• Follow Us on

Home NDF ပါတီဥကၠ႒ ဦးခင္ေမာင္ေဆြ၏ ေရြးေကာက္ပြဲ ကတိကဝတ္မိန္႔ခြန္းကုိ ႏုိင္ငံပုိင္မီဒီယာမွ ျဖတ္ေထာက္မႈ မဟုတ္ဘဲ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ ျဖတ္ေထာက္မႈျဖစ္ေၾကာင္း ဦးခင္ေမာင္ေဆြ ေျပာဆုိ

NDF ပါတီဥကၠ႒ ဦးခင္ေမာင္ေဆြ၏ ေရြးေကာက္ပြဲ ကတိကဝတ္မိန္႔ခြန္းကုိ ႏုိင္ငံပုိင္မီဒီယာမွ ျဖတ္ေထာက္မႈ မဟုတ္ဘဲ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ ျဖတ္ေထာက္မႈျဖစ္ေၾကာင္း ဦးခင္ေမာင္ေဆြ ေျပာဆုိ

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၁၈
 
စက္တင္ဘာ (၁၆)ရက္ေန႔၌ ႏုိင္ငံပုိင္မီဒီယာျဖစ္သည့္ ျမန္မာ့အသံမွ ထုတ္လြင့္ေသာ NDF ပါတီ ဦးခင္ ေမာင္ေဆြ၏ ေရြးေကာက္ပြဲ ကတိကဝတ္မိန္႔ခြန္းကုိ ႏုိင္ငံပုိင္မီဒီယာမွ ျဖတ္ေတာက္မႈမဟုတ္ဘဲ ျပည္ ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ျဖတ္ေတာက္မႈျဖစ္ေၾကာင္း ဦးခင္ေမာင္ေဆြက ေျပာပါတယ္။
 
NDF ပါတီ၏ ေရြးေကာက္ပြဲ မိန္႔ခြန္းႏွင့္ ပတ္သက္ၿပီး စာသားမ်ားကုိ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္သုိ႔ တင္ျပရာတြင္ ေကာ္မရွင္က သုံးႀကိမ္တုိင္တုိင္ ျဖတ္ေတာက္ခဲ့ၿပီး က်န္ရွိ စာသားမ်ားသာ ေျပာဆုိခဲ့ရတယ္လုိ႔ ဦးခင္ေမာင္ေဆြက ေျပာပါတယ္။
 
ထုိသုိ႔ မိန္႔ခြန္းကုိ ျဖတ္ေတာက္ရာ၌ ႏုိင္ငံပုိင္မီဒီယာက ျဖတ္ေတာက္မႈ မဟုတ္ဘဲ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ကသာ ျဖတ္ေတာက္မႈျဖစ္ေၾကာင္း ဦးခင္ေမာင္ေဆြက ဆုိပါတယ္။
 
အဆိုပါျဖတ္ေတာက္ခံရသည့္ မိန္႔ခြန္းပါအခ်က္အခ်ိဳ႕မွာ “ယခုအခါတြင္ ျပင္ပပေယာဂေတြစြက္ဖက္လာ ၿပီျဖစ္တဲ့အတြက္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး ၾကန္႔ၾကာေနမယ္ဆိုရင္ အခ်ဳပ္အျခာအာဏာ တည္တံ့ေရးဟာ ရင္ေလးစရာျဖစ္ပါလိမ့္မယ္။ ဒါေၾကာင့္ ျပည္နယ္ေတြမွာ ဖက္ဒရယ္စနစ္နဲ႔ကိုက္ညီတဲ့ သယံ ဇာတအက်ိဳးအျမတ္ခံစားခြင့္ရရွိေရး၊ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရရွိေရး၊ အမ်ိဳးသားတန္းတူေရး၊ တစ္မ်ိဳးသားလုံး ညီၫြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးကို အမွန္တကယ္ေဖာ္ေဆာင္ႏိုင္မယ့္ အမ်ိဳးသားညီၫြတ္ေရးအစိုးရမ်ိဳးကို ရေအာင္ေရြးခ်ယ္ၾကဖို႔ တိုက္တြန္းခ်င္ပါတယ္။ ေနာင္အခါ ဖက္ဒရယ္ဆိုင္ရာအေျခခံဥပေဒျပန္ေရးဆြဲတဲ့အခါ အမ်ိဳးသားညီၫြတ္ေရးကို ေရွ႕ရႈၿပီး အမ်ိဳးသားလႊတ္ေတာ္နဲ႔ ျပည္သူ့လႊတ္ေတာ္၊ လႊတ္ေတာ္ႏွစ္ရပ္သာ ရွိသင့္ ေၾကာင္း ေျပာလိုပါတယ္”ဟု ေရးသားေဖာ္ျပထားသည္။
 
ဆက္လက္ၿပီး “ျမန္မာ့အခ်ဳပ္အျခာအာဏာကို ပထဝီႏိုင္ငံေရး၊ ပထဝီစီးပြားေရးအေၾကာင္းျပခ်က္ အမ်ိဳးမ်ိဳးနဲ႔ ထိပါးမႈကို ကာကြယ္ႏိုင္ရပါမယ္။ ဒါေၾကာင့္ ျပည္သူေတြဟာ ခိုင္မာျပတ္သားၿပီး ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ႏိုင္ မယ့္ အမ်ိဳးသားညီၫြတ္ေရးအစိုးရမ်ိဳးကို ေရြးခ်ယ္ၾကဖို႔ တိုက္တြန္းတိုက္ခ်င္ပါတယ္”စသည့္ စာသားမ်ား ျဖတ္ေတာက္ခံရတာ ျဖစ္ပါတယ္။
 
