MQ-9B Protector ဒရုန်းကို ဗြိတိန်တော်ဝင်လေတပ်က ပထမဦးဆုံးအကြိမ် စမ်းသပ်ပျံသန်း
PUBLISHED - November 21, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၁
အမေရိကန်ထုတ် MQ-9B Protector ဒရုန်းကို ဗြိတိန်တော်ဝင်လေတပ်က လင်ကွန်းမြို့မှာ ပထမဦးဆုံး အ ကြိမ်အဖြစ် အောင်မြင်စွာစမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။
စမ်းသပ်ပျံသန်းမှုပြုလုပ်နေစဉ်အတွင်း ဗြိတိန်တော်ဝင်လေတပ် ဝါဒင်တန်လေဆိပ်ကနေ အဲဒီဒရုန်းကို လွှတ် တင်ခဲ့တာဖြစ်ပြီး မြေပြင်အခြေစိုက်ထိန်းချုပ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ထိန်းချုပ်မောင်းနှင်ခဲ့တာဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်က General Atomics ကုမ္ပဏီနဲ့ ချုပ်ဆိုခဲ့တဲ့စာချုပ်အစိတ်အပိုင်းတစ်ရပ်အဖြစ် အခုနှစ်အောက် တိုဘာလအတွင်း ဒရုန်းတွေရောက်လာပြီးနောက်မှာ အခုလို ပထမဦးဆုံးအကြိမ်စမ်းသပ်မောင်းနှင်ခဲ့တာဖြစ်ပါ တယ်။
အနာဂတ် MQ-9B Protector ဒရုန်းတပ်ဖွဲ့ကို ဒရုန်းအစင်းရေ ၁၆ စီးနဲ့ တိုးချဲ့ဖွဲ့စည်းဖို့အတွက် ၂၀၂၁ ခုနှစ်မှာ ဗြိတိန်နိုင်ငံက MQ-9B Protector ဒရုန်း ၁၃ စင်းကို ထပ်မံမှာယူခဲ့ပါတယ်။
MQ-9B Protector ဒရုန်းကို စစ်ဆင်ရေးတာဝန်မထမ်းဆောင်မီ အခုလို ကနဦးစမ်းသပ်ပျံသန်းမှုတွေလုပ်နေ တာဖြစ်ကြောင်း ဗြိတိန်တော်ဝင်လေတပ်က ပြောပါတယ်။
MQ-9B Protector ဒရုန်းရဲ့ တာဝန်တွေထဲမှာ ရေပြင်/မြေပြင် စောင့်ကြည့်ထောက်လှမ်းရေး၊ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးတာဝန်တွေနဲ့ အရပ်ဘက်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးလုပ်ငန်းတွေမှာ ထောက်ပံ့ ကူညီဖို့ ပါဝင်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဗြိတိန်တပ်မတော်က တော်ဝင်ကမ်းခြေစောင့်တပ်ဖွဲ့ကဦးဆောင်တဲ့ ရှာဖွေကယ်ဆယ်ရေးစစ်ဆင်ရေး တွေမှာလည်း MQ-9B Protector ဒရုန်းကို အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့တပ်မတော်ရဲ့လက်ထဲကို ခေတ်မီစစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးခြင်းအားဖြင့် ကျွန်တော် တို့ရဲ့ DE&S ဟာ စစ်ဆင်ရေးတာဝန်တွေကိုအဆင့်မြှင့်ဆောင်ရွက်နေပါတယ်။” လို့ ဗြိတိန် စစ်လက်နက်ပစ္စည်း နဲ့ ထောက်ပံ့ရေး မောင်းသူမဲ့လေယာဉ်စနစ်ဌာန (DE&S) ရဲ့အကြီးအကဲ ဆိုင်မွန်ဟိုးလ်ဖို့ဒ်က ပြောပါတယ်။
ဗြိတိန်နိုင်ငံရဲ့ MQ-9B Protector ဒရုန်းတပ်ဖွဲ့ဟာ ၂၀၂၅ ခုနှစ်မတိုင်ခင် စတင်တာဝန်ထမ်းဆောင်ဖို့ စီစဉ်ထား ပါတယ်။
ဒရုန်းတွေရောက်ရှိလာပြီး လိုအပ်တဲ့စမ်းသပ်ပျံသန်းမှုတွေပြုလုပ်ပြီးရင် ဗြိတိန်တော်ဝင်လေတပ်ရဲ့ သက်တမ်း ၁၅ နှစ်ကျော်နေပြီဖြစ်တဲ့ Reaper MQ-9A ဒရုန်းတွေကို MQ-9B Protector ဒရုန်းတွေနဲ့ အစားထိုးသွားမှာဖြစ် ပါတယ်။
Ref: First Royal Air Force MQ-9B Protector Drone Completes Maiden Flight
#PeopleMedia