• Follow Us on
Latest News

Home MQ-9B ဒရုန်းတွေ အိန္ဒိယကိုရောင်းချပေးဖို့ အမေရိကန်အစိုးရခွင့်ပြု

MQ-9B ဒရုန်းတွေ အိန္ဒိယကိုရောင်းချပေးဖို့ အမေရိကန်အစိုးရခွင့်ပြု

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂

 

အမေရိကန်ထုတ် MQ-9B Sky Guardian ဒရုန်း ၃၁ စင်းကို အိန္ဒိယနိုင်ငံကို ရောင်းချဖို့အတွက် အမေရိကန်နိုင် ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ပါတယ်။

 

ဒေါ်လာ ၄ ဘီလျံနီးပါး (ဒေါ်လာ ၃.၉၉ ဘီလျံ) တန်ကြေးရှိတဲ့ အဲဒီစစ်လက်နက်ပစ္စည်းရောင်းချရေးအစီအစဉ် မှာ AGM-114R Hellfire ဒုံးကျည် အစင်း ၁၇၀၊ GBU-39B/B လေဆာပဲ့ထိန်းလမ်းညွှန်ဗုံး အလုံး ၃၁၀ နဲ့ GP နဲ့ အင်နာရှားလမ်းကြောင်းရှာစနစ် ၁၆၁ ခု ပါဝင်တယ်လို့ ဆိုပါတယ်။

 

ဒရုန်း ၃၁ စင်းကို အိန္ဒိယရေတပ်က ၁၅ စင်း၊ အိန္ဒိယကြည်းတပ်နဲ့ လေတပ်က ၈ စင်းစီ ခွဲဝေရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

“ပင်လယ်ရေလမ်းကြောင်းတွေမှာ မောင်းသူမဲ့လေယာဉ်တွေအသုံးပြုပြီး စောင့်ကြည့်ထောက်လှမ်းခြင်း၊ ကင်း ထောက်ခြင်းတာဝန်တွေထမ်းဆောင်နိုင်တဲ့အတွက် ဒီအဆိုပြုထားတဲ့စစ်လက်နက်ပစ္စည်းရောင်းချမှုအစီအစဉ် ဟာ လက်ရှိကာလခြိမ်းခြောက်မှုတွေနဲ့ အနာဂတ်ကာလခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့အတွက် အိန္ဒိယနိုင်ငံရဲ့ စွမ်းရည်ကို မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်။” လို့ လုံခြုံရေးကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ DSCA က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

 

အိန္ဒိအစိုးရဟာ ပင်လယ်ရေကြောင်းနဲ့ အိန္ဒိယနဲ့ ထိစပ်နေတဲ့ တရုတ်/ပါကစ္စတန် နယ်စပ်တစ်လျှောက် စောင့် ကြည့်ထောက်လှမ်းဖို့အတွက် MQ-9B Sky Guardian ဒရုန်းတွေဝယ်ယူဖို့ ၂၀၂၃ ခုနှစ် ဇွန်လအတွင်းက ခွင့်ပြု ခဲ့တာဖြစ်ပါတယ်။

 

အမေရိကန်နိုင်ငံသားတစ်ဦးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုတစ်ခုအတွက် အိန္ဒိယနိုင်ငံကို စုံစမ်းစစ်ဆေးခိုင်း ဖို့အတွက် လက်နက်ရောင်းချရေးသဘောတူညီချက်ကို အမေရိကန်အစိုးရက ခွင့်မပြုသေးဘဲ ဆိုင်းငံထား ကြောင်း မီဒီယာသတင်းတွေထွက်ပေါ်လာတဲ့အချိန်မှာ အခုလို အမေရိကန်အစိုးရဘက်က ခွင့်ပြုလိုက်တာဖြစ် ပါတယ်။

 

အိန္ဒိယလုံခြုံရေးအရာရှိတစ်ဦးဟာ နယးယောက်မြို့မှာနေထိုင်တဲ့ ဂုပတ္တဝန့်ဆင်းပန်နန်ဆိုသူကို လုပ်ကြံသတ် ဖြတ်ဖို့အတွက် ပူးပေါင်းကြံစည်ခဲ့ကြောင်း အမေရိကန်ဖက်ဒရယ်တရားရုံးရဲ့ ထုတ်ပြန်ကြေညာချက်ကိုကိုးကား ပြီး The Wire မီဒီယာဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။

 

ခါလစ်စတန်ခွဲထွက်ရေးဝါဒီ ဂုပတ္တဝန့်ဆင်းပန်နန်ဟာ အကြမ်းဖက်မှုတွေပါဝင်ပတ်သက်နေတယ်လို့အိန္ဒိယ အစိုးရက စွပ်စွဲထားပါတယ်။

 

အိန္ဒိယနိုင်ငံသားတစ်ဦးဖြစ်တဲ့ နစ်ခေးလ်ဂုပတ္တကို အဆိုပါလုပ်ကြံသတ်ဖြတ်မှုမှာ ကြံရာပါဖြစ်တယ်လို့ စွပ်စွဲ ထားပြီါ် လက်ရှိအချိန်မှာ မူရင်းနိုင်ငံကို ပြန်မပို့ဘဲ ချက်သမ္မတနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

 

ဂုပတ္တဟာ နယူးယောက်မှာရှိတဲ့ ပန်နန်ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် အမေရိကန် FBI ထောက်လှမ်းရေး တစ်ဦးကို ဒေါ်လာ ၁၀၀,၀၀၀ ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

 

ဂုပတ္တကို လူသတ်ဖို့ငှားရမ်းခြင်း/ ငှားရမ်းလူသတ်သမားနဲ့ ပူးပေါင်းကြံစည်ခြင်းတို့နဲ့ စွဲချက်တင်ထားပြီး ပြစ်မှု ထင်ရှားရင် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

Ref: US Approves $4B Sale of MQ-9B Drones, Hellfire Missiles to India

 

#PeopleMedia


Share this post