ထို႔အျပင္ ၎တို႔အေနႏွင့္ “လယ္လုပ္ရင္း ထမင္းငတ္ေနတဲ့ လယ္သမားေတြကို လ်စ္လ်ဴရႈထားရမွာလား၊ ျပည္သူကိုလယ္ စိုက္ေကြၽးၿပီး ႏိုင္ငံ့ဘ႑ာရွာေပးေနတဲ့ လယ္သမားေတြကို လ်စ္လ်ဴရႈမထားႏိုင္ပါဘူး”ဟုဆို သည့္ အခ်က္အလက္မ်ားကုိ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ျဖတ္ေတာက္လုိက္တာလည္း ျဖစ္ပါတယ္။
 
#PeopleMedia #NDF #2020elelction #ဦးခင္ေမာင္ေဆ
 
(unicode)
NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၏ ရွေးကောက်ပွဲ ကတိကဝတ်မိန့်ခွန်းကို နိုင်ငံပိုင်မီဒီယာမှ ဖြတ်ထောက်မှု မဟုတ်ဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဖြတ်ထောက်မှုဖြစ်ကြောင်း ဦးခင်မောင်ဆွေ ပြောဆို
…………………………………………………
 
ရန်ကုန်၊ စက်တင်ဘာ – ၁၈
 
စက်တင်ဘာ (၁၆)ရက်နေ့၌ နိုင်ငံပိုင်မီဒီယာဖြစ်သည့် မြန်မာ့အသံမှ ထုတ်လွင့်သော NDF ပါတီ ဦးခင် မောင်ဆွေ၏ ရွေးကောက်ပွဲ ကတိကဝတ်မိန့်ခွန်းကို နိုင်ငံပိုင်မီဒီယာမှ ဖြတ်တောက်မှုမဟုတ်ဘဲ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်မှုဖြစ်ကြောင်း ဦးခင်မောင်ဆွေက ပြောပါတယ်။
 
NDF ပါတီ၏ ရွေးကောက်ပွဲ မိန့်ခွန်းနှင့် ပတ်သက်ပြီး စာသားများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြရာတွင် ကော်မရှင်က သုံးကြိမ်တိုင်တိုင် ဖြတ်တောက်ခဲ့ပြီး ကျန်ရှိ စာသားများသာ ပြောဆိုခဲ့ရတယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။
 
ထိုသို့ မိန့်ခွန်းကို ဖြတ်တောက်ရာ၌ နိုင်ငံပိုင်မီဒီယာက ဖြတ်တောက်မှု မဟုတ်ဘဲ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကသာ ဖြတ်တောက်မှုဖြစ်ကြောင်း ဦးခင်မောင်ဆွေက ဆိုပါတယ်။
 
အဆိုပါဖြတ်တောက်ခံရသည့် မိန့်ခွန်းပါအချက်အချို့မှာ “ယခုအခါတွင် ပြင်ပပယောဂတွေစွက်ဖက်လာ ပြီဖြစ်တဲ့အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြန့်ကြာနေမယ်ဆိုရင် အချုပ်အခြာအာဏာ တည်တံ့ရေးဟာ ရင်လေးစရာဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ပြည်နယ်တွေမှာ ဖက်ဒရယ်စနစ်နဲ့ကိုက်ညီတဲ့ သယံ ဇာတအကျိုးအမြတ်ခံစားခွင့်ရရှိရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရှိရေး၊ အမျိုးသားတန်းတူရေး၊ တစ်မျိုးသားလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ်ဖော်ဆောင်နိုင်မယ့် အမျိုးသားညီညွတ်ရေးအစိုးရမျိုးကို ရအောင်ရွေးချယ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ နောင်အခါ ဖက်ဒရယ်ဆိုင်ရာအခြေခံဥပဒေပြန်ရေးဆွဲတဲ့အခါ အမျိုးသားညီညွတ်ရေးကို ရှေ့ရှုပြီး အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်၊ လွှတ်တော်နှစ်ရပ်သာ ရှိသင့် ကြောင်း ပြောလိုပါတယ်”ဟု ရေးသားဖော်ပြထားသည်။
 
ဆက်လက်ပြီး “မြန်မာ့အချုပ်အခြာအာဏာကို ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးအကြောင်းပြချက် အမျိုးမျိုးနဲ့ ထိပါးမှုကို ကာကွယ်နိုင်ရပါမယ်။ ဒါကြောင့် ပြည်သူတွေဟာ ခိုင်မာပြတ်သားပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင် မယ့် အမျိုးသားညီညွတ်ရေးအစိုးရမျိုးကို ရွေးချယ်ကြဖို့ တိုက်တွန်းတိုက်ချင်ပါတယ်”စသည့် စာသားများ ဖြတ်တောက်ခံရတာ ဖြစ်ပါတယ်။
 
ထို့အပြင် ၎င်းတို့အနေနှင့် “လယ်လုပ်ရင်း ထမင်းငတ်နေတဲ့ လယ်သမားတွေကို လျစ်လျူရှုထားရမှာလား၊ ပြည်သူကိုလယ် စိုက်ကျွေးပြီး နိုင်ငံ့ဘဏ္ဍာရှာပေးနေတဲ့ လယ်သမားတွေကို လျစ်လျူရှုမထားနိုင်ပါဘူး”ဟုဆို သည့် အချက်အလက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်လိုက်တာလည်း ဖြစ်ပါတယ်။
 
#PeopleMedia #NDF #2020elelction #ဦးခင်မောင်ဆွေ

Share this post