• Follow Us on
Latest News

Home NLD ပါတီကိုယ်စားလှယ်များမတက်ပါက ဒုတိယအကြိမ်လွှတ်တော် အထူးအစည်းအဝေးခေါ်ယူမှုသည် ဖြစ်မြောက်မည်မဟုတ်ဟု NLD ပါတီပြော

NLD ပါတီကိုယ်စားလှယ်များမတက်ပါက ဒုတိယအကြိမ်လွှတ်တော် အထူးအစည်းအဝေးခေါ်ယူမှုသည် ဖြစ်မြောက်မည်မဟုတ်ဟု NLD ပါတီပြော

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၂ (People Media)
လက်ရှိ ပြည်ခိုင်ဖြိုးပါတီ၊ တပ်မတော်နှင့် တိုင်းရင်းသားပါတီများပူးပေါင်းကာ ဒုတိယအကြိမ်ပြည်ထောင်စု လွှတ် တော်အထူးအစည်းအဝေးခေါ်ယူကျင်းပပေးရန်တင်ပြတောင်းဆိုမှုသည် NLD ၏ လွှတ်တော်ကိုယ်စားလှယ် များ မတက်ပါက အဆိုပါအစည်းအဝေးသည် အထမြောက်နိုင်မည်မဟုတ်ကြောင်း NLD ပါတီဗဟိုပြန်ကြား ရေးကော်မတီဝင် ဦးမုံရွာအောင်ရှင်မှ ပြောသည်။
ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးခေါ်ယူကျင်းပပေးရန် တပ်မတော်သာများအပါ အဝင် လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးက ဇန်နဝါရီ ၁၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်နာယကထံ စု စည်းတင်ပြတောင်းဆိုမှုနှင့်ပတ်သက်၍ မုံရွာအောင်ရှင်အား People Media မှ ဆက်သွယ်မေးမြန်းရာ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“လွှတ်တော်ခေါ်ပြီး တော့ ဘာတွေဆွေးနွေးမှာလဲ၊ ဘာတွေတောင်းဆိုမှာလဲ အဲဒီဟာတွေကို ကျွန်တော်တို့ လေ့လာရလိမ့်မယ်။ အကယ်၍ အများစုဖြစ်တဲ့ လွှတ်တော်ထဲမှာ အနိုင်ရပါတီကနေပြီးတော့ လွှတ်တော် မတက်ဘူးဆိုရင် အဲဒီလွှတ်တော် တကယ်အထမြောက်နိုင်သလား၊ အထမမြောက်နိုင်ဘူးလား ဒါတွေလည်း စဉ်းစားစရာတွေရှိတယ်။ ကျွန်တော့်အမြင်တော့ ဒီဒုတိယအကြိမ်လွှတ်တော်ခေါ်ဖို့ကိစ္စကတော့ သိပ်တော့ မဖြစ်မြောက်နိုင်တော့ဘူးလို့ ကျွန်တော်ထင်တယ်”ဟု NLD ပါတီဗဟိုပြန်ကြားရေးကော်မတီဝင် ဦးမုံရွာအောင် ရှင်မှ ပြောသည်။
ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးခေါ်ယူကျင်းပပေးရန် တပ်မတော်သာများအပါ အဝင် လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးက တင်ပြတောင်းဆိုသည့်အချိန်သည် တတိယအကြိမ် လွှတ်တော် ခေါ်ယူမည့်အချိန်နှင့် နီးကပ်နေကြောင်း ၎င်းကဆိုသည်။
“တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးအပါအဝင် တိုင်းရင်းသားအချို့က တောင်းဆိုတယ်ပေါ့။ လက်ရှိက လာမယ့် ဖေဖော် ဝါရီလ ၁ ရက်နေ့မှာ လွှတ်တော်ခေါ်မယ်ဆိုတော့ အချိန်ကသိပ်ကပ်နေပြီ” ဦးမုံရွာအောင်ရှင်မှ ပြောသည်။
လက်ရှိတွင် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်မကျင်းပခြင်းမှာ အခြားနိုင်ငံရေးအခက်အခဲအကြပ် အတည်းကြောင့်မဟုတ်ဘဲ ရွေးကောက်ပွဲကာလအလွန်တွင် တရားစွဲဆိုမှုများရှိနေသည့်အတွက် အလုပ်ရှုပ် နေကြခြင်းကြောင့် ဒုတိယအကြိမ်လွှတ်တော်မခေါ်နိုင်ခြင်းဖြစ်ကြောင်း ၎င်းအနေနှင့် ယင်းသို့ထင်မြင်မိသည်ဟု ဆိုသည်။
ပြည်ထောင်စုလွှတ်တော်မှ ရပ်နားထားသော ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးများကို ရွေးကောက်ပွဲ အပြီး ကျန်ရှိသည့် လွှတ်တော်သက်တမ်းကာလအတွင်း ဆက်လက်ကျင်းပရန် ခေါ်ယူခြင်းမရှိဘဲ ၂၀၂၀ ရွေး ကောက်ပွဲရလဒ်အရ အစိုးရအသစ်ဖွဲ့စည်းရန်နှင့် တတိယအကြိမ်လွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ကျင်းပရန် သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌများက ဇန်နဝါရီ ၆ ရက်နေ့တွင် အသိပေးကြေညာ ထားသည်။
#PeopleMedia
(unicode)
…………………………………………………….

Share this post