• Follow Us on

Home Naypyitaw State Polytechnic University တွင် အင်ဂျင်နီယာဘာသာရပ်များအပြင် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘာသာရပ်များကိုပါ တိုးချဲ့သင်ကြားနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း နစကပြောဆို

Naypyitaw State Polytechnic University တွင် အင်ဂျင်နီယာဘာသာရပ်များအပြင် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘာသာရပ်များကိုပါ တိုးချဲ့သင်ကြားနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း နစကပြောဆို

Share this post

နေပြည်တော်၊ ဇူလိုင် ၆

 

Naypyitaw State Polytechnic University တွင် အင်ဂျင်နီယာဘာသာရပ်များအပြင် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘာသာရပ်များကိုပါ တိုးချဲ့သင်ကြားနိုင်ရေးလိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင် ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆိုသည်။

 

ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University ပရဝုဏ်အတွင်း၌ ကျင်းပခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နေပြည်တော် နည်းပညာတက္ကသိုလ်ကို အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ် ကျွမ်းကျင်အင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပေးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို အထောက်အကူပြုစေရေးအတွက် အဆင့်မြင့်နည်းပညာများ သင်ကြားပို့ချပေးနိုင်ရေးစသည့် ရည်မှန်းချက်များဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့တွင် စတင်တည် ထောင်ဖွင့်လှစ်ပေးခဲ့ပြီး အင်ဂျင်နီယာ အထူးပြုဘာသာရပ် (၇) ခုကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ပြောဆိုသည်။

 

“နေပြည်တော်နည်းပညာတက္ကသိုလ် ၁ ခုတည်းနဲ့ ပြည့်စုံလုံလောက်မှုမရှိဘူးလို့ ယူဆတဲ့အတွက် Naypyitaw State Polytechnic University အသစ်တည်ဆောက်ဖွင့်လှစ်ဖို့ စီမံဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ မြင်တွေ့ရ တဲ့အတိုင်း လာမယ့်ပညာသင်နှစ်မှာ Naypyitaw State Polytechnic University မှာ အင်ဂျင်နီယာဘာသာ ရပ်တွေအပြင် ကွန်ပျူတာသိပ္ပံနဲ့ ကွန်ပျူတာနည်းပညာဘာသာရပ်တွေကိုပါ တိုးချဲ့သင်ကြားနိုင်ဖို့ လိုအပ်တာ တွေကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နေပါတယ်။”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။

 

ထို့ကြောင့်လည်း ယခုကဲ့သို့ဂုဏ်ယူဝင့်ကြွားဖွယ်ရာ တက္ကသိုလ်ကြီးတွင် တက္ကသိုလ်များ၏ အင်္ဂါရပ်များနှင့်အညီ စိမ်းလန်းစိုပြည်သာယာလှပသည့် ပရဝုဏ်ဖြစ်စေရေး၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ စိတ် လက်ကြည်လင်ပြီး အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်စေရေး၊ ရာသီဥတုသာယာမျှတစေရေး၊ သစ်ပင် သစ် တောစိုက်ပျိုးပြုစုထိန်းသိမ်းရေးတွင် ပိုမိုတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေးနှင့် တီထွင်ဆန်းသစ်သည့် အင်ဂျင်နီယာနည်းပညာများဖြင့် သာယာလှပသည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးနိုင်စေရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် ယခုသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။

 

ယခုကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်မျိုး (၁၀) မျိုး၊ အပင် (၁,၄၂၆) ပင် စိုက်ပျိုးသွားမည်ဖြစ်ပြီး တက္ကသိုလ်ပရိဝုဏ်နှင့် လိုက်ဖက်ပြီး ရာသီအလိုက် ဖူးပွင့်ပြီး ရနံ့သင်းပျံ့သည့် ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ပိတောက်သစ်မျိုးများကို အစီအစဉ်တကျ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post