• Follow Us on

Home NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် သဘောတူစာချုပ်ပါ ကတိက ဝတ်များကို အလေးထားလိုက်နာရန်နှင့် စာချုပ်ပါ စည်းကမ်းချက်များကို ချိုးဖောက်လျှင် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း န-စ-က ထုတ်ပြန်

NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် သဘောတူစာချုပ်ပါ ကတိက ဝတ်များကို အလေးထားလိုက်နာရန်နှင့် စာချုပ်ပါ စည်းကမ်းချက်များကို ချိုးဖောက်လျှင် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း န-စ-က ထုတ်ပြန်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၃၁ (People Media)

 

NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် သဘောတူစာချုပ်ပါ ကတိကဝတ် များကို အလေးထားလိုက်နာ ဆောင်ရွက်သွားရန်နှင့် မိမိလက်အောက်ခံအဖွဲ့အစည်းများအပေါ်တွင်လည်း စာချုပ်ပါစည်းကမ်းများ လိုက်နာစေရေး ထိန်းသိမ်းသွားရန် တိုက်တွန်းကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်လိုက်သည်။

 

တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးကို ရှေးရှု၍ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် NCA သဘောတူညီချက်များကို တိကျစွာ လေးစားလိုက်နာလျက်ရှိသည့်အပြင် တစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကိုလည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ သက်တမ်းတိုးမြှင့်ထား ပြီးဖြစ်သည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်လည်း ငြိမ်းချမ်း ရေးနှင့်ပတ်သက်သည့် အစည်းအဝေးများ၊ ဆွေး နွေးပွဲများနှင့် အခမ်းအနားများ၌ နိုင်ငံတော်နှင့် ပြည်သူတို့ လိုအပ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်း တိကျစွာလိုက်နာသွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်တို့တွင်လည်း ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ငန်း အဖြစ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ငြိမ်းချမ်း ရေးလုပ်ငန်း စဉ်များ တိုးမြှင့်လုပ်ဆောင်နိုင်ရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုဗဟိုကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီများဖွဲ့စည်း၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များအတွက် လျင်မြန်လွယ်ကူထိရောက်စွာ ဆွေးနွေးဆောင်ရွက်နိုင်သည့် လမ်းကြောင်းများ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

သို့ဖြစ်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် သဘောတူစာချုပ်ပါ ကတိကဝတ်များကို အလေးထားလိုက်နာ ဆောင်ရွက်သွားရန်နှင့် မိမိလက်အောက်ခံအဖွဲ့အစည်းများအပေါ်တွင်လည်း စာချုပ်ပါစည်းကမ်းများ လိုက်နာစေရေးထိန်းသိမ်းသွားရန် တိုက်တွန်းကြောင်းနှင့် စာချုပ်ပါစည်းကမ်းများကိုကျူးလွန်ချိုးဖောက်မှု များနှင့်ပတ်သက်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးဆိုင်ရာဆောင်ရွက်ချက် များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia #KNU #Peace

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 

#PeopleMedia #KNU #Peace


Share this post