• Follow Us on

Home Mytel ဆက္သြယ္ေရးညႊန္ၾကားေရးမွဴးႏွင့္ ယာဥ္ေမာင္းတုိ႔ကုိ AA ဖမ္းဆီးသြားေၾကာင္း တပ္မေတာ္သတင္း ထုတ္ျပန္

Mytel ဆက္သြယ္ေရးညႊန္ၾကားေရးမွဴးႏွင့္ ယာဥ္ေမာင္းတုိ႔ကုိ AA ဖမ္းဆီးသြားေၾကာင္း တပ္မေတာ္သတင္း ထုတ္ျပန္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၂၇

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕အေျခစိုက္ Mytel ဆက္သြယ္ေရးလုပ္ငန္းမွ ျပည္နယ္ ဆက္သြယ္ေရးဆုိင္ရာၫႊန္ ၾကားေရးမွဴး ဦးေဇာ္ထြန္းေအာင္ႏွင့္ ယာဥ္ေမာင္းျဖစ္သူ ဦးေစာသိန္းေမာင္တုိ႔ ၂ ဦးသည္ ရခုိင္ျပည္နယ္အတြင္း ဆက္သြယ္ေရးလုပ္ငန္းမ်ား တုိးျမႇင့္ေဆာင္ရြက္ရန္အတြက္ ကြင္းဆင္းေဆာင္ရြက္္စဥ္ ဒီဇင္ဘာ ၂၃ ရက္ နံနက္ ပိုင္းတြင္ ေက်ာက္ေတာ္ၿမိဳ႕အနီးသို႔ အေရာက္ ဆက္သြယ္မႈမရရွိဘဲ ေပ်ာက္ဆံုးခဲ့သည္။

ေပ်ာက္ဆံုးမႈအေျခအေနအား စစ္ေဆးစံုစမ္းရာ ဦးေဇာ္ထြန္းေအာင္ႏွင့္ ဦးေစာသိန္းေမာင္တုိ႔ ၂ ဦးသည္ ရခုိင္ ျပည္နယ္အတြင္း ဆက္သြယ္ေရးလုပ္ငန္းမ်ား ပိုမုိေကာင္းမြန္ေအာင္ ေဆာင္ရြက္ရန္အတြက္ စစ္ေတြၿမိဳ႕မွ ဒီဇင္ ဘာ ၁၇ ရက္တြင္ စတင္ထြက္ခြာခဲ့ၿပီး အမ္းၿမိဳ႕၊ သံတြဲၿမိဳ႕၊ မင္းျပားၿမိဳ႕မ်ားသို႔ သြားေရာက္ၾကည့္႐ႈခဲ့ေၾကာင္း၊ ဒီဇင္ဘာ ၂၂ ရက္တြင္ မင္းျပားၿမိဳ႕၌ ညအိပ္ရပ္နားခဲ့ၿပီး ဒီဇင္ဘာ ၂၃ ရက္တြင္ ေက်ာက္ေတာ္ၿမိဳ႕သို႔ ဆက္ လက္ထြက္ခြာစဥ္ ဆက္သြယ္မႈမရရွိဘဲ ေပ်ာက္ဆံုးလ်က္ရွိေၾကာင္း၊ ေဒသခံျပည္သူမ်ား၏ ေျပာၾကားခ်က္အရ ၎တုိ ၂ ဦးကို ေက်ာက္ေတာ္ၿမိဳ႕၊ ေတာင္ေပါက္ေက်းရြာအနီး၌ AA အဖြဲ႕က အေၾကာင္းမဲ့ဖမ္းဆီးေခၚေဆာင္ သြားခဲ့သည္။

အဆုိပါဖမ္းဆီးေခၚေဆာင္သြားျခင္းခံရသူ ၂ ဦးမွာ ရခုိင္တုိင္းရင္းသားမ်ားျဖစ္ၿပီး ေဒသအတြင္း ဆက္သြယ္ေရး လုပ္ငန္းမ်ား ပုိမုိတုိးတက္ေအာင္ ေဆာင္ရြက္ေနသည္ကို သိရွိေသာ္လည္း AA အဖြဲ႕အေနျဖင့္ ေဒသတြင္း ဆက္သြယ္ေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတုိးတက္မႈ ေႏွာင့္ေႏွးပ်က္စီးေစရန္ ရည္ရြယ္၍ ယခုကဲ့သို႔ ဖမ္းဆီး ေခၚ ေဆာင္သြားျခင္းျဖစ္ေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ထားသည္။

#PeopleMedia #AA #Mytel

(Unicode)
Mytel ဆက်သွယ်ရေးညွှန်ကြားရေးမှူးနှင့် ယာဉ်မောင်းတို့ကို AA ဖမ်းဆီးသွားကြောင်း တပ်မတော်သတင်း ထုတ်ပြန်
………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၂၇

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Mytel ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်နယ် ဆက်သွယ်ရေးဆိုင်ရာညွှန် ကြားရေးမှူး ဦးဇော်ထွန်းအောင်နှင့် ယာဉ်မောင်းဖြစ်သူ ဦးစောသိန်းမောင်တို့ ၂ ဦးသည် ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်အတွက် ကွင်းဆင်းဆောင်ရွက်စဉ် ဒီဇင်ဘာ ၂၃ ရက် နံနက် ပိုင်းတွင် ကျောက်တော်မြို့အနီးသို့ အရောက် ဆက်သွယ်မှုမရရှိဘဲ ပျောက်ဆုံးခဲ့သည်။

ပျောက်ဆုံးမှုအခြေအနေအား စစ်ဆေးစုံစမ်းရာ ဦးဇော်ထွန်းအောင်နှင့် ဦးစောသိန်းမောင်တို့ ၂ ဦးသည် ရခိုင် ပြည်နယ်အတွင်း ဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်အတွက် စစ်တွေမြို့မှ ဒီဇင် ဘာ ၁၇ ရက်တွင် စတင်ထွက်ခွာခဲ့ပြီး အမ်းမြို့၊ သံတွဲမြို့၊ မင်းပြားမြို့များသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၂ ရက်တွင် မင်းပြားမြို့၌ ညအိပ်ရပ်နားခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်တွင် ကျောက်တော်မြို့သို့ ဆက် လက်ထွက်ခွာစဉ် ဆက်သွယ်မှုမရရှိဘဲ ပျောက်ဆုံးလျက်ရှိကြောင်း၊ ဒေသခံပြည်သူများ၏ ပြောကြားချက်အရ ၎င်းတို ၂ ဦးကို ကျောက်တော်မြို့၊ တောင်ပေါက်ကျေးရွာအနီး၌ AA အဖွဲ့က အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။

အဆိုပါဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ ၂ ဦးမှာ ရခိုင်တိုင်းရင်းသားများဖြစ်ပြီး ဒေသအတွင်း ဆက်သွယ်ရေး လုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နေသည်ကို သိရှိသော်လည်း AA အဖွဲ့အနေဖြင့် ဒေသတွင်း ဆက်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးပျက်စီးစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဖမ်းဆီး ခေါ် ဆောင်သွားခြင်းဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

#PeopleMedia #AA #Mytel


Share this post