NLD ပါတီမှ တင်သွင်းထားသည့် ကန့်ကွက်လွှာ(၁၇)မှုတွင် ရွေးကောက်ပွဲသုံးကြိမ်အနိုင်ရထားသည့် မွန်ညီ ညွတ်ရေးပါတီမှ ဒေါက်တာအောင်နိုင်ဦး ပါဝင်နေကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့် အတည်ပြု

PUBLISHED - January 6, 2021
ရန်ကုန်၊ ဇန်နဝါရီ – ၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
NLD ပါတီမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်းထားသည့် ကန့်ကွက်လွှာ (၁၇) မှုတွင် ရွေးကောက်ပွဲ သုံးကြိမ်ဆက်တိုက် အနိုင်ရရှိထားသည့် မွန်ညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောက်နိုင်ဦးကို ကန့်ကွက်ထားသည့် အမှုတစ်ခုလည်း ပါဝင်နေကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောသသည်။
“ကန့်ကွက်လွှာ တင်ထားတာတော့ ဟုတ်ပါတယ်၊ ဘာကြောင့် ကန့်ကွက်လွှာတင်လည်းဆိုတာ အဆိုလွှာတွေ တောင်းထားတုန်းပဲ၊ သူတို့က ဗဟိုဥပဒေပြုအထောက်အကူပြုအဖွဲ့ကို အကြံတောင်းတဲ့ထဲမပါဘူး၊ မပါတော့ မသိနိုင်ဘူး၊ မြို့နယ်မှာဘဲ သူတို့ဘာသူတို့ စီစဉ်ပြီး တင်လိုက်တဲ့ ဟာဖြစ်လို့ပါ” လို့ ဒေါက်တာမျိုးညွန့်က ပြောသည်။
NLD ပါတီမှ ကန့်ကွက်လွှာ တင်သွင်းလိုက်ထားသည့် ဒေါက်တာအောင်နိုင်ဦးသည် လက်ရှိမွန်ပြည်နယ်လွှတ် တော် ဒုတိယဥက္ကဋ္ဌ ဖြစ်သည်။
ထို့အတူ ဦးအောင်နိုင်ဦးသည် ၂၀၂၀ ရွေးကောက်ပွဲ၌ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)နေရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဖြစ်သူ ဦးမင်းကျော်လွင်ကို အနိုင်ရရှိထားခြင်းဖြစ်သည်။
ဒေါက်တာအောင်နိုင်ဦးသည် ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် သုံးကြိမ်ဆက်တိုက် အနိုင်ရရှိ ထားသည့် ကိုယ်စားလှယ်တစ်ဦးဖြစ်သလို ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပူးပေါင်းပြီး ပဏိတဟံသာ (ထူးမြတ်သောဟင်္သာ) ဆု ချီးမြှင့်ခံထားရတစ်ဦးလည်းဖြစ်သည်။
Photo – ဒေါက်တာအောင်နိုင်ဦး (FB)
#PeopleMedia #ဒေါက်တာအောင်နိုင်ဦး
(unicode)
……………………………………………………………