• Follow Us on

Home NCA (၈) နှစ်မြောက်အခမ်းအနားကို လက်မှတ်ရေးထိုးထားသည့်အဖွဲ့များအကုန်တက်နိုင်ရန်လိုပြီး၊ လက်မှတ် မထိုးထားသည့်အဖွဲ့များလည်း ငြိမ်းချမ်းရေးလိုချင်ပါကအခမ်းအနားကိုလာတက်ခြင်းအားဖြင့် ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်တွင် လျှောက်လှမ်း၍ရအောင်လမ်းခင်းရန်လိုဟု နစကဥက္ကဋ္ဌပြောကြား

NCA (၈) နှစ်မြောက်အခမ်းအနားကို လက်မှတ်ရေးထိုးထားသည့်အဖွဲ့များအကုန်တက်နိုင်ရန်လိုပြီး၊ လက်မှတ် မထိုးထားသည့်အဖွဲ့များလည်း ငြိမ်းချမ်းရေးလိုချင်ပါကအခမ်းအနားကိုလာတက်ခြင်းအားဖြင့် ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်တွင် လျှောက်လှမ်း၍ရအောင်လမ်းခင်းရန်လိုဟု နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၉

 

NCA လက်မှတ်ရေးထိုးသည့် ၈ နှစ်မြောက် အခမ်းအနားကို လက်မှတ်ရေးထိုး ထားသည့်အဖွဲ့များ အကုန် တက်နိုင်ရန်လိုပြီး၊ လက်မှတ်မထိုးထားသည့်အဖွဲ့များလည်း ငြိမ်းချမ်းရေးကို လိုချင်ပါက ယင်းအခမ်းအနားကို လာတက်ခြင်း အားဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်း၍ရအောင် လမ်းခင်းရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ တွင် နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

“လာမယ့် အောက်တိုဘာ လ ၁၅ ရက်နေ့ဟာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခြင်း၊ NCA လက်မှတ်ရေးထိုးသည့် ၈ နှစ်မြောက် နေ့ဖြစ်ပါတယ်။ ဒါကိုနိုင်ငံရေးအနှစ်သာရ ရှိရှိလုပ်ဖို့ရှိပါတယ်။ တိုင်းရင်း သားခေါင်းဆောင်တွေ လည်း လက်လှမ်းမှီသလောက် အကုန်ဖိတ်ပါတယ်။ ပြည်ပနိုင်ငံ တွေလည်းအခုဖိတ်နေပါပြီ။ တစ်ချို့လာနိုင် တယ်လို့လည်းပြောတာရှိတယ်။ တစ်ချို့ကတော့သူလည်း မလာနိုင်ဘူး၊ သို့သော်လည်း အဓိကကျတဲ့ သူတို့ကိုယ်စားလှယ်တွေလွှတ်ပေးမယ်လို့ ပြောတာတွေ ရှိပါတယ်။ ပြည်ပနိုင်ငံတွေက ဒီလိုသဘောထားရှိ လို့ရှိရင် ကျွန်တော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပိုပြီးလိုလားတဲ့စိတ်ရှိဖို့လိုတာပေါ့။ အထူးသဖြင့် လက်မှတ်ရေးထိုး ထားတဲ့အဖွဲ့တွေ အကုန်တက်နိုင်ဖို့လိုပါတယ်။ လက်မှတ်မထိုးထားတဲ့အဖွဲ့တွေကလည်း ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုလို့ရှိရင် ဒီအခမ်းအနားကို လာတက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်မှာ လျှောက်လှမ်းလို့ရအောင် လမ်းခင်းဖို့လိုပါ တယ်။ အမုန်းတရားတွေဖြစ်နေပြီးတော့ လုပ်နေမယ် ဆိုရင်တော့ တိုင်းပြည်နစ်နာဖို့ပဲရှိ တယ်။ ကျွန်တော်တို့ကတော့ Moving Forward ပဲ၊ ရှေ့ကိုသွားမှာပဲ။ ရသလောက် ကျွန်တော်လုပ်သွားမှာပဲ။ ရအောင်လုပ်သွားမယ်။ အဲ့ဒီတော့ ဒီအပေါ်မှာ ကျွန်တော်တို့ အားလုံး သံသယရှင်းရှင်း၊ အာဃာတကင်းကင်းနဲ့ လုပ်ကြမယ်ဆိုရင်တော့ ကျွန်တော်တို့ မျှော်မှန်းချက်လမ်းကြောင်း ကတော့ ရှောရှောရှုရှုရောက်မယ်ဆိုတာကို တွေ့ပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဖက်ဒရယ်စနစ်ကျင့်သုံးခြင်းနှင့်ပတ်သက်၍ လူမျိုးကိုအခြေခံသည့် ဖက်ဒရယ်ကို ဆောင်ရွက်ခြင်းမဟုတ်ဘဲဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကိုဆောင်ရွက်ရမည် ဖြစ် ကြောင်း၊ နိုင်ငံတကာတွင်လည်း ဖက်ဒရယ်စနစ်ကိုကျင့်သုံးလျက်ရှိသည့် နိုင်ငံများရှိသော်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျင့်သုံးမှုခြင်းတူညီမှုမရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံ၏အခြေအနေနှင့် လိုက်လျောညီထွေ ရှိသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံး ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အသက်ပေါင်းများစွာ ပေးဆပ်ပြီး မှသာ လွတ်လပ်ရေးရရှိခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းပြည်၏ပကတိအခြေအနေကို တိုင်းရင်းသား ပြည်သူများအား လုံး မှန်မှန်ကန်ကန်သိရှိရန်လိုပြီး ဒေသတစ်ခုချင်း၊ လူမျိုးတစ်မျိုးချင်း အကျိုးထက် တိုင်းပြည်၏အကျိုးကိုရှေး ရှု၍ဆောင်ရွက်ကြစေလိုကြောင်း၊ စစ်မှန်သည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်သွားကြ ရန်လိုကြောင်းဖြင့် ပြောကြားသည်။

 

#PeopleMedia


Share this post