• Follow Us on
Latest News

Home NCA ပါ သဘောတူညီချက်များနှင့်အညီ လက်တွဲဖြေရှင်းဆောင်ရွက်ရန် တိုင်းရင်းသားအဖွဲ့အစည်းများအားလုံး ကို အမြဲလက်ကမ်းဖိတ်ခေါ်ကြိုဆိုလျက်ရှိပါကြောင်း နစကဥက္ကဋ္ဌပြောကြား

NCA ပါ သဘောတူညီချက်များနှင့်အညီ လက်တွဲဖြေရှင်းဆောင်ရွက်ရန် တိုင်းရင်းသားအဖွဲ့အစည်းများအားလုံး ကို အမြဲလက်ကမ်းဖိတ်ခေါ်ကြိုဆိုလျက်ရှိပါကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၁

 

NCA ပါ သဘောတူညီချက်များနှင့်အညီ လက်တွဲဖြေရှင်းဆောင်ရွက်ရန် တိုင်းရင်းသား အဖွဲ့အစည်းများအား လုံးကို အမြဲလက်ကမ်းဖိတ်ခေါ် ကြိုဆိုလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန် ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောဆိုထားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး၊ ပြည် နယ်အစိုးရအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအားလုံး ပူးပေါင်း၍ ညီညီညွတ်ညွတ် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်သူများအတွက် တည်ငြိမ်အေးချမ်းရေးနှင့် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုး၊ မွေးမြူရေးကို ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၎င်းမှတစ်ဆင့် ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိကြောင်း ပြောသည်။

 

ယခုအချိန်တွင် ကရင်ပြည်နယ် ဒေသအချို့အပါအဝင် နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် နိုင်ငံတော်နှင့်ပြည်သူ အားလုံးဘက်ပေါင်းစုံမှ များစွာထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အမှန်တရား အပေါ် အခြေမပြုဘဲ ပြည်တွင်းပြည်ပ သွေးထိုး မြှောက်ပင့်မှုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ အားပေးကူညီမှုများကြောင့် ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုများနှင့် တိုက်ပွဲများ၏ ဆိုးကျိုးနှင့် ဆင်းရဲဒုက္ခ ကို လက်တွေ့ခံစားနေကြရသူများမှာ တိုင်းရင်းသားပြည်သူများသာ ဖြစ်ကြောင်း၊ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ဘက်ပေါင်းစုံတွင် အခက်အခဲ များစွာကို ရင်ဆိုင်နေရကြောင်း၊ အချိန်ကာလကြာမြင့်စွာ အချိန်ယူတည်ဆောက်ခဲ့ရသည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများမှာ ပျက်စီးဆုံးရှုံးပြီး မူလ အခြေအနေပြန်လည်ရရှိရန် အချိန်ကာလ၊ လူအင်အား၊ ငွေ အင်အား ဘက်ပေါင်းစုံမှ ကြိုးစားတည်ဆောက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံအတွင်းဖြစ်ပွားနေသည့် ဆူပူအကြမ်းဖက်မှုများနှင့် လက် နက်ကိုင်ပဋိပက္ခများကြောင့် ပျက်စီးဆုံးရှုံးသွားသမျှသော  အသက်ခန္ဓာများနှင့် အရာဝတ္ထုအားလုံးမှာ မိမိတို့နိုင်ငံ၏ အဖိုးတန်အရင်းအမြစ်များပင်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုမရှိသော နေရာဒေသသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှု ကင်းဝေးလျက်  ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝမှာ လည်း နိမ့်ကျလျက်ရှိနေမည်ဆိုသည့်အချက်ကိုအားလုံးက သတိပြုအလေးအနက်ထားကြစေလိုကြောင်း ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဒို့တာဝန်အရေး သုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အမျိုးသားရေးခံယူ ချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ အမျိုးသားရေးလုပ်ငန်းသုံးရပ်ကို အခြေခံသော ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် နိုင်ငံတော်ကို တည်ဆောက်ပေးထားခြင်းဖြစ်ပြီး ခိုင်ခိုင်မာမာ ဆောင်ရွက်ထားခြင်းဖြစ်သဖြင့် လုံးဝ အထိခိုက်ခံမည် မဟုတ်ပါကြောင်း အလေးအနက်ပြောကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ထို့ပြင် နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် အစဉ်ထာဝရ တံခါး ဖွင့်ကြိုဆိုလျက်ရှိပြီး အခက်အခဲမှန်သမျှကို လက်နက်ကိုင်လမ်းစဉ်ဖြင့် မဖြေရှင်းဘဲ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် NCA ပါ သဘောတူညီချက်များနှင့်အညီ လက်တွဲဖြေရှင်းဆောင်ရွက်နိုင်ကြပါရန် တိုင်းရင်းသား အဖွဲ့အစည်း များအားလုံးကို အမြဲလက်ကမ်းဖိတ်ခေါ် ကြိုဆိုလျက်ရှိပါကြောင်း ထပ်လောင်းပြောကြားလိုကြောင်းဖြင့် ပြော သည်။

 

#PeopleMedia


Share this post