• Follow Us on

Home Music Zone KTV ဆိုင္ရွင္ႏွင့္ ဆိုင္မန္ေနဂ်ာတို႔ကို ၿမိဳ႕နယ္က်န္းမာေရးမွဴးမွ ရဲစခန္းတြင္ အမႈဖြင့္လွစ္

Music Zone KTV ဆိုင္ရွင္ႏွင့္ ဆိုင္မန္ေနဂ်ာတို႔ကို ၿမိဳ႕နယ္က်န္းမာေရးမွဴးမွ ရဲစခန္းတြင္ အမႈဖြင့္လွစ္

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၁

Music Zone KTV ဆိုင္ရွင္ႏွင့္ ဆိုင္မန္ေနဂ်ာတို႔ကို ၿပီးခဲ့သည့္ ၂၉ ရက္ေန႔က သဃၤန္းကၽြန္းၿမိဳ႕နယ္ က်န္းမာေရးမွဴးမွ တရားလိုလုပ္၍ သဃၤန္းကၽြန္းၿမိဳ႕နယ္ရဲစခန္းတြင္ အမႈလာေရာက္ဖြင့္လွစ္ခဲ့ေၾကာင္း သဃၤန္းကၽြန္းၿမိဳ႕နယ္ ရဲစခန္းမွ ရဲမွဴးေကာင္းနိုင္က ေျပာသည္။

“ၿပီးခဲ့တဲ့ရက္ပိုင္းက သဃၤန္းကၽြန္းၿမိဳ႕နယ္ ကိုဗစ္ေကာ္မတီကေန အမႈလာဖြင့္တာကို ရဲစခန္းက လက္ခံ ေဆာင္ရြက္ေပးတာပါ”ဟု ရဲမွဴးေကာင္းနိုင္က ေျပာသည္။

သကၤန္းကၽြန္းၿမိဳ႕နယ္ရွိ Music Zone KTV ဆိုင္၏ ဆိုင္ပိုင္ရွင္ႏွင့္ မန္ေနဂ်ာတို႔အား သဃၤန္းကၽြန္းၿမိဳ႕နယ္အဆင့္ Covid-19 ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန႔္ျပန္ေရးေကာ္မတီမွ တရားလိုအျဖစ္ လာေရာက္ အမႈဖြင့္ လွစ္ျခင္းျဖစ္သည္။

ထိုသို႔ အမႈဖြင့္လွစ္ျခင္းကို သဃၤန္းကၽြန္းၿမိဳ႕မရဲစခန္းမွ (ပ) ၁၀၅၃/၂ဝ၂ဝ၊ ၂၀၁၃ ခုႏွစ္ သဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ -၂၅ အရ အမႈလက္ခံေဆာင္ရြက္ထားျဖစ္သည္။

“ရဲတပ္ဖြဲ႕က သူတို႔ကို ထိန္းသိမ္းဆက္သြယ္ေနၿပီလိုေတာ့ သိရတယ္”ဟု သဃၤန္းကၽြန္းၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေနဘုန္းလတ္က ေျပာသည္။

အခုကိစၥသည္ က်န္းမာေရးကိစၥျဖစ္သည့္အတြက္ ကိုယ္က စည္းကမ္းမလိုက္နာပါက ကိုယ္မွတစ္ဆင့္ လူအမ်ားကို ကူးစက္မႈမ်ားျဖစ္နိုင္၍ ကိုယ့္အက်ိဳးစီပြားတစ္ခုထဲကို မၾကည့္ဘဲနဲ႔ ျပည္သူမ်က္ႏွာကိုၾကည့္ၿပီး လိုက္နာသင့္ေၾကာင္း ၎ကေျပာသည္။

Music Zone KTV အေနျဖင့္ COVID-19 ေရာဂါႏွင့္ပတ္သက္၍ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန ထုတ္ျပန္ထားသည့္ စည္းကမ္းမ်ားကို မလိုက္နာမႈေၾကာင့္ COVID-19 အတည္ျပဳလူနာ (၉၀)ေက်ာ္ထိ ထြက္ေပၚခဲ့ရသည့္ KTV တစ္ခုလည္း ျဖစ္သည္။

#PeopleMedia #COVID19 #MusicZoneKTV

(Unicode)
Music Zone KTV ဆိုင်ရှင်နှင့် ဆိုင်မန်နေဂျာတို့ကို မြို့နယ်ကျန်းမာရေးမှူးမှ ရဲစခန်းတွင် အမှုဖွင့်လှစ်
…………………………………………………

ရန်ကုန်၊ အောက်တိုဘာ – ၁

Music Zone KTV ဆိုင်ရှင်နှင့် ဆိုင်မန်နေဂျာတို့ကို ပြီးခဲ့သည့် ၂၉ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးမှူးမှ တရားလိုလုပ်၍ သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းတွင် အမှုလာရောက်ဖွင့်လှစ်ခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းမှ ရဲမှူးကောင်းနိုင်က ပြောသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်ကော်မတီကနေ အမှုလာဖွင့်တာကို ရဲစခန်းက လက်ခံ ဆောင်ရွက်ပေးတာပါ”ဟု ရဲမှူးကောင်းနိုင်က ပြောသည်။

သင်္ကန်းကျွန်းမြို့နယ်ရှိ Music Zone KTV ဆိုင်၏ ဆိုင်ပိုင်ရှင်နှင့် မန်နေဂျာတို့အား သင်္ဃန်းကျွန်းမြို့နယ်အဆင့် Covid-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ တရားလိုအဖြစ် လာရောက် အမှုဖွင့် လှစ်ခြင်းဖြစ်သည်။

ထိုသို့ အမှုဖွင့်လှစ်ခြင်းကို သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ (ပ) ၁၀၅၃/၂ဝ၂ဝ၊ ၂၀၁၃ ခုနှစ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ -၂၅ အရ အမှုလက်ခံဆောင်ရွက်ထားဖြစ်သည်။

“ရဲတပ်ဖွဲ့က သူတို့ကို ထိန်းသိမ်းဆက်သွယ်နေပြီလိုတော့ သိရတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။

အခုကိစ္စသည် ကျန်းမာရေးကိစ္စဖြစ်သည့်အတွက် ကိုယ်က စည်းကမ်းမလိုက်နာပါက ကိုယ်မှတစ်ဆင့် လူအများကို ကူးစက်မှုများဖြစ်နိုင်၍ ကိုယ့်အကျိုးစီပွားတစ်ခုထဲကို မကြည့်ဘဲနဲ့ ပြည်သူမျက်နှာကိုကြည့်ပြီး လိုက်နာသင့်ကြောင်း ၎င်းကပြောသည်။

Music Zone KTV အနေဖြင့် COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသည့် စည်းကမ်းများကို မလိုက်နာမှုကြောင့် COVID-19 အတည်ပြုလူနာ (၉၀)ကျော်ထိ ထွက်ပေါ်ခဲ့ရသည့် KTV တစ်ခုလည်း ဖြစ်သည်။

#PeopleMedia #COVID19 #MusicZoneKTV


Share this post