• Follow Us on
Latest News

Home NCA သည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့်သဘောတူစာချုပ်ဖြစ်သဖြင့် တရားဝင် စာချုပ်ဖြစ်ပြီး ပျက်ပြယ်မှုမရှိကြောင်း ဒေါ်စောမြရာဇာလင်း ပြောဆို

NCA သည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့်သဘောတူစာချုပ်ဖြစ်သဖြင့် တရားဝင် စာချုပ်ဖြစ်ပြီး ပျက်ပြယ်မှုမရှိကြောင်း ဒေါ်စောမြရာဇာလင်း ပြောဆို

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁

 

NCA သည် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပေးထားသည့် သဘောတူစာချုပ်ဖြစ်သဖြင့် တရားဝင် စာချုပ်ဖြစ်ပြီး ပျက်ပြယ်မှုမရှိကြောင်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောမြရာဇာလင်းက ပြောဆိုသည်။

 

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုဗဟိုဌာန၌ ဩဂုတ် (၂၉) ရက်မှ (၃၁) ရက်အထိ ကျင်းပခဲ့ပြီး ပြောရေးဆိုခွင့်ရှိသူများက သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောမြရာဇာလင်းက NCA စာချုပ်သည် တိုင်း ရင်းသားပြည်သူလူထု တစ်ရပ်လုံးအတွက် အနှစ်သာရရှိသည့် စာချုပ်ဖြစ်ကြောင်း၊ NCA စာချုပ်သည် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တရားဝင်လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည့် စာချုပ်လည်း ဖြစ်ကြောင်း၊ အဆိုပါစာချုပ်တွင် အစိုးရကိုယ်စားလှယ်အဖြစ် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ ၂ ဦး၊ တပ်မ တော်ကာကွယ်ရေးဉီးစီးချုပ်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှ ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးခဲ့ကြပြီး ပြည်တွင်းနှင့် နိုင်ငံတကာ အသိသက်သေ များလည်း ပါဝင်ခဲ့ကြကြောင်း၊ အဆိုပါ စာချုပ်ကိုအခြေခံ၍ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ လည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ NCAသည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သဘောတူစာချုပ် ဖြစ်သဖြင့် တရားဝင်စာချုပ်ဖြစ်ပြီး ပျက်ပြယ်မှုမရှိကြောင်း ပြောဆိုသည်။

 

ထို့ကြောင့် NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုအနေဖြင့် NCA အား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် နိုင်ငံတော်တည်ဆောက်နိုင်သည်အထိ ငြိမ်းချမ်းရေးကို ဆွေးနွေးသွားကြရမည် ဖြစ် ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် EAO များ လက်တွေ့ကျကျ ပါဝင်နိုင်ရေးကိုလည်း ဆွေးနွေးနေကြောင်း၊ NCA စာချုပ်ချုပ်ဆိုခဲ့သည့်မှာ အောက်တိုဘာ ၁၅ ရက်တွင် ၈ နှစ်ပြည့်မည်ဖြစ်သဖြင့် အဆိုပါ NCA စာချုပ်ချုပ်ဆိုခဲ့သည့် ၈ နှစ်ပြည့်အခမ်းအနားကို လက်တွေ့ကျကျ အဓိပ္ပာယ်ရှိရှိ ကျင်းပလိုသည့်အစီအစဉ်များကိုလည်း ဆွေးနွေးလျက်ရှိကြောင်း ဒေါ်စောမြရာဇာလင်းက ပြောဆိုသည်။

 

#PeopleMedia


Share this post