• Follow Us on

Home MSME ပြပွဲ၊ ပြိုင်ပွဲများမှတစ်ဆင့်ထွက်ရှိလာသည့် အဆင့်မြင့်ထုတ်ကုန်ပစ္စည်းအမယ်သစ်များကို ပြည်ပသို့ ပို့ဆောင်ခြင်းဖြင့် နိုင်ငံခြားငွေရရှိလာမည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

MSME ပြပွဲ၊ ပြိုင်ပွဲများမှတစ်ဆင့်ထွက်ရှိလာသည့် အဆင့်မြင့်ထုတ်ကုန်ပစ္စည်းအမယ်သစ်များကို ပြည်ပသို့ ပို့ဆောင်ခြင်းဖြင့် နိုင်ငံခြားငွေရရှိလာမည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၈

 

MSME ပြပွဲ၊ ပြိုင်ပွဲများမှတစ်ဆင့် ထွက်ရှိလာသည့် အဆင့်မြင့်ထုတ်ကုန်ပစ္စည်းအမယ်သစ်များကို ပြည်ပသို့ ပို့ဆောင်ခြင်းဖြင့် နိုင်ငံခြားငွေရရှိလာမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

 

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်‌နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက  ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို MSME များ၏ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်စေရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန် အသစ်များကို ပြည်တွင်းမှ ပိုမိုသုံးစွဲနိုင်ရန်နှင့် ပြည်ပသို့ဈေးကွက်ချဲ့ထွင်နိုင်ရန်၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ MSME များ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေပြီး ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက် ဒေသတစ်ခု၏ လိုအပ်ချက်ကို အခြားဒေသမှ ဖြည့်ဆည်းလာရန်နှင့် အားသာချက်/အားနည်းချက်များကို သိမြင်ဖော်ထုတ်လာစေရန်၊ ဒေသအလိုက် OROP ဒေသတစ်ခု ထုတ်ကုန်တစ်ခုအောင်မြင်ရေးအတွက် အားပေးမြှင့်တင်ရန်၊ MSME များနှင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက် ပူးပေါင်းဆောင် ရွက်လာစေရန်၊ ပြည်ထောင်စုအဆင့် အသိအမှတ်ပြု MSME စံပြထုတ်ကုန်ဆုများ ပေးအပ်နိုင်စေရန်နှင့် MSME လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ပြောသည်။

 

ထို့အပြင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ထုတ်လုပ်လျက်ရှိသည့် ဒေသထုတ်ကုန်ပစ္စည်းများအပေါ် အားသာချက်၊ အားနည်းချက်များကိုလေ့လာပြီး လိုအပ်သည်များ ပြုပြင်နိုင်စေရန်နှင့် ပြိုင်ပွဲကျင်းပခြင်းမှ နိုင်ငံတော်အဆင့် ထုတ်ကုန်အမှတ်တံဆိပ်ရရှိမှုအတွက် မိမိထုတ်ကုန် အမှတ်တံဆိပ်အတွက် အာမခံချက် အရည်အသွေးကို စားသုံးသူများ သိရှိခြင်းမှတစ်ဆင့် အကျိုးရလဒ်ရရှိနိုင်စေရန် ပြပွဲနှင့် ပြိုင်ပွဲတွင် ပါဝင်ပြသကြမည့် ဝန်ကြီးဌာနများ၏ ခင်းကျင်းပြသထားရှိမှုများမှတစ်ဆင့် သက်ဆိုင်ရာအေဂျင်စီများ၊ လုပ်ငန်းရှင်များအနေဖြင့် MSME နှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများထံသို့ လိုအပ်သလို ချိတ်ဆက်နိုင်ရေး၊ အဆိုပါဝန်ကြီးဌာနနှင့် ဆက်စပ်အဖွဲ့အစည်းများထံမှ လုပ်ငန်းရှင်များ ရယူနိုင်မည့် အခွင့်အရေးများ၊ နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများ စသည့်အခွင့် အလမ်းများရရှိစေရန် ကျင်းပခြင်းလည်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက MSME ထုတ်ကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ ထုတ်လုပ်မှု လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများအနေဖြင့် နိုင်ငံတကာနှင့် မိမိတို့နိုင်ငံတို့တွင် Customer Behavior Changes ၊ Technology ၊ Information၊ Investment ၊ Market Trend များ ပြောင်းလဲလာမှုကိုလည်း သိရှိနားလည်နိုင်ရန် ဆွေးနွေးပွဲများထည့်သွင်းပေးခြင်း၊ Digital စနစ်ကူးပြောင်းနေမှု၊ Online Banking စနစ် ဆောင်ရွက်နေမှုတို့အား သိရှိနားလည်လာစေပြီး ကုန်ပစ္စည်းဝယ်ယူ/ရောင်းဝယ်မှုတွင်လည်း ယခင်ဆိုင်များ တွင် လူကိုယ်တိုင်ပစ္စည်းဝယ်ယူမှုစနစ်မှ Online Marketing စနစ်သို့ ပြောင်းလဲလာမှုအခြေအနေများ၊ ထုတ်ကုန်ပစ္စည်းအပေါ် ဒေသအလိုက် ပြည်သူများ၏ နှစ်သက်မှုနှင့်သုံးစွဲမှုအခြေအနေများ စသည်တို့ကို သိရှိနိုင်အောင် ကြိုးစားဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဈေးကွက်ပြောင်းလဲလာမှုကိုသိရှိပြီး လိုက်ပါဆောင်ရွက်နိုင်ရေး လုပ်ဆောင်သွားမည်ဆိုပါက Online Marketing နှင့် Online Payment စနစ်များကိုလည်း ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ပြောသည်။

 

ထို့အပြင် MSME ပြပွဲ၊ ပြိုင်ပွဲများမှတစ်ဆင့် ထွက်ရှိလာသည့် အဆင့်မြင့်ထုတ်ကုန်ပစ္စည်းအမယ်သစ်များ ထွက်ပေါ်လာပြီး အဆိုပါထွက်ပေါ်လာသည့် အရည်အသွေးမီကုန်ပစ္စည်းများကို ပြည်ပသို့ပို့ဆောင်ခြင်းဖြင့် နိုင်ငံခြားငွေရရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ထုတ်ကုန်ပစ္စည်း များကို ပြည်ပသို့ တင်ပို့နိုင်ရေး ဆောင်ရွက်ရာတွင် တင်ပို့မည့်နိုင်ငံများ၏ ကုန်ပစ္စည်းလိုအပ်ချက်နှင့် တင်ပို့မှုစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ၊ နိုင်ငံတကာက လက်ခံနိုင်မည့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များ ဥပမာအားဖြင့် တရုတ်နိုင်ငံသို့ မိမိထုတ်ကုန်ပစ္စည်းတင်ပို့မှုတွင် General Administration of Customs of the People’s Republic of China(GACC)ရရန် လိုအပ်မှုအပြင် အလားတူ အခြားနိုင်ငံများ၏ ကုန်သွယ်မှုဆိုင်ရာ ကန့်သတ်ချက်များကိုလည်း သိရှိနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post