• Follow Us on

Home National Database စနစ်တည်ဆောက်ရေးဦးဆောင်ကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

National Database စနစ်တည်ဆောက်ရေးဦးဆောင်ကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၇

 

National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရှိ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက e-ID စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သည့် နေရာတွင် ကိုယ်ရေးအချက်အလက်များ (Biographic Data) ကောက်ယူပြီး Database အတွင်း ထည့်သွင်း ခြင်း၊ ဇီဝဆိုင်ရာအချက်အလက်များ (Biometric Data) ကောက်ယူခြင်း၊ စိစစ်ခြင်းနှင့် Unique ID (UID) နံပါတ်ထုတ်ပေးခြင်း၊ နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ကတ်ပုံစံ အလွတ်များ ထုတ်လုပ်ခြင်း၊ ကတ်ပုံစံအလွတ် များတွင် ကိုယ်ရေးအချက်အလက်များ ထည့်သွင်းခြင်းနှင့် e-ID စနစ် လုပ်ငန်းစဉ်ကို ကြီးကြပ်ကွပ်ကဲခြင်း စသည့် အဆင့် (၅) ဆင့်နှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

 

National Integration System တွင် နိုင်ငံသားဖြစ်ခြင်းနှင့် မဖြစ်ခြင်း မသက်ဆိုင်ဘဲ နိုင်ငံအတွင်း၌ တရားဝင် နေထိုင်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံ သား အားလုံးတို့၏ ကိုယ်ရေးအချက်အလက်နှင့် သက်ဆိုင်ပါ ကြောင်း၊ နည်းစနစ်ကို မဏ္ဍိုင်ထားပြီး နိုင်ငံတော်အစိုးရအဖွဲ့အောက်တွင်ရှိသည့် ဝန်ကြီးဌာနများနှင့် အလွှာ ပေါင်းစုံက Database များကလည်း မှီခိုချိတ်ဆက်ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံသား ဖြစ်ခြင်းနှင့် မဖြစ်ခြင်း၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသား ဖြစ်ခြင်း မဖြစ်ခြင်းကို စိစစ်ရမည်မှာ e-ID Database ထဲမှ ကိုယ်ရေးအချက် အလက်များပေါ်မူတည်ပြီး သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက e-ID စနစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အဆင့် ၁ အနေ ဖြင့် နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်မှတ်တမ်း (နိုင် – ၄) ၅၂ သန်းကျော်နှင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆) ၁၃ သန်းကျော်တို့ကို e-ID Database အတွင်း ၁၀၀ ရာခိုင်နှုန်း ထည့်သွင်းပြီးစီးခဲ့ပြီး ဖြစ်ကြောင်း၊ ထိုသို့ ကိုယ်ရေးအချက်အလက်များ ထည့်သွင်းဆောင်ရွက်ခဲ့ရာတွင် နိုင်ငံသားများ၏ ကိုယ်ရေး အချက်အလက်များကို စာရွက်စာတမ်းများနှင့် ထိန်းသိမ်းခဲ့သည့်အတွက် နှစ်ကာလကြာမြင့်မှု၊ သဘာဝဘေး အန္တရာယ်နှင့် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အချက်အလက် မစုံလင်မှု များ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် e-ID Database အတွင်းရှိ အချက်အလက်များ ပြည့်စုံ မှန်ကန်မှု ရှိစေရန်အတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ကော်မတီများဖွဲ့၍ ယခုနှစ် ဇန်နဝါရီလ ၉ ရက် နေ့မှစ၍ ၃၁ ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြောင်း ပြောသည်။

 

လုပ်ငန်းဆောင်ရွက်မှု အဆင့် နှစ် အနေဖြင် ဇီဝဆိုင်ရာအချက်အလက်များ ကောက် ယူခြင်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ပြည်ထောင်စုနယ်မြေအတွင်းရှိ နိုင်ငံ့ဝန်ထမ်းများကို Pilot Project အနေဖြင့် စတင် ကောက်ယူခဲ့ပြီး ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ကောက်ယူနေပြီဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် လိုအပ်သည့် အချက်အလက်များကို တစ်နေရာတည်းတွင် ရရှိနိုင်ခြင်း၊ e-Government အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်ခြင်း၊ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင် တည်ငြိမ်အေးချမ်းရေးတို့ကို ပိုမို လွယ်ကူ စွာ တည်ဆောက်နိုင်ခြင်း၊ လူဦးရေသန်း ခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများအတွက် အထောက်အကူပြုနိုင်ခြင်း၊ စာရွက်အခြေပြု (Paper-Based) စနစ်များ လျှော့ချနိုင်ခြင်း၊ National ID ၏ အခြေခံလုပ်ငန်းစဉ်ဖြစ်ပြီး နိုင်ငံတကာသုံးစနစ်များဖြင့် လွယ်ကူစွာ ချိတ်ဆက် အသုံးပြုနိုင်ခြင်း၊ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို ကူးပြောင်းရာတွင် အခြေခံအုတ်မြစ် ဖြစ်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ အခွန်စည်းကြပ်ရေးနှင့် အခြားသောဌာနဆိုင်ရာများမှ ဆောင်ရွက်နေသည့် လုပ်ငန်းများကို လွယ်ကူစွာဝန်ဆောင်မှုပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာကို ပြည်သူများရရှိမည်ဖြစ် ကြောင်းဖြင့် ပြောကြားသည်။

 

#PeopleMedia


Share this post