Music Zone ေျမေနရာကို နိုင္ငံပိုင္ေျမေနရာအျဖစ္ ျပန္လည္သတ္မွတ္မည္
PUBLISHED - December 24, 2020
ရန္ကုန္၊ ဒီဇင္ဘာ ၂၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ရန္ကုန္တိုင္းေဒသႀကီး၊ သဃၤန္းကၽြန္းၿမိဳ႕နယ္ရွိ Music Zone ေကတီဗီ ေျမေနရာကို နိုင္ငံေတာ္ပိုင္ေျမေနရာ အျဖစ္ ျပန္လည္သတ္မွတ္သြားမည္ျဖစ္ေၾကာင္း သဃၤန္းကၽြန္းၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စား လွယ္ ဦးေနဘုန္းလတ္က ေျပာသည္။
သဃၤန္းကၽြန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေရႊလွဝင္းမွ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝး၌ စာနဲ႔ေပးပို႔ေမးျမန္းတာကို သက္ဆိုင္ရာဝန္ႀကီးဌာနဘက္မွ စာႏွင့္ ျပန္လည္ေျဖၾကားခဲ့ရာ အထက္ပါအတိုင္း ေျပာဆိုထားျခင္းျဖစ္သည္။
“ျပည္သူ႔လႊတ္ေတာ္ ေနာက္ဆုံးအပတ္မွာ ဆရာဦးေရႊလွဝင္းေမးခြန္း ေမးလိုက္တာေလ၊ ေမးခြန္းကို ျပန္ ေျဖတဲ့အထဲမွာေတာ့ ဒီေျမေနရာကို နိုင္ငံေတာ္ ေျမအျဖစ္ျပန္လည္ သတ္မွတ္သြားမယ္လို႔ေတာ့ ပါတယ္” သဃၤန္းကၽြန္းၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနဘုန္းလတ္က ေျပာသည္။
အဆိုပါေမးခြန္းကို သက္ဆိုင္ရာဝန္ႀကီးဌာနဘက္က ဒီဇင္ဘာလ (၁) ရက္တြင္ ျပန္လည္ေျဖၾကားခဲ့တာျဖစ္ၿပီး လႊတ္ေတာ္မွ ျပန္လည္အေၾကာင္းၾကားသည့္စာကိုေတာ့ ဒီဇင္ဘာလ (၂၃) ရက္ေန႔တြင္ လႊတ္ေတာ္ကိုယ္စား လွယ္ ဦးေရႊလွဝင္းဆီကို ေရာက္ရွိခဲ့ျခင္းျဖစ္သည္။
#PeopleMedia #MusicZone
(unicode)
Music Zone မြေနေရာကို နိုင်ငံပိုင်မြေနေရာအဖြစ် ပြန်လည်သတ်မှတ်မည်
…………………………………………..
ရန်ကုန်၊ ဒီဇင်ဘာ ၂၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ Music Zone ကေတီဗီ မြေနေရာကို နိုင်ငံတော်ပိုင်မြေနေရာ အဖြစ် ပြန်လည်သတ်မှတ်သွားမည်ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးနေဘုန်းလတ်က ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းမှ ပြည်သူ့လွှတ်တော်အစည်းအဝေး၌ စာနဲ့ပေးပို့မေးမြန်းတာကို သက်ဆိုင်ရာဝန်ကြီးဌာနဘက်မှ စာနှင့် ပြန်လည်ဖြေကြားခဲ့ရာ အထက်ပါအတိုင်း ပြောဆိုထားခြင်းဖြစ်သည်။
“ပြည်သူ့လွှတ်တော် နောက်ဆုံးအပတ်မှာ ဆရာဦးရွှေလှဝင်းမေးခွန်း မေးလိုက်တာလေ၊ မေးခွန်းကို ပြန် ဖြေတဲ့အထဲမှာတော့ ဒီမြေနေရာကို နိုင်ငံတော် မြေအဖြစ်ပြန်လည် သတ်မှတ်သွားမယ်လို့တော့ ပါတယ်” သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။
အဆိုပါမေးခွန်းကို သက်ဆိုင်ရာဝန်ကြီးဌာနဘက်က ဒီဇင်ဘာလ (၁) ရက်တွင် ပြန်လည်ဖြေကြားခဲ့တာဖြစ်ပြီး လွှတ်တော်မှ ပြန်လည်အကြောင်းကြားသည့်စာကိုတော့ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် လွှတ်တော်ကိုယ်စား လှယ် ဦးရွှေလှဝင်းဆီကို ရောက်ရှိခဲ့ခြင်းဖြစ်သည်။
#PeopleMedia #MusicZone