• Follow Us on

Home Move Forward အသွင်ပြောင်း ပြည်သူ့ပါတီ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရ

Move Forward အသွင်ပြောင်း ပြည်သူ့ပါတီ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၂

 

Move Forward ပါတီကို အသွင်ပြောင်းဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ပါတီ (People’s Party) ဟာ ဥပဒေအရသတ် မှတ်ထားတဲ့ ရုံးခွဲတွေ အလုံအလောက်ရှိမရှိ စစ်ဆေးပေးဖို့ ထိုင်းပက်ဒီးပါတီရဲ့ ဘုရင်စနစ်ကိုထောက်ခံသူ ပါတီ ခေါင်းဆောင်က တောင်းဆိုလိုက်ပါတယ်။

 

ပြည်သူ့ပါတီဟာ ရုံးခွဲတွေ နည်းပါးလွန်းတဲ့အတွက် သတ်မှတ်အရည်အချင်းပြည့်မီခြင်းရှိမရှိ စစ်ဆေးပေးဖို့ ၎င်း အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုခဲ့ကြောင်း ထိုင်းပက်ဒီးပါတီခေါင်းဆောင် ဒေါက်တာဝါရောင်း ဒီ ချတ်ဗီဂရုမ်းက ၎င်းရဲ့ Facebook page မှာ တနင်္ဂနွေနေ့ (သြဂုတ်လ ၁၁ ရက်နေ့) က ရေးသားခဲ့ပါတယ်။

 

ပြည်သူ့ပါတီဟာ သင်ကာခယိုချာအိုဗီလိုင်းပါတီဟောင်းကို နာမည်အသစ်ပေးစပြီး ဖွဲ့စည်းထားတာဖြစ်ပေမဲ့ နိုင်ငံတစ်ဝန်း ၎င်းတို့ရဲ့ရုံးခွဲတွေဟာ နိုင်ငံရေးပါတီတစ်ရပ်ရှိရမယ့် အနေအထားနဲ့အညီ တည်ရှိခြင်းရှိမရှိ သံသ ယဖြစ်မိကြောင်း ၎င်းက ပြောပါတယ်။

 

နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ တစ်နှစ်အတွင်း ဒေသတစ်ခုမှာ အနည်းဆုံး ရုံးခွဲတစ်ခုမရှိရင် သတ်မှတ်အရည် အ ချင်းမပြည့်မီဘူးလို့ နိုင်ငံရေးပါတီများဆိုင်ရာဥပဒေမှာ သတ်မှတ်ပြဋ္ဌာန်းထားကြောင်း ဒေါက်တာဝါရောင်းက ပြောပါတယ်။

 

၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ သင်ကာခယိုချာအိုဗီလိုင်းပါတီဟာ နိုင်ငံမြောက်ပိုင်းမှာ ရုံးခွဲ နှစ်ခု၊ အလယ်ပိုင်းမှာ ရုံးခွဲတစ်ခု စုစုပေါင်း ရုံးခွဲသုံးခုရှိပေမဲ့ တောင်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ ရုံးခွဲတစ်ခုမှ မရှိဘူး ဆိုတာကို ရွေးကောက်ပွဲကော်မရှင်ဝက်ဆိုက်ကတစ်ဆင့် သိရကြောင်း ၎င်းက ပြောပါတယ်။

 

“ပွင့်လင်းမြင်သာရှိဖို့အတွက် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အဲဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး နှစ်အလိုက်ရုံးခွဲ ဘယ်လောက်ရှိတယ်ဆိုတာကို ပြည်သူကို ချပြရမှာဖြစ်ပါတယ်။” လို့ ဒေါက်တာဝါရောင်းက ပြောပါတယ်။

 

“သင်ကာခယိုချာအိုဗီလိုင်းပါတီဟာ တစ်နှစ်အတွင်း ဒေသလေးခုမှာ ရုံးခွဲတွေမရှိခဲ့ဘူးဆိုရင် ဥပဒေအရ ပါတီ ဆက်လက်ရပ်တည်ခွင့် ဆုံးရှုံးသွားမှာဖြစ်တယ်။ ဆိုတော့ အဲဒီလို ဆုံးရှုံးသွားပြီဆိုရင် အရည်အချင်းမပြည့်မီ တော့တဲ့ ပါတီကို ပြည်သူ့ပါတီက ယူသုံးလို့ မရတော့ပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ၎င်းပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်ထံကို တိုင်တန်းလွှာတစ်စောင့် ပေးပို့တင်ပြ သွားမှာဖြစ်ကြောင်း ဒေါက်တာဝါရောင်းက ပြောပါတယ်။

 

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ပြီးခဲ့တဲ့သီတင်းပတ်က ဖျက် သိမ်းလိုက်ပြီး အချိန်တိုအတွင်းမှာပဲ Move Forward ပါတီရဲ့လွှတ်တော်အမတ်တွေဟာ ၎င်းတို့ဆက်လက်ရပ် တည်နိုင်ဖို့အတွက် ပြည်သူ့ပါတီကို ပြောင်းရွှေ့ခဲ့ကြပါတယ်။

 

ပြည်သူ့ပါတီအနေနဲ့ ၃၂ နာရီအတွင်း အလှူငွေ ဘတ် သန်း ၂၀ ကျော်ရရှိသွားပြီဖြစ်သလို နှစ်ရက်မပြည့်ခင်မှာ ပဲ ပါတီဝင်အသစ်လျှောက်ထားသူ ၄၀,၀၀၀ နီးပါး ရရှိသွားပြီဖြစ်ကြောင်း ပါတီရဲ့ Facebook page မှာ တနင်္ဂ နွေနေ့က ကြေညာခဲ့ပါတယ်။

 

လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရအောင်လုပ်ပြီး ပါတီတစ်ခုတည်းက အစိုးရဖွဲ့နိုင်အောင် ကြိုးစားသွားမှာဖြစ် ကြောင်း အဓိကအတိုက်အခံပါတီဖြစ်တဲ့ ပြည်သူ့ပါတီက ကြေညာပါတယ်။

 

Ref: Move Forward Party’s reincarnation challenged

 

#PeopleMedia


Share this post