• Follow Us on
Latest News

Home Naypyitaw State Polytechnic University အား အဆင့်မီဖြစ်စေရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

Naypyitaw State Polytechnic University အား အဆင့်မီဖြစ်စေရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၃၁

 

Naypyitaw State Polytechnic Universityအား အဆင့်မီမီဖြစ်စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယမန်နေ့က နေပြည်တော်ရှိ Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေ များကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယခု Naypyitaw State Polytechnic University သည် အများပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားမှုရှိသည့် တက္ကသိုလ်တစ်ခုဖြစ်သည့်အတွက် ပရိဝုဏ်အတွင်းရှိ စာသင်ဆောင်များ၊ အိပ်ဆောင်များနှင့် အခြားအထောက်အကူပြုအဆောင်များအားလုံး အဆင့်မီမီဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်သွားရန်လို ကြောင်း၊ အဆောက်အဦများ ထည့်သွင်းတည်ဆောက်ရာတွင် ယခုလက်ခံနိုင်သည့် ကျောင်းသား၊ ကျောင်းသူ ဦးရေနှင့် ဆရာ၊ ဆရာမဦးရေ အရေအတွက်အပြင် ရေရှည်တိုးပွားလာနိုင်သည့် အရေအတွက်များအတွက် လည်း ကြိုတင်တွက်ချက်စဉ်းစားဆောင်ရွက်ထားရှိရန်လိုကြောင်း ပြောသည်။

 

တက္ကသိုလ်ဖွင့်လှစ်ချိန်၌ လျာထားလက်ခံနိုင်မည့် ကျောင်းသားဦးရေမှ နှစ်အလိုက် တိုးတက်လာနိုင်သည့် ကျောင်းသား၊ ကျောင်းသူဦးရေအပေါ်မူတည်၍ ကျောင်းသား၊ ကျောင်းသူ တိုးချဲ့၍ လက်ခံသင်ကြားပေးနိုင်ရေး အတွက်လည်း ကြိုတင်တွက်ချက်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ယခုပွင့်လင်းရာသီသို့ ရောက်ရှိပြီဖြစ်သဖြင့် လာမည့်နှစ် မိုးရာသီမတိုင်မီ ရေထုတ်စနစ်များအားလုံး ဆောင်ရွက်ပြီးစီးစေရေးအတွက်လည်း ဆောင်ရွက်သွား ရန်လိုကြောင်း၊ တက္ကသိုလ်အတွင်း ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးအသုံးပြုနိုင်ရေးအတွက်လည်း ဆောင်ရွက်သွား ရန်လိုကြောင်း၊ ရေ၊ မီး စနစ်များ စနစ်တကျဖြစ်စေရေး၊ သန့်ရှင်းသာယာလှပရေးတို့ကို အလေးထား တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

#PeopleMedia


Share this post