NCA ၆ နှစ်ပြည့်တက်ရောက်ခဲ့ခြင်းသည် ABSDF ဗဟိုကော်မတီ၏ သဘောထားမဟုတ်ကြောင်း ယင်းအဖွဲ့ ထုတ်ပြန်

PUBLISHED - October 25, 2021
နေပြည်တော်၊ အောက်တိုဘာ ၂၅ (People Media)
တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း ၆ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ABSDF တက်ရောက်ခဲ့ခြင်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး ABSDF ဗဟိုကော်မတီ၏ သဘောထားမဟုတ်ကြောင်း ယင်းအဖွဲ့ ထုတ်ပြန်ထားသည်။
ယင်းအခမ်းအနားတွင် တက်ရောက်ပြောကြားချက်များသည်လည်း တက်ရောက်သူ၏ ပုဂ္ဂိုလ်ရေး ပြောကြား ချက်သာဖြစ်ပြီး၊ ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့ခြင်းသည် အခြေအနေအပေါ်မူတည်ပြီး ပါဝင်ဆောင် ရွက်ခဲ့သူများ၏ တာဝန်ယူ တာဝန်ခံမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း ABSDF ထုတ်ပြန်ထားသည်။
ယခု အောက်တိုဘာလ ၁၅ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည့် NCA ၆ နှစ်မြောက် အခမ်းအနားကို NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၁၀ ဖွဲ့ထဲမှ ABSDF အဖွဲ့ အပါအဝင် ၈ ဖွဲ့ တက်ရောက်ခဲ့ဖြစ်သည်။
Photo – MOI
#PeopleMedia #NCA
(unicode)
…………………………………………………………………
Photo – MOI
#PeopleMedia #NCA