NCA (၈) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်
PUBLISHED - October 12, 2023
နေပြည်တော်၊ အောက်တိုဘာ ၁၂
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်း အနားကို အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (MICC II) ၌ ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက MICC II တွင် အခမ်းအနားကျင်းပရန် ကြိုတင်ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ MICC II ရှေ့မျက်နှာစာတွင် ကျင်းပမည့်အခမ်းအနားတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ရန်နှင့် စက်ခလုတ်နှိပ် ဖွင့်လှစ်ရန် အစီအစဉ်နှင့် နေရာအခင်းအကျင်းတို့ကို ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် MICC-2 Lobby တွင် ခင်းကျင်းပြသမည့် နယ်စပ်ရေးရာ ဝန်ကြီးဌာနပြခန်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနပြခန်းနှင့် ပြန်ကြားရေး ဝန်ကြီးဌာနပြခန်းများဖြစ်ကြသည့် သတင်းစာများကပြောသော ငြိမ်းချမ်းရေးသမိုင်း မှတ်တမ်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဧ။်တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းနှင့် မြန်မာ့အသံ ရေဒီယိုတို့မှ တိုင်းရင်း သားဘာသာများဖြင့် ထုတ်လွှင့်မှုသရုပ်ပြခန်းတို့ ပြင်ဆင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ အခမ်းအနားတွင် ကပြဖျော်ဖြေကြမည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များ၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီး ဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံ ကြားတို့မှ အကအဖွဲ့များ ဇာတ်တိုက် လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ပြည်ထောင် စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဦးမောင်မောင်အုန်းတို့သည် အခမ်းအနားကျင်းပမည့် Plenary Hall တွင် အခမ်းအနားပြင်ဆင်နေမှု၊ LED ဘုတ်များတပ်ဆင်မှု၊ လျှပ်စစ်မီးနှင့် အသံပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့သည်။
#PeopleMedia