိမ်းစစ်အုပ်စုရဲ့နိုင်ငံရေးစနစ်ကို သက်တမ်းရှည်စေ ဖို့ ပူးပေါင်းကြံစည်မှုသာဖြစ်ကြောင်း Move Forward ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ချိုင်းသာဝပ် တူလာ ထုန်က မီဒီယာတွေကို ပြောပါတယ်။

 

Move Forward ပါတီအနေနဲ့ ပြည်သူ့အကျိုးအတွက် အစိုးရရဲ့လုပ်ဆောင်မှုတွေကို စစ်ဆေးဖို့ အစွမ်းကုန်ကြိုး ပမ်းဆောင်ရွက်သွားမှာဖြစ်သလို ထိုင်းလူမှုအဖွဲ့အစည်းမှာ အပြောင်းအလဲတွေဖြစ်ပေါ်လာစေဖို့အတွက် လွှတ် တော်ပြင်ပကအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

Move Forward ပါတီဟာ အတိုက်အခံပါတီအနေနဲ့ ရပ်တည်သွားမှာဖြစ်ပေမဲ့ အစိုးရနဲ့ပတ်သက်တာမှန်သမျှ အရာအားလုံးကို ဆန့်ကျင်သွားမှာမဟုတ်သလို အစိုးရဟန်ချက်ပျက်သွားအောင်လည်း လုပ်ဆောင်သွားမှာမ ဟုတ်ဘူးလို့လည်း ၎င်းက ပြောပါတယ်။

 

တပြိုင်တည်းမှာပဲ Move Forward ပါတီဘက်မှာ ပြည်သူတွေရှိနေကြောင်း၊ အထွေထွေရွေးကောက်ပွဲစတင်က တည်းက သုံးလအတွင်း နိုင်ငံရေးအခြေအနေတွေက ပါတီရပ်တန့်သွားအောင် ဆောင်ရွက်ခဲ့ကြကြောင်း ပါတီ ခေါင်းဆောင် ပီတာလင်းဂျားရင်းနတ်က ၎င်းရဲ့ Facebook မှာ မနေ့ (သြဂုတ်လ ၂၂ ရက်နေ့) က ရေးသားဖော် ပြခဲ့ပါတယ်။

 

ဖီယူထိုင်းပါတီနဲ့ အာဏာသိမ်းစစ်တပ်နဲ့ဆက်နွယ်နေတဲ့ ပါလန်ပရာချာရတ်ပါတီ၊ UTN ပါတီတို့ မိတ်ဖက်အဖွဲ့အ စည်းတွေအဖြစ် ပေါင်းစည်းမှုဟာ “လမ်းမှားကို ရွေးချယ်ခြင်းဖြစ်ကြောင်း” ၎င်းက ပြောပါတယ်။

 

၎င်းအနေနဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်နဲ့ လှုံ့ဆော်မှုအဖြစ် Move Forward ပါတီကို ဆက်လက်ဦးဆောင် သွားမယ်လို့ သံန္နိဋ္ဌာန်ချထားကြောင်း ပီတာလင်းဂျားရင်းနတ်က ပြောပါတယ်။

 

Ref: Move Forward becomes main opposition party

 

#PeopleMedia


Share this post