NCA စာချုပ်သည် မပျက်ဘဲရှိနေသည့်အတွက် ကတိအတိုင်း ရှေ့ဆက်သွားရန် KNU တပ်မဟာ ၆ ဒူပလာ ယာခရိုင် ထုတ်ပြန်

PUBLISHED - October 4, 2021
နေပြည်တော်၊ အောက်တိုဘာ ၄ (People Media)
NCA စာချုပ်သည် မပျက်ဘဲရှိနေသည့်အတွက် ကတိအတိုင်းရှေ့ဆက်သွားရန် KNU တပ်မဟာ ၆ ဒူပလာ ယာခရိုင်ဥက္ကဋ္ဌက ထုတ်ပြန်ထားသည်။
အောက်တိုဘာ ၁၅ ရက်နေ့တွင်ကျရောက်သော NCA ၆ နှစ်ပြည့်နှင့် ပတ်သက်၍ KNU တပ်မဟာ ၆ ဒူပလာ ယာခရိုင်မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ စောရွှေမောင်းက အထက်ပါအတိုင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အောက်တိုဘာလ ၁၅ ရက်နေ့သည် NCA ၆ နှစ်ပြည့်ဖြစ်ကြောင်း၊ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မှသာ မိမိတို့နိုင်ငံတော်သည် ငြိမ်းချမ်းမည်ဟု ယုံကြည်ကြောင်း၊ NCA လက်မှတ်ရေးထိုးစဉ်တွင်လည်း တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းချက်ရှိသော ဖက်ဒရယ်ပြည်ထောင်စုကို အတူတည်ဆောက်မယ်လို့ ကတိပြုလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။
၎င်းအပြင် ယနေ့အချိန်အထိ NCA စာချုပ်သည် မပျက်မယွင်းပဲ ဆက်လက်ရှိနေကြောင်း၊ မည်သည့်အဖွဲ့ အစည်းမှ အဆိုပါစာချုပ်ကို ပယ်ဖျက်ခြင်းမရှိသေးကြောင်း၊ NCA လက်မှတ်ရေးထိုးခဲ့သော အဖွဲ့အစည်း များသည် တစ်ဖက်နှင့် တစ်ဖက် တစ်ဖွဲ့နှင့် တစ်ဖွဲ့ သစ္စာရှိရှိ ကတိပြုထားသည့်အတိုင်း၊ ယုံကြည်စွာဖွင့် ရှေ့ဆက်ဆောင်ရွက်သွားရန် အထူးလိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
NCA ၆ နှစ်ပြည့်မှစ၍ NCA ပါလုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် တိုက်တွန်း နိုးဆော်ကြောင်းစသည်ဖြင့် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
#PeopleMedia #KNU #ဒူပလာယာခရိုင်
(unicode)
…………………………………………………………………………