• Follow Us on

Home NCA ကို တိုင်းရင်းသားအဖွဲ့များအားလုံး လက်မှတ်ရေးထိုးလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သက် ဆိုင်သူအားလုံးက ပြင်းပြသောဆန္ဒတို့ဖြင့် စုပေါင်းအကောင်အထည်ဖော်ကြရန် န-စ-ကဥက္ကဋ္ဌပြောကြား

NCA ကို တိုင်းရင်းသားအဖွဲ့များအားလုံး လက်မှတ်ရေးထိုးလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သက် ဆိုင်သူအားလုံးက ပြင်းပြသောဆန္ဒတို့ဖြင့် စုပေါင်းအကောင်အထည်ဖော်ကြရန် န-စ-ကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၃ (People Media)

 

NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး လက်မှတ်ရေးထိုးလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး တာဝန်ရှိသူ သက်ဆိုင်သူအားလုံးက မှန်ကန်သော စိတ်ရင်းစေတနာ၊ ပြင်းပြသောဆန္ဒတို့ဖြင့် တက်ညီ လက်ညီစုပေါင်း အကောင်အထည်ဖော်ကြရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ပေးပို့ခဲ့သည့်သဝဏ်လွှာ၌ အထက်ပါအတိုင်း ပြောဆိုထားသည်။

 

မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် ကရင်တိုင်းရင်းသားများနှင့် အနယ်နယ်အရပ်ရပ်ရှိ ကရင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်းများနှင့်အတူ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း များကို သားစဉ်မြေးဆက်လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း၊ ကရင်တိုင်းရင်း သားများ ဘိုးဘွားဘီဘင်အစဉ်အဆက် ထိန်းသိမ်းလာခဲ့ကြသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့ထုံးတမ်း၊ သမိုင်းအမွေအနှစ်များ လက်ဆင့်ကမ်းထိန်းသိမ်းလာကြသည့် ရိုးသားမှု၊ ကြိုးစားမှု၊ သစ္စာ ရှိမှု၊ တိကျပြတ်သားစွာ ဆောင်ရွက်တတ်မှုများကို နောင်အနာဂတ်တိုင်းရင်းသားလူငယ်များကလည်း ဆက် လက်ထိန်းသိမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံးအနေဖြင့် မိမိတို့၏ ကောင်းမြတ်သော အစဉ်အလာများကို အစဉ်အမြဲ ထိန်းသိမ်းစောင့်ရှောက်သွားမည်ဆိုပါက ပြည်ထောင်စုကြီး အရှည်တည်တံ့ခိုင်မြဲနေမည် ဖြစ်ကြောင်း၊ ကရင်တိုင်းရင်းသားများအနေဖြင့်လည်း ပညာနှင့်ယှဉ်သောသတ္တိ မေတ္တာနှင့်ယှဉ်သော ရဲရင့်ခြင်းများသည် ထားရှိအပ်သော မွန်မြတ်သည့်စိတ်ဓာတ်များဖြစ်သည်ဟု ရှုမြင်ကာ ပိုမိုကောင်းမွန် သောနှစ်သစ်ကို လက်တွဲပူးပေါင်းဖော်ဆောင်ကြရန် အလေးအနက်ဖိတ်ခေါ်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး အေးချမ်း သာယာဝပြောရေးတို့အတွက် အဓိကလိုအပ်ချက်မှာ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာရေးနှင့် နိုင်ငံအတွင်း ထာဝရငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း ထို့ကြောင့် တိုင်းရင်းသား  အားလုံးနှင့် သက်ဆိုင်သူအားလုံးက ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

#PeopleMedia #Peace #နစက

 

(unicode)


………………………………………………………………

 


 


 


 


 


 


 



Share this post