NCA ကို အခြေခံလျက် နိုင်ငံရေးနည်းဖြင့်သာ အဖြေရှာလာနိုင်ကြရေးအတွက်ဆောင်ရွက်မည်ဟု KNU တပ်မဟာ (၇) ထုတ်ပြန်

PUBLISHED - September 16, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၆
NCA စာချုပ်ကို KNU မှ တရားဝင်ပျက်ပျယ်ကြောင်း ထုတ်ပြန်ကြေငြာခြင်းမရှိသည့်အပြင် NCA အခြေခံလျက် နိုင်ငံရေးနည်းဖြင့်သာ အဖြေရှာလာနိုင်ကြရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNU ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၇) ဘားအံခရိုင်က ထုတ်ပြန်ထားသည်။
NCAစာချုပ် သဘောတူချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာနိုင်ရေး သည် KUN ကရင်အမျိုးသားအစည်းအရုံး၏ တစိုက်မတ်မတ်တောင်းဆိုလာရာမှ ဖြစ်ပေါ်လာသော စာချုပ် တရပ်ဖြစ်ကြောင်း၊ NCA စာချုပ်ကို ချုပ်ဆိုနိုင်ရန်နှင့် NCA စာချုပ်ခိုင်ခိုင်မာမာ သက်ဝင်ချုပ်ဆိုထားနိုင်ရန် ပြည်တွင်းနှင့် နိုင်ငံတကာအသိသက်သေများရှေ့တွင် ချုပ်ဆိုထားသော စာချုပ်တရပ်လည်းဖြစ်ကြောင်း ထုတ် ပြန်ထားသည်။
KNU ကွန်ကရက်မှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် လမ်းစဉ်၊ လုပ်ငန်းစဉ်နှင့် ရှေ့လုပ်ငန်းစဉ်တွင် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် အတိအလင်းဖော်ပြထားပြီးဖြစ် ကြောင်း၊ KNU မှ မိမိနိုင်ငံရေး ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်နိုင်ရေးသဘောထားများအား NCA စာချုပ်တွင် အခြေခံအားဖြင့် ထားရှိနိုင်ရေးအတွက် ထည့်သွင်းထား ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သို့ဖြစ်၍ တပ်မဟာ(၇)ဘာအံခရိုင်အနေဖြင့် NCAစာချုပ်ကို KNUမှ တရားဝယ်ပျက်ပျယ်ကြောင်း ထုတ်ပြန် ကြေငြာခြင်းမရှိသည့်အပြင် နယ်မြေဒေသတည်ငြိမ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးအတွက် NCA ကို အခြေခံလျက် ပြည်သူ့အကျိုးကိုရှေးရှု၍ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့်သာ အဖြေရှာလာနိုင်ကြရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၇)ဘားအံခရိုင်က ထုတ်ပြန်ထားသည်။
#PeopleMedia