• Follow Us on
Latest News

Home Nissan ၆ ဘီးယာဉ်မှ ကာလတန်ဖိုးငွေကျပ် (၂၀) ဘီလီယံတန်ဖိုးရှိ အိုက်စ် (၁) တန် ဖမ်းဆီးရမိ

Nissan ၆ ဘီးယာဉ်မှ ကာလတန်ဖိုးငွေကျပ် (၂၀) ဘီလီယံတန်ဖိုးရှိ အိုက်စ် (၁) တန် ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ မတ် ၄

 

Nissan ၆ ဘီးယာဉ်မှ ကာလတန်ဖိုးငွေကျပ် ၂၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ တန် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မတ်လ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် မန္တလေး တိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ လယ်ကြီးပူးပေါင်းစစ်ဆေးရေး စခန်းတွင် မိုင်းလုံမှ မိုးကုတ်ဘက်သို့ မောင်းနှင် လာသည့် Nissan ၆ ဘီးယာဉ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်းဖြစ်သူ ဝေသူမှာ ထွက်ပြေးသွားခဲ့ ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်အား ဆက်လက်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်ကျန်ရှိသည့် ယာဉ်နောက်လိုက် အေးနိုင်(ခ)စိုးမြင့်နိုင် (၃၀) နှစ်နှင့်အတူ ဒေသကာလတန်ဖိုးငွေကျပ် ၂၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ တန် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်း ပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 

#PeopleMedia


Share this post