• Follow Us on

Home Myanmar International-Channel (MITV) အနေဖြင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များကို နိုင်ငံ တကာမှ သိရှိစေရန် ကြိုးပမ်းဆောင်ရွက်ဖို့ ပြန်ကြားရေးဝန်ကြီးပြောကြား

Myanmar International-Channel (MITV) အနေဖြင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များကို နိုင်ငံ တကာမှ သိရှိစေရန် ကြိုးပမ်းဆောင်ရွက်ဖို့ ပြန်ကြားရေးဝန်ကြီးပြောကြား

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၂ (People Media)

 

MITV အနေဖြင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များကို နိုင်ငံတကာမှ သိရှိစေရေးအတွက် ပိုမိုအားထုတ် ကြိုးပမ်းဆောင်ရွက်ကြရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

 

ယမန်နေ့က ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် Myanmar International-Channel (MITV) ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးမှ တက်ရောက်အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။

 

“အခုအခါမှာ နိုင်ငံတကာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတု၊ သတင်းမှားတွေ ပျံနှံ့လျက်ရှိတယ်။ ဒီသတင်းမှားများကို အခြေခံပြီး နိုင်ငံတော်ကို ဘက်ပေါင်းစုံက ဖိအားပေးဖို့ ရည်ရွယ်ချက်ရှိစွာနဲ့ ဆောင် ရွက်နေတာတွေကြောင့် MITV ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေမှန်တွေကို နိုင်ငံတကာက သိရှိစေဖို့အတွက် ပိုမိုအားထုတ်ကြိုးပမ်းဆောင်ရွက်ကြစေလိုပါတယ်”လို့ ပြည်ထောင်စုဝန်ကြီး က ပြောသည်။

 

ထို့ကြောင့် MITV ၏ ကဏ္ဍသည် နိုင်ငံအတွက် လွန်စွာအရေးပါသဖြင့် ရေတို၊ ရေရှည်အစီအမံများ ချမှတ်၍ လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဖြင့် ပိုမိုထိရောက်မှုရှိအောင် ဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

 

ထို့နောက် ရုပ်ရှင်အနုပညာရှင်းများ အနုပညာလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်အတွက် လည်းကောင်း၊ ပြည်သူတို့၏ စိတ်အာဟာရအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရုပ်ရှင်ရုံများ ပြန်လည်ဖွင့် လှစ်နိုင်ရေးကို ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ပြသနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Photo – သပြေ

 

#PeopleMedia #MITV

 

(unicode)


………………………………………………………

 


 


 


 


 


 


 


 

#PeopleMedia #MITV


Share this post